Christian တစ်ယောက် ဘန်ကောက်ကို ကျောင်းသွားတက်တဲ့အချိန်ကစပြီး Olivia နဲ့ စကားမပြောဖြစ်ကြတော့ဘူး ။ကိုစိုင်းနဲ့ခင်သွားပြီး ၁ နှစ်ကြာမှာတော့ ကိုစိုင်းက Olivia ကို ချစ်ရေးဆိုခဲ့ပါတယ်။သူတို့က မြို့ချင်းမတူပေမဲ့ ကိုစိုင်းက Olivia ကို တအားသဘောကျတာကြောင့် ခဏခဏ တွေ့ရဖို့ကြိုးစားရင်း ချဉ်းကပ်ခဲ့တယ်။Olivia ဟာလဲ တစ်ယောက်ထဲ အထီးကျန်နေတဲ့အချိန် ကိုယ့်ကို နွေးနွေးထွေးထွေးနဲ့ အလိုလိုက်ပြီးဂရုစိုက်ပေးတဲ့သူရှိတာကို ပိုသဘောကျပုံရတယ်။အခုဆိုရင် Olivia နဲ့ကိုစိုင်းတို့ ချစ်သူတွေဖြစ်တာ ၁ နှစ်ပြည့်သွားပြီ။ကိုစိုင်းက Paris မှာပဲ အချေချနေဖြစ်သွားတာမို့ Olivia လဲ Bordeaux ကနေ ကိုစိုင်းနေတဲ့တိုက်ခန်းကိုပဲ ပြောင်းပြီးတော့ သူတို့ တူတူနေဖြစ်ကြတယ်။ကိုစိုင်းက လူကြီးဆန်တော့ အစစအရာရာကို နားလည်ပေးတယ်။ Olivia ကလဲ အရမ်းမဆိုးတဲ့သူမို့ သူတို့ ၂ ယောက် အချစ်ရေးလေးဟာ စိတ်ပူစရာမရှိခဲ့ကြဘူး။ ၂ ယောက်သား အလုပ်တွေကြိုးစားတယ်။ကိုစိုင်းက တိုက်ခန်းဖိုးကော စားစရိတ်ကော သူပဲ အကုန်ကျခံတယ်။ Olivia က သူတဝက်စိုက်ပေးမယ် ပြောပေမဲ့ ကိုစိုင်းက Olivia ရဲ့ စိတ်ကူးဖြစ်တဲ့ Clothing Brand တစ်ခု အကောင်အထည်ဖော်နိုင်ဖို့ကိုသာ ပိုက်ဆံစုစေတယ်။
~~
"ကို ဒီနေ့ပြန်လာရင် အပြင်သွားစားကြရအောင် Dinner Date မထွက်တာကြာပြီ"
"ဟုတ်တယ်နော် အဲ့ဆိုရင် အချစ်က ဒီနေ့ဘာလုပ်စရာရှိသေးလဲ။မနေ့ကပဲ order တွေ ပို့ထားပြီးပြီဆိုတော့ order အသစ်တွေကို စာပြန်ရုံပဲမလား"
"ဟုတ် ဒါမဲ့ Packaging ကကုန်တော့မှာမို့ Mall ကိုတော့ သွားဝယ်ရဦးမယ်။ကိုဘာမှာဦးမလဲ ဘာစားချင်လဲ လိုတာလေးတွေဝယ်ခဲ့မယ်"
"ဒါဆို ကြက်အူချောင်းနဲ့ Cheese နဲ့ ကုန်နေပြီ ဝယ်ခဲ့လိုက်တော့နော် ကိုယ်ပိုက်ဆံပေးခဲ့မယ်"
"အာ ရတယ် အဲ့တာလေးပဲဆို အချစ်ပဲဝယ်မယ်"
"သဘောသဘော အဲ့ဆို ကိုစောစောပြန်ခဲ့မယ် ဂရုစိုက်သွား"
"ဟုတ်ကဲ့"
တိုက်ခန်းနဲ့ Mall နဲ့က နီးတော့ လမ်းလျှောက်ပဲသွားဝယ်တယ်။သိပ်မနီးတဲ့ တချို့ဆိုင်တွေလဲ လမ်းပဲလျှောက်ဖြစ်တာများတယ်။ဒီမှာက ကားတွေ ဆိုင်ကယ်တွေထက် လမ်းလျှောက်သွားရတာက အကျင့်လိုကိုဖြစ်နေတော့လေ။
YOU ARE READING
Olivia and Her Greatest Boy
Lãng mạnမျှော်လင့်ခဲ့ရတဲ့ ဒီလိုအခိုက်အတန့်က ခုလို နှစ်ရှည်ကာလများစွာ ကြာမှာမှန်းသာ ကြိုသိခဲ့ရင်လေ သူ့ကိုပဲ သေချာ စောင့်နေခဲ့မိမှာပါ။အရမ်း သဘောကျရတာမို့ ဒီကောင်လေးကိုလေ အရမ်းအရမ်းကို သဘောကျခဲ့မိတာမို့...။