ထင်ထားတာထက်ကြာသွားသည့်ခရီးတိုလေး။
3ရက်ဆိုပြီး စီစဉ်ခဲ့ပေမယ့်
ပိုလို့တောင်စုံလင်လှတဲ့
လေ့လာစရာတွေကြောင့်
5ရက်ခရီးဖြစ်သွားလေရဲ့။မနေနိုင်မထိုင်နိုင်ဖြစ်နေတဲ့ ကိုကိုကြီးကတော့
ဖုန်းတွေဆက်ပါလေရော။အချိန်မှန်ဆက်လွန်းတဲ့ ဖုန်းကို
Chenleကနားငြီးတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့
ဖုန်းသိမ်းထားလေရဲ့။အဖေထက်သူ့ကြောက်ရတဲ့ဘဝ
ဒီတရုတ်ကလေ စခင်တည်းက
အနိုင်ကျင့်နေတာ
ဒါပေမဲ့ မတရားခင်စရာကောင်းပြီး
ပွင့်လင်းလွန်းတော့ ပျော်မိသလိုပဲ။Jenoနဲ့Jaeminကတော့
နှစ်ယောက်တစ်ကမ္ဘာတည်ရင်း
ဂိမ်းစကားပဲပြောနေကြတော့
သီးသန့်လူလိုဖြစ်နေရော။
...............
မနက်ကတည်းက ဖုန်းတကိုင်ကိုင်နဲ့
ပျာယာခတ်နေတဲ့ Mark ကို ရုံးက
လူတွေက ကွက်ကြည့်ကွက်ကြည့်။ပြောရဦးမယ် Markကအခု
အလုပ်သင်မဟုတ်တော့ပါဘူး
ဒီဇိုင်းအဖွဲ့က လက်ထောက်အဖွဲ့မှူးဖြစ်သွားပြီ။ဒါကြောင့် Doyoung Hyungက
ဂုဏ်ပြုတဲ့အနေနဲ့ Laptopတစ်လုံး
ဝယ်ပေးလေရဲ့။Markက ပိုက်ဆံစုပြီးဝယ်ထားတဲ့
ပစ္စည်းလေးက ခုထိအသစ်ကလေးပဲမို့
ပိုးကြေးပန်းကြေးအနေနဲ့ Haechanကို
ပေးပစ်လိုက်တယ်Doyoung Hyungသိတာမှမဟုတ်ဘဲ
"အလုပ်လုပ်လေ ဘာလို့ငါ့ကြည့်နေတာလဲ"
ဖိဟောက်လိုက်တော့မှ
အလုပ်ပြန်လုပ်ကြတဲ့လက်အောက်ကလူတွေ။
ပြောမဲ့သာပြောရတာ Mark က
ခုမှငယ်ငယ်လေး။
အလုပ်သင်ထဲရွယ်တူတွေနဲ့
ကြီးတဲ့လူတွေတောင်ပါတော့
တစ်ခါတလေ သိပ်အာဏာမရှိသလိုပဲ။
အဲ့တာကြောင့်
ခပ်တည်တည်တန်းတန်းနေနေတာ။
ပုံမှန်လည်းအဲ့လိုဆိုပေမယ့်ပေါ့။
................
Doyoungအခုတွေ့မြင်နေရတာတွေက
တကယ့်ကိုအံ့ဩစရာ၊
တူတော်ကြီး Chenle ပြောထားသလောက်
အရိပ်အမွက် သိထားပေမယ့်
ခုတော့ဖြင့် ချစ်သူငယ်ချင်း
Lee Taeyongရဲ့ညီ
Lee MinHyungက သူမတူစွာပဲ
ပျာယာကိုခတ်လို့။