Chapter-(5)

37 5 3
                                    

Unicode

အပိုင်း - (၅)
~~~~~~~~~

"ငါ့သားပျောက်တဲ့အမှုကို ကိုင်တွယ်နေတဲ့ အမှုလိုက်က ဘယ်သူလဲ? ချက်ချင်း ငါ့ရှေ့ကိုလာဖို့ပြောလိုက်.. အခုချက်ချင်း!!!"

ရဲစခန်းတစ်ခုပီပီ ဘယ်တော့မှ တိတ်ဆိတ်ငြိမ်သက်ခြင်း ဟူ၍မရှိပေမဲ့ ဒီတစ်ခေါက်ဖိအားမှာ အတော်လေးပြင်းထန်နေ၏ ။ အောက်ခြေရဲသားမှအစ စခန်းမှူးအလယ် ရဲမှူးကြီးအဆုံး အမိန့်ဆန်ဆန် စကားတစ်ခွန်းအောက် ပြာယာခတ်နေကြရှာသည်။

ဒီတစ်ခေါက် အမှုက ကြီးသည်။ လက်ရှိအာဏာရပါတီ နာမည်ကျော် ရွေးကောက်ခံအမတ်၏ သား ပျောက်ဆုံးနေသည်မှာ (၅)ရက်ခန့်ရှိပြီ ဖြစ်ပြီး အခုထိတိုင် သဲလွန်စတစ်ခုတစ်လေရဖို့ရန်မပြောနှင့် အသိပေးချက်တစ်ခုတောင် ရရှိမနေပါပေ။ ဒီရက်အတွင်း ငွေရရှိဖို့ရန်ပြန်ပေးသမားမှ ဆက်သွယ်ခြင်းမရှိသည့်အတွက် ငွေအတွက်ပြန်ပေးဆွဲခြင်းလည်းမဖြစ်နိုင်။ တစ်ဦးတည်းသော သားဖြစ်သည်နဲ့အညီ အမတ်မင်း၏ စိတ်ခံစားချက်မှာလည်း သာမာန်ထက်ပို၍ ပြင်းထန်နေပုံ ရ၏ ။ မနက်ထဲကပင် တာဝန်ကျရာ ရဲစခန်းသို့ရောက်လာပြီး သောင်းကျန်းနေခြင်း ဖြစ်သည်လေ။

"ငါပြောတာ နားမလည်ဘူးလား? အခုချက်ချင်းခေါ်ခဲ့လို့ ပြောနေတယ်လေ။ ဘာလဲ ငါ့စကားကိုလျစ်လျူရှူတာလား ဟုတ်လား။ လူအိုကြီးတစ်ယောက်ရဲ့ စကားမို့ နားမထောင်ချင်ဘူးပေါ့၊ စောက်သုံးမကျတဲ့ကောင်တွေ။ ငါ့သားသာ တစ်ခုခုဖြစ်ရင် မင်းတို့ထဲကဘယ်ကောင်မှ အေးဆေးနေရမယ်မထင်နဲ့!!!"

"တတ်နေခ ဘယ်မှာလဲ?"

ရဲမင်းကြီးခမျာ သောင်းကျန်းနေသော အမတ်မင်းမသိအောင် ဘေးနားက စခန်းမှူးနားကပ်ပြီး တိတ်တိတ်လေးမေးရှာသည်။ စခန်းမှူးမှာလည်း မျက်နှာမကောင်းလှ။ ငိုမဲ့မဲ့ ရုပ်နှင့် ဖြေရှာ၏ ။

"မသိပါဘူး..."

"တယ်... ဒီကောင်ကလည်း ဒီလိုအချိန်မှ ပျောက်နေရသလား။ ဒီလောက်အရေးကြီးနေတာကို နားမလည်ဘူးလား? မြန်မြန်တစ်ယောက်ယောက်ကိုအရှာလွှတ်လိုက်၊ မဟုတ်ရင် မင်းရောငါရော ဒီနေ့ စျာပနာပွဲကျင်းပနေရလိမ့်မယ်"

"ရဲမင်းကြီး ကျွန်တော့်ကို ရှာတယ်ဆိုလို့"

ရဲမင်းကြီးဆုတောင်းတို့ ပြည့်သွားရှာဟန်တူသည်။ မောင်မင်းကြီးသား တတ်နေခအသက်ရှည်ဦးမည်။ ပြောနေရင်းပင် တံခါးမှဝင်ရောက်လာသည်လေ။

မိုး... ေလရိပ္ဆင္(မိုး...လေရိပ်ဆင်)Where stories live. Discover now