အပိုင်း - (၆)
~~~~~~~
တတ်နေခတို့ အခင်းဖြစ်ရာရောက်တော့ စပ်စုလိုသူ မြို့ခံတစ်ချို့နှင့် တစ်အုန်းအုန်းဖြစ်နေသည်။ သတင်းထောက်အချို့ကလည်း ဘယ်အချိန်ထဲက ဘယ်လို့ အနံ့ရသည်မသိ၊ သတင်းထူးကို မိမိတို့အရင်ရိုက်ကူးနိုင်ဖို့သာ တာဆူနေကြ၏ ။
အရင်ရောက်နေသည့် မြို့ခံရဲတပ်ဖွဲ့ဝင်တွေကြောင့်သာ တော်ရော့သည်။ 'Police' တံဆိပ်ပါ အဝါရောင်စည်းကြိုးဖြင့် အခင်းဖြစ်ရာနေရာကို တားမြစ်ထားပြီး မြို့ခံရဲတပ်ဖွဲ့ဝင်၏ ရဲဝန်ထမ်းအချို့က အစောင့်အဖြစ်ရှိနေသည်ပေ။ တတ်နေခတို့ မိမိတို့၏ ကိုယ်ပိုင် ရဲတပ်ဖွဲ့ဝင်တံဆိပ်ကို ထုတ်ပြလိုက်ပြီး တားမြစ်စည်းကြိုးကို ဖြတ်ကာ ဝင်လိုက်သည်။
မှုခင်းဆေးသိပွံအဖွဲ့က မိမိတို့ထက်စောရောက်နေချပြီ။ အခင်းဖြစ်ရာနေရာကို သက်သေခံဓာတ်ပုံရိုက်ယူနေကြပြီး အချို့က အလောင်းစစ်ဆေးနေကြသည်။ တတ်နေခတို့ ဝင်လာတာတွေ့တော့ မြို့ခံရဲတပ်ဖွဲ့က စုံထောက်နဲ့အတူ မှုခင်းဆေးသိပွံရဲ့ တာဝန်ရှိသူက အခင်းဖြစ်ရာမှ ထလာပြီး တတ်နေခတို့ရှိရာလျှောက်လာလေသည်။
"အထူးစုံစမ်းရေးအဖွဲ့(၂)က အဖွဲ့မှူးတတ်နေခပါ"
"အာ... နာမည်ကြီးနဲ့လာတွေ့နေတာပဲဗျ။ ကျွန်တော်က လှိုင်မြို့နယ် အမှတ်(၂) ရဲစခန်းက စုံထောက် ကြည်သာပါ။ ဌာနမှူးဦးဌေးအောင်နဲ့တော့ စုံထောက်ကြီး ရင်းနှီးပြီးသားထင်ပါတယ်"
ဦးဌေးအောင်ဟာ မှူခင်းဆေးသိပ္ပံအဖွဲ၏ ဌာနမှူးတစ်ယောက်ဖြစ်သည်။ Nothing အမှုတွဲကို တတ်နေခ စတင်တာဝန်ယူစဥ်ထဲက အလောင်းစစ်ဆေးပေးတဲ့သူမို့ သုံး၊ လေး၊ ငါးခါလောက် ဆုံခဲ့ဖူးသည်။ အရမ်းတော်တဲ့ အလောင်းခွဲစိတ် ဆရာဝန်ဖြစ်ပြီး၊ သူ ကူညီစစ်ပေးခဲ့မှုကြောင့် နိုင်ခဲ့တဲ့ အမှုတွေဟာ အတော်များများရှိတာရယ်ကြောင့် ဒီလူနဲ့ပတ်သတ်ပြီး တတ်နေခထံတွင် အမြင်ကောင်းရှိလေသည်။
YOU ARE READING
မိုး... ေလရိပ္ဆင္(မိုး...လေရိပ်ဆင်)