Chapter-(3)

54 3 0
                                    

အပိုင်း - (၃)

~~~~~~

အလုံပိတ်ထားသောအခန်းတံခါးဟာ အထဲမှတစ်စုံတစ်ယောက်၏ ထုရိုက်မှုကြောင့် အသာလှုပ်ရှားနေပါသော်လည်း အသံလုံအခန်းမို့ထင် ထုရိုက်သံတွေမှာ အပြင်ဘက်သို့ ထွက်မလာပါပေ။ တစ်ဖက်မြင်မှန်သားကိုဖြတ်၍ မြင်နေရသော တစ်ဖက်ပုံရိပ်သည် အသက်ရှင်သန်ချင်မှု ပြင်းပြစွာ အခန်းငယ်ထဲ လွတ်လမ်းကိုအသည်းအသန်ရှာဖွေနေသည်လေ။

သို့သော် ဘယ်လောက်ပင် ထုရိုက်ပါသော်ငြား လာကယ်မည့်သူမရှိ နတ္တိပင်။ လေးဘက်လေးတန်သော အခန်းနံရံတွေသည် အသက်ရှူပေါက်ပင် မရှိလောက်အောင်မို့ မွန်းကြပ်သလိုပင် ခံစားလာရသည်။ သန့်စင်ဖြူစင်သော သဘောကိုဆောင်ပါသည့် အဖြူရောင်နံရံတွေဟာ ဒီနေ့ကျမှ ခြောက်ခြားဖွယ်ရာအတိ ဖြစ်လို့နေသည်။

သူ့ဦးနှောက်၏ အလိုလိုသိစိတ်က ပြောနေသည်။ ဒီအခန်းထဲကသာ မထွက်နိုင်ခဲ့ရင် သူမကြာခင်သေရတော့မည်။ ဒီလေးထောင့်ဆန်ဆန်အခန်းကျဉ်းလေးထဲ သူမှလွဲ၍ အခြားသူမရှိပေမဲ့ ထိုသည်ကပင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်း၏ ။ အရောင်စွန်းထင်းခြင်းမရှိသော အဖြူရောင်နံရံတွေဟာ သူ့စိတ်ကိုခြောက်ခြားစေသည်။ မည်သည့်အရာမှမရှိခြင်းသည်ပင် သူ့ကိုသတ်နိုင်သည့်လက်နက်အလားပင်။

"ကယ်...ကယ်ကြပါဦး! ကယ်ကြပါ... ကျွန်တော့်ကို ဒီက ကယ်ပေးကြပါ!!"

လည်ချောင်းကွဲမတတ် ငိုယိုအော်ဟစ်နေပါသော်လည်း အချိန်တို့ကြာလာသည့်တိုင် သူဟာ ဒီအခန်းထဲတွင် ဒီအတိုင်းရှိနေမြဲပေ။ လက်မခံချင်ပါသော်ငြား ကယ်တင်မယ့်သူမရှိဆိုသည်ကို တစ်ဖြည်းဖြည်းလက်ခံလိုက်ရသည်။

ငိုသံတွေဟာ တိုးတိတ်လာသည်။ သူအရမ်းပင်ပန်းနေပြီ။ မှန်တံခါးနှင့် နံရံတွေဟာလည်း သူ့လက်တွေပေါက်ပြဲတဲ့အထိ ထုရိုက်ခဲ့ပေမဲ့ တစ်ချက်တောင် လှု့ပ်ရှားမှုမရှိခဲ့။

'ငါ ဒီနေရာမှာ ဒီအတိုင်းသေရတော့မှာလား?'

ဒီအတွေးဟာ သူ့ကိုနာကျင်စေသည်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့သည့်နေ့ရက်တွေလည်း ပြန်မရနိုင်တော့သည်ပေ။ သူလိုတိုင်း တတိုင်းရစေခဲ့သော အမေ့ကိုလွမ်းလာသည်။ တစ်ချက်မှမတည့်ပေမဲ့ သူလုပ်သမျှ မကောင်းသည့်အရာတွေကို နောက်ကွယ်ကနေ တိတ်တဆိတ်ဖြေရှင်းပေးတတ်တဲ့ အဖေ့ကိုလည်း လွမ်းသည်။ သူ အိမ်က ထွက်မလာခင်အချိန်ကပင် တစ်နေ့ညက Club မှာရန်ဖြစ်ခဲ့တာ အဖေသိသွား၍ ဆူတော့ သူနဲ့စကားများခဲ့သေးသည်။

မိုး... ေလရိပ္ဆင္(မိုး...လေရိပ်ဆင်)Dove le storie prendono vita. Scoprilo ora