Olivia ဟာ ကိုစိုင်းဖောက်ပြန်တာကို လက်ပူးလက်ကြပ် မိသွားတဲ့အခါမှာတော့ ဘာပြသနာမှ ထွေထွေထူးထူးလုပ်မနေပဲ ထိုနေရာကနေသာ ထွက်လာခဲ့ပါတယ်။သူမ နောက်ကို ကိုစိုင်းက ပြေးလိုက်ခဲ့တယ်။
"အချစ် ခဏ ခဏလေး"
သူမ လက်ကို ဆွဲထားပြီးပြောတယ်။
"လွှတ် ကျွန်မမှာထပ်ပြီး ပြောစရာစကား မရှိဘူး"
"ကို့ကို အခွင့်အရေးတစ်ခုပဲ ထပ်ပေးပါကွာ နော်။ဒီလို အမှားမျိုး ထပ်မဖြစ်စေရဘူး တကယ် မဖြစ်စေရတော့ဘူး။ခုချက်ချင်း သူ့ကို ပြန်ခိုင်းမယ် လာအချစ် လာ"
Olivia ကို ကိုစိုင်းက အခန်းစီပြန်ဆွဲခေါ်လာတယ်။ပြီးတော့ ပြင်သစ်မလေးကို ပြန်ဖို့ပြောတယ်။အဲ့ကောင်မလေးကလဲ သူ့ပိုက်ဆံအိတ်ရယ် ရုံးကဖိုင်တချို့ရယ်ကို ယူပြီး တိုက်ခန်းထဲကနေထွက်သွားတယ်။Olivia ကိုလဲ မျက်စောင်းထိုးသွားလေရဲ့။
"စိတ်ကိုလျှော့ပါ အချစ်ရယ်"
"ဘယ်လိုပြောထွက်နိုင်တာလဲ စိတ်လျှော့ဖို့ကို။ကျန်တာတွေသည်းခံနိုင်တယ် အဲ့လို cheat လုပ်တာကို ကျွန်မ......အမုန်းဆုံး အမုန်းဆုံး အမုန်းဆုံးပဲလို့ ကိုစိုင်းကို အကြိမ်ကြိမ်ပြောခဲ့တယ်။"
Olivia စိတ်တွေလဲတိုပြီး မျက်ရည်တွေလဲကျကျနဲ့ ကိုစိုင်းရင်ဘတ်ကို တအုန်းအုန်းရိုက်ထုပြီး ပြောနေရှာတယ်။
"ကိုသိပါတယ် ကိုသိတယ် အဲ့ကြောင့် ကိုတောင်းပန်ပါတယ် ကိုမှားတာပါကွာ ကိုအသုံးမကျတာ။စိတ်ကို အတတ်နိုင်ဆုံးထိန်းခဲ့ပေမဲ့..."
ကိုစိုင်းတစ်ယောက်လဲ မျက်ရည်တွေဝဲလျက်ပေါ့။
"သိတယ် စိတ်ကိုထိန်းခဲ့မှာကိုသိတယ်"
"ကိုတောင်းပန်ပါတယ် ဘယ်လိုလုပ်ပေးရင် အဆင်ပြေနိုင်မလဲဟင် ဒီဆက်ဆံရေးကို မပျက်စီးစေချင်ဘူး။မင်းတစ်ယောက်ကိုပဲ ကို့ဇနီးဖြစ်လာစေချင်တယ်"
"ကျွန်မလဲ တခြားတစ်ယောက်နဲ့ အဲ့လိုနေချင်တယ်"
"အချစ် မင်းဘာပြောလိုက်တာလဲ"
"အင်း ဒါဖြစ်သင့်တာပဲမလား။"
"တခြားနည်းလမ်း မရှိတော့ဘူးလား"
YOU ARE READING
Olivia and Her Greatest Boy
Romanceမျှော်လင့်ခဲ့ရတဲ့ ဒီလိုအခိုက်အတန့်က ခုလို နှစ်ရှည်ကာလများစွာ ကြာမှာမှန်းသာ ကြိုသိခဲ့ရင်လေ သူ့ကိုပဲ သေချာ စောင့်နေခဲ့မိမှာပါ။အရမ်း သဘောကျရတာမို့ ဒီကောင်လေးကိုလေ အရမ်းအရမ်းကို သဘောကျခဲ့မိတာမို့...။