ချမ်းစိမ့်စိမ့်ရာသီဥတုနဲ့ အပြိုင်လှနေတဲ့
ချယ်ရီတွေ ။
ပန်းနုရောင်ပွင့်ဖက်နုနုလေးတွေကို
လက်ပေါ်မှာတင်ရင်းဆော့ကစားမိပြန်သည်။အညိုရောင်ကုတ်ရှည်ကို ဝတ်ဆင်ရင်း
Haechanဆီကိုလျှောက်လှမ်းလာတဲ့
လူသားက နှစ်ယောက်မရှိတဲ့
ကိုကိုကြီးပါပဲ။"ဘာတွေသဘောကျနေတာလဲ"
ဆံပင်တွေကိုဆွဲဖွရင်းစကားဆိုတိုင်း
ခေါင်းလေးငုံ့ဝင်သွားတတ်တဲ့
အမူအရာက ထုံးစံလိုဖြစ်နေတုန်း။"ချယ်ရီတွေက အရမ်းလှတယ်နော်"
"Channieလိုပဲပေါ့"
ခန့်ခန့်ညားညားပြုံးနေတဲ့
ကိုကိုကြီးကြောင့်ရင်တွေခုန်မိရော။
နှစ်ဦးနှစ်ဖက်သဘောကျနေတဲ့
အနေအထားပေမဲ့
ဘယ်သူကမှဖွင့်မပြောရသေး။အနီးနားကကော်ဖီဆိုင်မှာထိုင်ရင်း
အပြင်ဘက်ကိုငေးနေတဲ့ Haechanနဲ့
ဆိုင်က ဖွင့်သမျှသီချင်းကို
သံယောင်လိုက်နေတဲ့Mark ။"Chenleပြောတာ
ခရီးထွက်ကြမလို့ဆို"တိတ်ဆိတ်နေတဲ့လေကိုစတင်ဖြိုခွင်းတာကတော့အမြဲတမ်းကိုကိုကြီးပါပဲ။
"အင်းသုံးရက် ဆရာက လိုက်ပို့မယ်ဆိုလို့"
"ကိုယ်တော့ လွမ်းရတော့မှာပဲ"
စကားတွေကိုလွယ်လွယ်ပြောထွက်လွန်းတဲ့
ကိုကိုကြီးကြောင့် ရှက်ရပြန်ရော။
ကိုကိုကြီးကတော့သူမဟုတ်တဲ့ အတိုင်း
ကော်ဖီကိုသောက်နေတုန်း။"Markeu"
အသံလာရာဘက်ကိုကြည့်မိတော့
အရပ်ရှည်ရှည်နဲ့ အစ်ကိုကြီးတစ်ယောက်။"Chan Yeol Hyungမတွေ့ရတာကြာပြီပဲ
JiSungနဲ့ဦးလေးရောနေကောင်းလား"ကိုကိုကြီးအသိထင်တယ်
အားကြိုးမာန်တက်ကိုနှုတ်ဆက်နေလေရဲ့။
ဟိုအစ်ကိုကလည်း သဘောကောင်းပုံပဲ
ရယ်မောပြီးပြုံးရွှင်လို့။"ဖေဖေက Markeuကိုတောင်မေးသေးတယ်
နေလည်းကောင်းပါတယ်
အငယ်ကောင်ကတော့ ထုံးစံအတိုင်းပဲ
ဂိမ်းမတရားဆော့လို့ စာလည်းမလုပ်ဘူးကွာ"