အပိုင်း - (၇)
~~~~~~~
ပန်းရောင်ပူဖောင်းလေး >>> ချိုကြီးရေ...!!! နင်အခုတစ်လော တော်တော်ဖြစ်နေလား? ငါ့ New feed တစ်ခုလုံးလည်း နင့် Post တွေချည်းပဲ။
ငါမင်းသမီး >>> ဟုတ်ပါ့ဟယ်။ ကြည့်ချင်တာလေးရှိလို့ လိုင်းပေါ်တတ်လာရင် သူ့ဟာတွေချည်း တော်တော်ကျော်ခွနေရတယ်။
ဂျန့်ဂျန့်လှလှလေးချိုချို >>> ငါက အားအားယားယား တင်နေတာမဟုတ်ဘူးဟဲ့၊ စီးပွားရေးလုပ်နေတာ။ နားလည်လား?
ပန်းရောင်ပူဖောင်းလေး >>> တစ်နေ့တစ်နေ့ စျေးရောင်း Post တွေ အခု ၅၀လောက်တင်နေတာ စီးပွားရေးလား? နင်ရောင်းရော ရောင်းရလို့လား?
ဂျန့်ဂျန့်လှလှလေးချိုချို >>> ရောင်းရတယ်ဟဲ့... ရောင်းရတယ်။ ငါက မနက်ဖြန်ဆို lv.5 တောင်တတ်တော့မှာ။ နင်ဘာသိလို့လဲ။
ငါမင်းသမီး >>> ဟုတ်လှချည်လား? ချိုကြီးက ဒီအတိုင်းဆို ထောနေတာပဲ။ နင် တစ်ဝိုင်းလုပ်လိုက်တော့။
ဂျန့်ဂျန့်လှလှလေးချိုချို >>> စိတ်ချ! ငါ level တတ်ပြီး leader ဖြစ်သွားရင် နင်တို့ကို ဟော့ပေါ့ဆိုင်ခေါ်သွားပြီး ဟော့ပေါ့အိုးထဲ နှစ်, သတ်ပြစ်မယ်။
ပန်းရောင်ပူဖောင်းလေး >>> အမလေး... မထင်! မထင်!
ဂျန့်ဂျန့်လှလှလေးချိုချို >>> ဟဲ့ လွင်မာဦးအစုတ်ပလုတ်မ။ ဘာကိုမထင်တာလဲ? နင်က ငါ့ကိုအထင်သေးတာလား? အေး...ကြည့်နေ ငါအောင်မြင်တဲ့နေ့ နင့်ကိုဖယ်ထားပြစ်မယ်။
ပန်းရောင်ပူဖောင်းလေး >>> သဘော... မယ်တော်ချောရေ၊ ငါလည်း နင့်ဆီက စားဖို့မျှော်လင့်နေတာမဟုတ်ဘူး။
ဂျန့်ဂျန့်လှလှလေးချိုချို >>> နင်...နင်... !
ဝန်းရံခ Project အတွက် စာရှာဖို့လိုင်းတတ်လာချိန် တတောင်တောင်နဲ့ ပွဲစည်နေတဲ့ Group Chat ကြောင့် ဝင်ကြည့်မိသွားသည်။ ထင်သည့်အတိုင်းပင် သူ့ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်နေကြတာပေ။
YOU ARE READING
မိုး... ေလရိပ္ဆင္(မိုး...လေရိပ်ဆင်)