မိတ်ကပ်လိမ်းလေ့လိမ်းထမရှိတဲ့ Olivia တစ်ယောက်ကတော့ ဒီနေ့ည ၁၁ နာရီကြီးမှာ YouTube ထဲရောက်နေပါတယ်။ Korea blogger တစ်ယောက်ရဲ့ "My Everyday Natural Makeup Look"!
ရိုက်ရှာလိုက်တယ်။Steps တွေကို စိတ်ဝင်တစားလိုက်မှတ်ပြီးကို ကြည့်နေတာပါ။ကြည့်လဲပြီးရော မနက်ဖြန်အတွက် စိတ်ကူးယဉ်ပြီး အိပ်ပါတော့မယ်။"အိုလစ်ဗျား" အရင်းနှီးဆုံး သူငယ်ချင်း Alice က အဲ့လိုခေါ်တဲ့ ကျွန်မနာမည် အပြည့်အစုံကတော့ "Olivia Soe" "အိုလီဗီယာစိုး" ပါ။
ကျွန်မအဖေနဲ့အမေက မြန်မာဆိုပေမဲ့ ၂ ယောက်လုံးက ပြင်သစ်မှာပဲ အလုပ်လုပ်ကြတော့ သူတို့သမီးလေးမွေးလာတဲ့အခါ မေမေကြိုက်တဲ့ "အိုလီဗီယာ"ဆိုတဲ့နာမည်ရယ် ဖေဖေ့နာမည်နောက်ဆုံးစာလုံး "စိုး" ရယ်ကို ပေါင်းစပ်လိုက်ပါတယ်။
Wonderful isn't it🤩haha just kidding :3ပြင်သစ်က Bordeaux ('ဘောက်ဒု'အလွယ်ဖတ်
နည်းပါ😂) ဆိုတဲ့မြို့မှာ နေပါတယ် အသက်ကတော့ ၂၀ ရှိပါပြီ အလုပ်က တခါတလေ Youtube မှာ Self blogs လေးတွေတင်ရင် ပိုက်ဆံရပါတယ်။channel subscribers 23k တော့ရှိလာပြီ IG ကနေ handmade clothing and accessories တွေကို လုပ်တဲ့သူတွေကနေ တဆင့်ယူပြီး ပြန်ရောင်းပါတယ်။Facebook Page Boosting service နဲ့ ဒီကပစ္စည်းတွေကို မြန်မာဘက်ကိုပို့ပေးတဲ့ shipping service လဲလုပ်ပေးပါသေးတယ် ဟဲဟဲ။
ကျွန်မက ပြောရရင် ဒီမှာတော့ rich kid လို့ပြောရလောက်အောင်ထိ မနေနိုင်ပေမဲ့ မြန်မာနိုင်ငံသွားနေရင်တော့ မိဘပေးတဲ့မုန့်ဖိုးနဲ့တင် အလုပ်မလုပ်ပဲလဲ အေးဆေးထိုင်စားလို့ ရပါတယ်ပေါ့။သို့ပေမဲ့
ကျွန်မကတော့ ဒီမှာပဲ ကို့ဘာကိုရသလောက်လေး ရှာပြီး ဖေဖေမေမေနဲ့တူတူနေချင်ပါတယ်။
ဒါမဲ့အခုတော့ ကျွန်မ မြန်မာနိုင်ငံကို ရောက်နေတယ်နော် မန္တလေးမြို့ကိုရောက်နေပါတယ်။ကျွန်မအသားရေက ဖြူဥ နုဖက် အလကားစတာ နို့နှစ်ရောင်လေးပါ။အသားဖြူတာပဲရှိတာ ကျန်တာ ဗမာရုပ်ပါပဲ။မျက်လုံးဝိုင်းပြီး မျက်စံနက် ဆံပင်လဲအနက် နှုတ်ခမ်းကလဲ မထူမပါး ချစ်စရာလေး။အရပ်အားဖြင့် ၅ ပေ ၅ လက်မရှိပြီး မပြင်မဆင်နေတတ်ပေမဲ့ ဘာလုပ်လုပ် Active ဖြစ်နေတဲ့ ကောင်မလေးပါပေါ့။
မိတ်ကပ်မလိမ်းချင်ဘူး ကြိုက်လဲမကြိုက်ဘူး ဒါမဲ့ မနက်ဖြန် ကျွန်မ ကောင်လေးတစ်ယောက်နဲ့ချိန်းထားပါတယ်။လိမ်းသွားရင်ကောင်းမလားလို့လေ။
၁၄ နှစ်ထဲကတွဲလာတဲ့ ရည်းစားဟောင်းနဲ့ အသက် ၁၉ ကျော်မှာပြတ်သွားတော့ အသက် ၂၀ မပြည့်ခင် ၆ လနီးပါးကို အသည်းလဲကွဲရင်း အသစ်လေးတွေနဲ့လဲတွေ့ရင်းပေါ့။Dating App တစ်ခုကနေ ကောင်လေးတွေနဲ့ စကားပြောဖြစ်တယ် အဆင်မပြေတဲ့လူတွေ များတယ်ရယ်။အဲ့လိုနဲ့ လေးလလောက် နေ့တိုင်းနီးပါး စကားပြောလာတဲ့ ကောင်လေးပဲကျန်တော့တယ်။
သူက မြန်မာနိုင်ငံက နောက်ပြီး ကျွန်မအောက်လဲ ငယ်တယ်။သူ့နာမည်က အာကာတဲ့ ၂ လုံးထဲ။သူနဲ့ကျွန်မ တွေ့ဖို့စီစဉ်ထားတာ။ကျွန်မတို့က flirting zone ထဲပဲ ဆိုပေမဲ့ ကျွန်မသူ့ကို တအားသဘောကျတာပါ အခုသူနေတဲ့နေရာထိ ရောက်ချလာတာကိုပဲကြည့်လေ။ယောကျာ်းလေးဖြစ်ပြီး သူကလာမယ်မရှိဘူး မထင်ကြပါနဲ့။ ကျွန်မလာတွေ့တာကို သူထွက်ပြီးအတွေ့ခံပေးတာနဲ့တင် တော်တော်ကျေးဇူးတင်စရာကောင်းနေပြီ။
ကောင်လေးက နောက်ခံအသိုင်းအဝိုင်း ဩဇာကြီးတဲ့ထဲကဖြစ်ပြီး မားမားဘွိုင်းလေးဆိုတော့ နဲနဲတမျိုးဖြစ်တယ်ရယ်။သူက ကောင်မလေးတွေနဲ့ စကားပြောနိုင် ကြူနိုင်တယ် လိုင်းပေါ်ကနေ ။
ဒါမဲ့ရည်းစားမထားဘူး။ Sex experience ရှိဖို့နေနေသာသာ သူစိမ်းမိန်းကလေးရဲ့လက်တောင်မကိုင်ဖူးတဲ့ innocent လေး အော် innocent လို့တော့ ပြောလို့မရပါဘူးလေ သူက တချို့ကောင်မလေးတွေနဲ့ sex chat တွေ ရှိဖူးတယ်လို့ ကျွန်မကို ပြောပြဖူးတယ်။ ဒါကို ကြိုက်ရကောင်းလားလို့ မထင်လိုက်ပါနဲ့
ကျွန်မလဲ မကြိုက်ချင်ပါဘူး ဒါမဲ့သူက ကျွန်မကို ပျော်အောင်လုပ်ပေးနိုင်တော့ ခရေဇီဖြစ်မိတယ်။ပြီးကျ ကျွန်မက သူအပြင်ထွက်ပြီးတွေ့တာခံရမဲ့ First Girl ပဲလေ။မိတ်ကပ်လိမ်းဖို့ရာ Alarm ကို ၇ နာရီပေးထားပေမဲ့ Olivia တစ်ယောက် Alram ပိတ်ပြီး ပြန်အိပ်လိုက်တာ နိုးလာတော့ ၈ ခွဲ။
ဖုန်းဖွင့်ကြည့်လိုက်တော့ သူ့ဆီက "Morning ပါ အမ" တဲ့ ။
မောနင်းလို့ပြန်ပို့လိုက်ပြီးနောက်မှာတော့ ကျွန်မ ရေချိုးရပါမယ်။သို့သော် စာထပ်ဝင်လာတာက"Hotel နဲ့မျက်စောင်းထိုး လမ်းဘေးမှာ အနက်ရောင်ကား ရပ်ထားတာ ထွက်လာခဲ့လိုက်တော့နော်"
ဟမ်!!!!
"အခုလား"
"ဟုတ်တယ်လေ ကျွန်တော်မနက်စာပါ တူတူစားမလားလို့ စောထွက်လာတာ အခုတွေ့ဖို့ အဆင်မပြေလို့လား ပြန်လိုက်ရမလား"
"လာပြီ"
မိတ်ကပ်ကတော့မလိမ်းဖြစ်တော့ဘူး။ မျက်နှာသစ် Daycream လိမ်းပြီး Lip gloss ပဲဆိုးသွားတော့မလို့။ညကတော့ လေယာဉ်ဆင်းဆင်းချင်း ပင်ပန်းတာနဲ့ ရေမိုးချိုးထားတယ် မနံလောက်သေးပါဘူး။ ညကဝတ်အိပ်ထားတဲ့ pajama ခဲရောင် ဝမ်းဆက်နဲ့ပဲထွက်လာလိုက်တယ် ကျွန်မကတော့ :3
ခေါင်းတော့မဖြီးတော့ဘူးဆိုပြီး ဖြစ်သလို messy bun လုပ်ချ ဓာတ်လှေကားရှိရာမြန်မြန်သွား Hotel အောက်ရောက်ချလာတာပဲ။ဟိုဘက်လမ်းက ကားအနက်လေး မှန်တွေကအမဲရောင်တွေဆိုတော့ ကားထဲကလူကိုလှမ်းမမြင်ရဘူး အဝေးကနဲနဲမှုန်သေးတယ် မျက်မှန်ကတော့မေ့လာပြီ ကျွန်မကတော့။
အားးးးးးးးး
တော်တော် ဖို့ရို့ဖားရား နိုင်တဲ့ မနက်ခင်းပဲ။~To Be Continued~
YOU ARE READING
Olivia and Her Greatest Boy
Roman d'amourမျှော်လင့်ခဲ့ရတဲ့ ဒီလိုအခိုက်အတန့်က ခုလို နှစ်ရှည်ကာလများစွာ ကြာမှာမှန်းသာ ကြိုသိခဲ့ရင်လေ သူ့ကိုပဲ သေချာ စောင့်နေခဲ့မိမှာပါ။အရမ်း သဘောကျရတာမို့ ဒီကောင်လေးကိုလေ အရမ်းအရမ်းကို သဘောကျခဲ့မိတာမို့...။