Unicode
ဒီစာရေးသူမှာပြောစရာရှိတယ်!!
အခုဆို "မိုး...လေရိပ်ဆင်" ရဲ့ Volume.1 ပြီးသွားပြီပေ့ါနော်။ "မိုး...လေရိပ်ဆင်" ကို ၂၀၂၀၊ ဒီဇင်ဘာမှ ရေးဖို့အတွေးရခဲ့ပြီး Plot line စချခဲ့တယ်။ ၂၀၂၁၊ ဇန်နဝါရီမှာ စရေးဖြစ်ခဲ့တယ်။ အပိုင်း-(၁) မှာထဲက အမ Start Date ထည့်ပေးထားပါတယ်။
"မိုး...လေရိပ်ဆင်" မှာ လောလောဆယ်တော့ အဓိက Volume. (၅)ခုရှိမယ် ခန့်မှန်းပေမဲ့ မသေချာသေးဘူး။ ရေးရင်းနဲ့ လိုတိုးပိုလျော့ ဖြစ်သွားနိုင်တယ်။
အဓိကပြောချင်တာက "မိုး...လေရိပ်ဆင်" ကို လူဖတ်များလာတာနဲ့ အငြင်းပွားစရာဖြစ်လာနိုင်တဲ့ အရာ။
"မိုး...လေရိပ်ဆင်" ဟာ Thriller & Criminal အမျိုးအစားမို့ အဓိကဇာတ်ကောင် 'တတ်နေခ' အပါအဝင် ဇာတ်ကောင် အတော်များများဟာ 'ရဲ' ဇာတ်ကောင်တွေဖြစ်နေခဲ့တယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ ဒီဇတ်ကောင်မျိုးဟာ လက်မခံနိုင်စရာဖြစ်လို့ အမ ရေးခဲ့ရင် ရှုတ်လာနိုင်တယ်ဆိုတာ သိတယ်။ အဲ့တာကြောင့်လည်း ရေးပြီး Update တစ်ခါတင်ဖို့ တော်တော်လေးခေါင်းစားခဲ့ရတယ်။ဒါပေမဲ့ အမ ဘာကြောင့်ဆက်ရေးဖြစ်ခဲ့လည်းဆိုတော့
နံပါတ်(၁) "မိုး...လေရိပ်ဆင်" ရဲ့ Timeline...သေချာဖတ်ခဲ့တဲ့သူဆို သတိထားမိလိမ့်မယ်။ "မိုး...လေရိပ်ဆင်" ထဲမှာပါတဲ့ Timeline ဟာ လက်ရှိ အချိန်အခါ Timeline မဟုတ်ပါဘူး။ လက်ရှိခေတ်ထက် ပိုမိုတိုးတတ်နေတဲ့ မြန်မာပြည်၊ နိုင်ငံတကာနဲ့ လက်တွဲပြီး အလုပ်လုပ်နေတဲ့ အချိန်အခါတစ်ခုဖြစ်ပါတယ်။ 'တတ်နေခ' ရဲ့ ရာထူးဟာ အပြည်ပြည်ဆိုင်ရာ ထောက််လှမ်းရေးတတ်ဖွဲ့က စုံထောက်တစ်ယောက်ဖြစ်ပြီး၊ အကြောင်းအရင်းတစ်ခုကြောင့် မြန်မာနိုင်ငံပြန်လာရာက Nothing အမှူကြောင့် အထူးစုံစမ်းရေးအဖွဲ့ရဲ့ အဖွဲ့မှူးအဖြစ်တာဝန်ယူ လိုက်ရတာပါ။ Nothing အမှူပြီးတာနဲ့ မူလ သူနေထိုင်ရာ တာဝန်ကျရာဖြစ်တဲ့ အမေရိကားကို ပြန်မယ့်သူ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံ ရဲတွေဟာ နိုင်ငံရေးအခြေအနေကို ဖယ်ကြည့်ရင်တောင် အခုလို နိုင်ငံတကာ အသိအမှတ်ပြုမှုရပြီး ခက်ခဲတဲ့အမှူတွေကို အတူဖြေရှင်းပေးသွားတဲ့ အခြေအနေမှာ မရှိပါဘူး။
YOU ARE READING
မိုး... ေလရိပ္ဆင္(မိုး...လေရိပ်ဆင်)