"ဘာတွေလဲ ဘာတွေလဲ"
"စာတွေစာတွေ အာရုံနောက်တဲ့စာတွေ"
ဆံပင်တွေကို ဆွဲဖွရင်း
စိတ်ရှုပ်နေသည့်Renjun
သူ့ဘေးမှာတော့
ခုံနဲ့ခေါင်းကိုမိတ်ဆက်သလို
အကြိမ်ကြိမ်ထုရိုက်နေတဲ့ Chenle။မနက်ကတည်းက စာလုပ်ချင်တယ်ဟုဆိုကာ
ရောက်နေတဲ့ တရုတ်နှစ်ယောက်ကို
ကြည့်ရင်း Haechan သက်ပြင်းချမိသည်။ဒါနဲ့များပြင်သစ်သွားပြီး ပြင်သစ်သူကို
ပြင်သစ်အနမ်းလေးပေးမတဲ့
စကားပြောတွေမှားလို့ ရိုက်လွှတ်ခံရမယ့်ဟာတွေ"ငါခေါင်းဆေးလိုက်ဦးမယ်"
ခေါင်းဆေးမယ်ဆိုပြီး ခြံနောက်ဖက်ကို
ထွက်သွားတဲ့ Renjunနောက်ကို
Chenleကပါလိုက်သွားလေရဲ့။Haechanကတော့ စာတွေပြင်နေတုန်း။
"Haechannie"
ခပ်ပျင်းတွဲတွဲခေါ်သံရဲ့နောက်မှာတော့
တစ်ယောက်ကိုတစ်ယောက်ပခုံးပေါ်လက်တင်ရင်း လျှောက်လာတဲ့လူနှစ်ယောက်။
သေချာပေါက် Jenoနဲ့Jaeminပဲပေါ့။"Haechan ya
ငါတို့ဂိမ်းဆော့ချင်လို့"ဂိမ်းငတ်နေတဲ့ငမွှေထိုးနှစ်ကောင်ပေါ့။
သင်တန်းတရက်ခြားတစ်ခါတက်ရတည်းက
သင်းတို့တွေ ဘူနေတာလေ။"ဒီနေ့စာလုပ်ရမှာ ဘယ်မှမသွားနိုင်ဘူး
ဂိမ်းဆိုင်လဲမစောင့်နိုင်ဘူး"ပိတ်ပြောလိုက်မှ ပိုတောင်မှိုင်ကျသွားတဲ့
နှစ်ယောက်။မကျေနပ်တဲ့ မျက်နှာနှစ်ခုကို
လျစ်လျူရှုထားလိုက်တယ်။
ခံစားကြပေါ့။*Ting Tong"
တံခါးဘဲလ်မြည်သံကို ကြားတာနဲ့
Haechanအာရုံတို့က နိုးနိုးကြားကြား။"Channie"
ရုံးဝတ်စုံကိုတောင် စမတ်ကျကျ ဝတ်နိုင်တဲ့သူ
မြင်ဘူးကြလား ဒီလောက်အလုပ်များနေရင်တောင်မှလေ။
အဲ့လူက အတိအကျကို ကိုကိုကြီးပဲဖြစ်မှာ။"Markeu Hyung"
အပြေးအလွှားပြေးဖက်တဲ့ Chenleကို
ကိုကိုကြီးက တွန်းထုတ်လိုက်ပြန်သည်။