10:15 AM
Christian တစ်ယောက် Sushi ဆိုင်ထဲမှာ California တစ်ပွဲ၊Tuna နဲ့တစ်ပွဲ၊ကြက်ဥအပြင်လိပ်တစ်ပွဲရယ်၊ဂဏန်း salad နဲ့ နို့သာကူတို့ကို ပါဆယ်ဝယ်နေတုန်း Olivia ကတော့ ကားထဲနေခဲ့ပြီး သီချင်းနားထောင်နေလေရဲ့။
Send it to my phone Send it to my phone
လိုက်ဆိုနေတုန်း Christian ဝင်လာတော့ မျက်လုံးလေးအပြူးသားနဲ့ ခပ်သွက်သွက်လေး ပြုံးပြလိုက် တယ်။"အဆိုတော်ကြီး"
"ရတဲ့သီချင်းမို့ပါ ဟဲဟဲ"
"ကျွန်တော်စားနေကျလေးတွေပဲ ဝယ်လိုက်တာ အမကြိုက်မကြိုက် ပြန်ပြောနော် စားပြီးရင်"
"အိုခေပါ သိုင်းခယူး"
"ရပါတယ်ဆို အေးဆေး"
တွေ့မယ်ချိန်းတုန်းကလဲ ဘယ်သွားမယ်ဘာလုပ်မယ် မပြောပဲ ဒီတိုင်း Hotel ကို လာခေါ်လိုက်လို့ပဲ ပြောလိုက်တာ။အခုမနက်စာစားပြီးပြီဆိုတော့ ပြန်ပို့မယ်ထင်တယ် သူနဲ့တူတူထပ်နေချင်သေးပေမဲ့လဲ....
အပြန်တစ်လမ်းလုံး စကားသိပ်မပြောဖြစ်ပဲ လမ်းဘေးကိုသာ ကြည့်လာလိုက်တယ်။သူကလဲ ကားကိုပဲ အာရုံစိုက်မောင်းနေတာ။သူ့ဆီ ဖုန်းတစ် call တော့ ဝင်လာသေးတယ် သူ့သူငယ်ချင်းတစ်ယောက်ဖြစ်မယ်။Dota ဆော့ဖို့ ခေါ်တာ သူက အပြင်ရောက်နေကြောင်းနဲ့ အိမ်ပြန်နေပြီဖြစ်ကြောင်း / ရောက်တာနဲ့ဂိမ်းထဲဝင်ခဲ့မယ် ဆော့နှင့်လို့တော့ ပြောတယ်။ တအောင့်ကြာမှ..
"မမ ဒီနေ့ဘာလုပ်မှာလဲ ဘယ်သွားစရာရှိသေးလဲ"
"Ah Nothing Special ! အေးဆေးနားပြီး အခန်းအောင်းမလားလို့"
"ဟုတ်ပါပြီ ကျွန်တော်အိမ်ရောက်ရင် ဂိမ်းဆော့လိုက်ဦးမယ် ပြီးရင်စာပို့လိုက်မယ်"
"ရတယ် အေးဆေးဆော့"
"ဟုတ်ကဲ့ အဲ့ဆို အေးဆေးအနားယူပါဗျ"
၂ ယောက်လုံး ထပ်တွေ့ဖို့ကို စကားမစမိဘူး။ဒီလိုတွေ့ဖို့တောင် ကျွန်မက စပြောတာ ထပ်တွေ့ဖို့တော့ မပြောတော့ဘူး။ တော်ကြာ သူ့ကိုတော်တော်ဖြစ်နေတယ် ထင်နေဦးမယ် တကယ်ဖြစ်နေတာဆိုပေမဲ့လဲပေါ့ :3
Hotel အပေါက်ရှေ့ ကားရပ်ပေးပြီး sushi တွေ ပေးရင်းနဲ့ "ကောင်းကောင်းစားနော် မမ" တဲ့။
ကျွန်မလဲ "ဟုတ်ပြီ ခလေးလေး" လို့ပြောရင်း ရီပြပြီး သူ့ကိုကျောခိုင်းကာ ဟိုတယ်ထဲပဲဝင်လာခဲ့တယ်။
YOU ARE READING
Olivia and Her Greatest Boy
Romanceမျှော်လင့်ခဲ့ရတဲ့ ဒီလိုအခိုက်အတန့်က ခုလို နှစ်ရှည်ကာလများစွာ ကြာမှာမှန်းသာ ကြိုသိခဲ့ရင်လေ သူ့ကိုပဲ သေချာ စောင့်နေခဲ့မိမှာပါ။အရမ်း သဘောကျရတာမို့ ဒီကောင်လေးကိုလေ အရမ်းအရမ်းကို သဘောကျခဲ့မိတာမို့...။