ဖျော်ပြီးသူ့ကိုကော်ဖီခွက်လာချပေးပြီးတော့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ်။ခံစားချက်တွေက ကောင်းတာလိုလို မကောင်းတာလိုလိုပဲ။
"အမက Bordeaux မှာ မနေတော့ဘူးလား"
"အင်း ကောင်လေးက ဒီမှာအလုပ်လုပ်နေတော့ သူနဲ့ပဲ တူတူလာနေလိုက်တာ"
"အော် ကျွန်တော်ဒီရောက်တုန်းကတော့ ဖုန်းဆက်မလို့ပဲ...အမက ထပ်မဆက်သွယ်နဲ့ပြောတဲ့နေ့ ကတည်းက စကားလာပြောချင်တောင် မပြောမိအောင် နေခဲ့တာက အကျင့်ဖြစ်သွားရော"
"Ah huh ငါ့ကို သတိရနေခဲ့တာပေါ့"
ကျွန်မလဲ စသလိုလို နောက်သလိုလိုမေးလိုက်တယ်။တကယ်လဲ သိချင်နေတာပါ...
"အင်း ဒီလိုပါပဲ ခုလဲမြင်လိုက်ရတာနဲ့တန်းသိတယ်လေ မေ့သွားတာမှမဟုတ်တာ"
"ငါလဲမှတ်မိပါတယ်နော် နင့်ကို မမှတ်မိရအောင် အဘွားကြီးမဖြစ်သေးဘူး"
"ဟဲဟဲ လွမ်းနေခဲ့တာလို့ပြောရမလား အင်း သတိရနေခဲ့ပါတယ်"
ကျွန်မဟာ ဘာဆက်ပြောရမှာပါလဲ။
"တခြားကောင်မလေးတွေကိုရော သတိမရဘူးလား"
"မေးတတ်တယ် ဒီတိုင်းပါပဲ စိတ်ထဲတခါတလေ ဝင်လာတဲ့သူလေးတွေလဲရှိတာပေါ့"
"ဟုတ်ပါပြီ အခု single ပဲလား"
"အော် အမရယ် ကောင်မလေးရှိရင် အမတိုက်ခန်းထဲကို မဝင်ပါဘူးဗျာ"
"ငါကကျ ကောင်လေးရှိတယ်ကို"
"ဒါမဲ့ အမက ဝင်ခွင့်ပေးတယ်လေ"
ဘယ်လိုဖြစ်စေချင်နေတာလဲ။ဘာသဘော ဖြစ်သွားတာလဲ။ကို့ကိုယ်ကိုတောင် ကြောင်သွားတယ်။
"အဲ့တော့ အင်း ပြန်တော့လေ စားပြီးပြီမလား"
"စတာပါ အထုပ်တွေသယ်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ အထဲခေါ်ပြီး မုန့်ကျွေးတာမလား သိပါတယ်"
"အင်းပေါ့ အဲ့ကြောင့်တကယ်ပြောတာ စားပြီးရင်တော့ ပြန်တော့လေ"
"ဟုတ်ဗျ ပြန်လိုက်ပါမယ် အဲ့ဆို ဂရုစိုက်ပါ"
"အိုခေ နင်ရောပဲ"
YOU ARE READING
Olivia and Her Greatest Boy
Romanceမျှော်လင့်ခဲ့ရတဲ့ ဒီလိုအခိုက်အတန့်က ခုလို နှစ်ရှည်ကာလများစွာ ကြာမှာမှန်းသာ ကြိုသိခဲ့ရင်လေ သူ့ကိုပဲ သေချာ စောင့်နေခဲ့မိမှာပါ။အရမ်း သဘောကျရတာမို့ ဒီကောင်လေးကိုလေ အရမ်းအရမ်းကို သဘောကျခဲ့မိတာမို့...။