"Lee Tae Yong"
စလာပါပြီ ဘေးအခန်းက နှစ်တထောင် FA
Kim Doyoung အသံနှိုးတာက သူ့အခန်းဖော် အစ်ကို Taeyongကို ဖြစ်ပေမယ့် တကယ်နိုးလာတာက ကျွန်တော် Chenle နှင့် အစ်ကို Markeu ပင်။
"ဖြေးဖြေးအော်ပါကွ ဟေ့ကောင်ရ
မင်းအဖေ ငါမသေသေးပါဘူး”Taeyong အိပ်ရာပေါ်မှ ထထိုင်ရင်း သူငယ်ချင်းဖြစ်သူ လူရှည်စိတ်တိုကိုကြည့်မိသည်။
သူကမပုဘူးလေ"နိုးရင် ထလိုက်တော့ "
ပြောလည်းပြောပြီးချင်း အလုပ်ကိုအပြေးအလွှားထွက်သွားသော သူငယ်ချင်း ဖြစ်သူကျောပြင်ကိုကြည့်ရင်း Taeyong သက်ပြင်းချမိသည်။
"ဟေ့ကောင် မင်းက သူဠေးပါကွ"
ခပ်တိုးတိုးရေရွတ်နေတုန်း ဘေးအခန်းက ညီတော် markeuနဲ့အတူ Doyoung တူလေး chenle
အခန်းထဲဝင်လာသည်"အကို့သူငယ်ချင်းက တကယ် ငရှုပ်ကြီးပါဗျာ ဦးလေးမို့သာသည်းခံနေတာ တရားကိုလွန်တယ် မနက်တိုင်းအသံပြဲနဲ့"
Chenleက သူ့ဦးလေးကိုသာ ကြည့်မရတာ ကျွန်တော်နဲ့ Markeu ကိုချစ်ရှာသည်။
ဘယ်တော့မှ အပြစ်မပြော ကျွန်တော်တို့ညီအစ်ကိုအမှားလုပ်တိုင်းသူ့ဦးလေးမကောင်းလို့ဟုသာပြောရင်း
ဦးလေး အရင်းခေါက်ခေါက်ကို အပြစ်ရှာတတ်သေးသည်။"ကျွန်တော်သွားပြီ ကိုကြီး
ပေကပ်အိပ်မနေနဲ့ဦး သူငယ်ချင်းအိမ်ဆိုပေမယ့်သူများအိမ် နည်းနည်းတော့ အလိုက်သိ"ပြောချင်ရာပြောပြီးထွက်သွားပြန်တဲ့ lee Mark
"မင်းကမှ Kim Doyoung ညီစစ်စစ် ငါ့ညီမဟုတ်ဘူး"
စိတ်ထဲကြိတ်ပြောရင်း Chenleကိုကြည့်တော့
Chenleကပြုံးရင်းစကားဆိုလာသည်။"အစ်ကို့စိတ်ထဲ Hyung ကိုရိုက်ချင်နေတယ်မလား ဦးလေးနဲ့တူလို့”
"အေးကွာ Kim Doyoung မှ Kim Doyoung စစ်စစ် အလုပ်တိကျတာရော ငါ့ကိုအပြစ်ပြောပုံကိုက Kim Markလို့သာ ပြောင်းခေါ်ချင်တယ်
ငါ့မျက်စိရှေ့မွေးလာလို့ပါပဲ မဟုတ်ရင်ငါ့ညီလို့တောင်ယုံမှာမဟုတ်ဘူး ”ကျွန်တော့်စကားပြန်ကို Chenleက ရယ်ရင်း ရှေ့ခန်းကိုထွက်သွားလေနေပြီ။