ဆရာတစ်ယောက်လုံးရှေ့က သင်ပြနေသည့်တိုင်အောင် Haechan၏စိတ်တို့က ထိုသင်ခန်းစာတွင်မရောက်
သင်တန်းမြန်မြန်ပြီးဖို့သာ
ကြိတ်ဆုတောင်းနေမိသည်။သင်ခန်းစာပေါ်အာရုံစိုက်မှုမရှိနိုင်သည့်အတူတူ
ဒီအချိန်မတက်ခဲ့ရင်ကောင်းသားဟုသာတွေးနေမိသည်။ဘာကြောင့်ငါ သူ့ကို ကိုကိုကြီး လို့
ခေါ်ခဲ့တာပါလိမ့်Haechanလည်းတကယ်မသိ မွေ
းချင်းမရှိသောသူ့အတွက် အကြီးတွေအပေါ် အမြဲတမ်းသုံးခဲ့သောနာမ်စားသည် အကိုနှင့် Huyngပင်ဖြစ်သည်ယနေ့ Markဆိုသောလူသားနှင့်တွေ့ကာမှ
ပါးစပ်က မည်သူ့ကိုမှမခေါ်ဘူးသော ကိုကိုကြီး ဆိုသောစကားကြီး ထွက်ခဲ့ချေပြီ။
မတတ်နိုင် ရောသာချရတော့မည်။Haechanစိတ်ရှုပ်ရှုပ်ဖြင့်သာ
သူ့ဆံသားညိုတွေကိုဖွနေမိသည်သူနဲ့သာအတူတက်ရရင်ကောင်းသား
ဟိုနေ့က တွေ့တာရုံးဝတ်စုံနဲ့ပါ
ငါ့ထက်အများကြီးကြီးနေတာလား
Jaehyun Hyung တို့အရွယ်ပါပဲစာသင်ချိန်တစ်လျှောက်သူ့အတွေးတွေက
Mark ဆီမှာပင်
ထိုလူအကြောင်းတွေးမိလျှင် ထိုလူ့မျက်နှာကို ချက်ချင်းပြေးကြည့်ချင်သည်။
ပြီးတော့ရင်တုန်သည် အင်း..ရင်တုန်တာထက် ရင်ခုန်သည်ဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။Haechan Mark အကြောင်းစဥ်းစားနေစဥ်မှာပင် အတန်းချိန်ကပြီးနေခဲ့လေပြီ။
Haechanလည်းစာသင်ခန်းကထွက်လာတော့ လှေကားထစ်တွင် ဟိုတရုတ်နှစ်ယောက်။
သူ့ကိုစောင့်နေသည်ထင်သည်"Haechan, ကျွန်တော်က Chenle ပါ
သူက Renjun""သိတယ် "
Haechanခပ်ပြတ်ပြတ်ပြောလိုက်တော့ Renjunဆိုသည့်ကောင်လေးက မျက်နှာစူစူဖြင့်
"ငါမင်းထက်ကြီးတယ်ကွ"
"မေးလား
ဘာကိစ္စကြောင့်လာမိတ်ဆက်တာလဲ"Lee Haechanသည် အဲ့သလိုလူမျိုး
အမြဲဘုကလန့်တိုက်တတ်ပြီး စာပဲဖိလုပ်သော
လူ့ဂွစာအမျိုးအစားပင်။