အပိုင်း - (၈)
~~~~~~~
စုံထောက်အရာရှိကြီး ရောက်လာပြန်ပြီကြားတော့ လေရိပ်စိတ်ထဲ ဘာများဖြစ်ပြန်ပြီလဲလို့တွေးကာ ရင်ထိတ်ရပြန်သည်။ မိုးရိပ်ကတော့ အထင်လွဲတာတွေ သူအကုန်ဖြေရှင်းပြီးပြီဖြစ်လို့ စိတ်မပူဖို့ရာ ပြောထားခဲ့သော်လည်း ပြီးခဲ့တဲ့လပိုင်းက ကြုံခဲ့ရသောအခြေအနေများသည် လေရိပ်အတွက် အိပ်မက်ဆိုးသဖွယ်ဖြစ်ခဲ့တာမို့ ထိတ်လန့်မှုတို့ မပျောက်ပျက်နိုင်သေးပါပေ။
"ထပ်တွေ့ရပြန်ပြီနော်ဆရာ...၊ ဘာကိစ္စများရှိလို့လဲမသိဘူး။ မိုးရိပ်ကတော့ မရှိဘူးဆရာ။ မနက်ထဲက သူ့အလုပ်ကိစ္စတွေကြောင့် အပြင်ထွက်သွားတယ်ခင်ဗျ"
သူ မကောင်းတာတစ်ခုခုပြောလာတော့မည့်ပုံလိုမျိုး လေရိပ်ရဲ့မျက်နှာဟာ အပြုံးတွေပျောက်ဆုံးကာ စိုးရိမ်ပူပန်မှုအပြည့်ရှိနေသည့် မျက်ဝန်းတွေနှင့် ကြည့်လာတော့ တတ်နေခ ငိုရမလို၊ ရယ်ရမလိုပင် ခံစားလိုက်ရသည်။ မိုးရိပ်ပြောခဲ့တာ အမှန်ပင်။ သူဟာ ဒီကောင်ငယ်လေးကို စိတ်ဒဏ်ရာအသစ်တွေ ပေးမိခဲ့ပြီထင်သည်။
"အာ... အရမ်းကြီးမစိုးရိမ်ပါနဲ့၊ ကိုယ်ဒီနေ့လာတာက ညီ့ကိုတောင်းပန်ချင်လို့ပါ"
"တောင်းပန်မလို့...?"
မျက်ဝန်းဝိုင်းလေးတွေဟာ အခုထိ စိုးရိမ်စိတ်တို့လျော့ကျလေဟန်မတူ။
"သက်သေအတိအကျမရှိခဲ့ဘဲ မိုးရိပ်ကို လူသတ်သမားအဖြစ် မှားယွင်းစွတ်စွဲခဲ့မိလို့ အကိုတို့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်စား တောင်းပန်ပါတယ်"
တတ်နေခ၏ ဦးခေါင်းနှင့်ခါးတို့မှာ အပြစ်ရှိစိတ်အပြည့်နှင့် ထပ်ဝက်ကျိုးလောက်အောင်အထိ ညွတ်ကျလို့သွား၏ ။ စက္ကန့်အနည်းငယ်လောက်အထိ တစ်ဖက်က ဘာကိုမှ ပြန်တုံ့ပြန်မလာလေတော့ တတ်နေခ ခေါင်းအနည်းငယ်မော့ကာ ကောင်ငယ်လေးအား ကြည့်လိုက်မိသည်။
သူ့ရဲ့ ရုတ်တရက်ဆန်သော အပြုအမူကြောင့် လေရိပ်မှာ ဆွံအသွားရသည့်ဟန်၊ နှုတ်ခမ်းနှစ်လွှာ အသာဟကာ မျက်ဝန်းဝိုင်းတို့မှာ မျက်တောင်ပင်တစ်ချက်မခတ်တော့ဘဲ တတ်နေခကိုသာ စိုက်ကြည့်နေလေသည်။
YOU ARE READING
မိုး... ေလရိပ္ဆင္(မိုး...လေရိပ်ဆင်)