8

372 42 57
                                    

ညက အလုပ်အရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေခဲ့တဲ့ Markက
ကျယ်ကျယ်လောင်လောင်မြည်လာတဲ့
ဖုန်းသံကြောင့် အိပ်ရာကနေနိုးလာခဲ့သည်။

"တကယ်ပါပဲ နားရက်လေးတောင်မှကွာ"

ဘယ်ကဖုန်းသရဲမှန်းမသိတဲ့ဖုန်းနံပါတ်တစ်ခု။

"ဟယ်လို Lee Min Hyungပြောနေပါတယ်"

"စိတ်ပုတ်ကြီးမလား
ကျွန်တော်တို့လမ်းရောက်နေပြီ
မကြာခင်မြို့ထဲဝင်မှာ
အဝေးပြေးကွင်းမှာလာကြို"

ပြောပြောပြီးချင်းဖုန်းကောက်ချသွားတဲ့
ငနဲသားလေး။
ဒါ...ဟိုအကောင်သေးသေးနဲ့
Renjunဆိုတဲ့တစ်ယောက်အသံ။
အဲ့တာဆို.....

Channieပြန်လာပြီပေါ့

လေအလျင်နဲ့ရေချိုး အဝတ်အစားလဲပြီး
Doyoung Hyungအခန်းကိုသွားရသေး။

"Hyung ကားသော့လေး ခဏ"

သတိရှိလှတဲ့အစ်ကိုက
ကားသော့ထုတ်ပေးပြီး
ဂရုစိုက်မောင်းဖို့မှာလေရဲ့။

ဘေးကုတင်က အကိုလုပ်သူကတော့
ဆင်တက်နင်းရင်တောင် နိုးမယ့်ပုံမပေါ်
အိပ်နေတာများ ခြေတွေလက်တွေကို ကွေးလို့။
...........

"လာပြီ လာပြီ ဟီးဟီး"

Markအသံတော့မဟုတ်။
Park JiSungရဲ့အသံ
ဘယ်ကနေဘယ်လိုသတင်းရလာတယ်မသိ
Mark ရှေ့ကနေကြိုရောက်နေတာ
သူတစ်ယောက်တည်းမဟုတ်
Channieသူငယ်ချင်းနှစ်ယောက်ရောပဲ။

ကားပေါ်က ဆင်းဆင်းလာချင်း
တွေ့ရတာက Chenle ။

ဟုတ်သားပဲ Chenleကိုမေ့နေတာ
Channieပဲအာရုံရနေလို့

အထုပ်တွေမနိုင်မနင်းသယ်နေတဲ့
Chenleကိုကျော်ပြီး Channie
ဆီပြေးသွားလိုက်တယ်။

"Hyungက ကျွန်တော့်ကို မမြင်ဖူးပေါ့"

စိတ်ဆိုးတဲ့လေသံနဲ့လှမ်းအော်ပြောတဲ့
Chenleဘက်ကိုလှည့်ပြီး မျက်မှောင်ကြုတ်
ပြလိုက်တယ်။

"မင်းကိုငါကျေနပ်သေးတာ
မဟုတ်ဘူးနော် Chenle
မင်းအပြစ်မင်းသိ"

နောက်က ဘာတွေအော်ပြောတယ်တော့မသိ။
အိပ်ချင်မူးတူးမျက်နှာလေးနဲ့ကလေးကို
ကားပေါ်အရင်တက်ခိုင်းပြီး
သူ့အထုပ်ကလေးတွေကို
နောက်ခန်းမှာစီထည့်နေလိုက်တယ်။

LoveWhere stories live. Discover now