3

450 51 8
                                    

ဒီနေ့က အလုပ်ပိတ်ရက်ဖို့ Markeu အိပ်ရာထနောက်ကျနေခဲ့သည် ပုံမှန်ဆို အလုပ်ပိတ်ရက်တွေလည်း စောစောထနေခဲ့ပေမဲ့ ဒီနေ့နှင့်မတူ
အိပ်ခါနီးအတွေးထဲဝင်လာခဲ့သည် ဆံပင်အုပ်အုပ်လေးနှင့် မျက်လုံးလှလှလေးတွေကြောင့်
အိပ်ရေးပျက်ခဲ့ရသည်။

Chenle အရွယ်လောက်ကောင်လေးမို့
သူနှင့်အသက်ကွာလှ ၂နှစ်၊၃နှစ်
ဖြစ်လောက်မှာပဲ။
သူကတော့အလုပ်လုပ်နေရတာကြောင့်
ကျောင်းကိုတောင် သတိရမိသလို။
ပညာအရာမှာ Markeuသည် လက်ဖျားခါလောက်အောင်ထူးချွန်ခဲ့ဖူးသည်။
အလယ်တန်းဒုတိယနှစ်တက်ရင်း တတိယနှစ်ကိုအတန်းကျော်တက်သည့် ပထမဆုံးသော ကျောင်းသား၊ အထက်တန်းတွင်လည်းနောက်ဆုံးနှစ်ကိုကျော်တက်ဖူးသောကျောင်းသားတစ်ယောက်ဖြစ်သည်။

သူ၏ပညာရေးလိုက်စားပုံကို ကျောင်းကစီနီယာ
Park Chan Yeol ၏ ဖေဖေရိပ်စားမိ၍ ကျောင်းစရိတ်
နှင့် ပညာရေးအထောက်အပံပေးခဲ့ဖူးသည်။
ထို့အတွက်သာ Taeyong Hyungတက္ကသိုလ်
မနားလိုက်ရခြင်းဖြစ်သည်။
အခြားလူအတွက်သာ မာနပြည့်နေသောကိုကိုသည် သူ့ပညာရေးအတွက်ဆိုကျောင်းပင်နားပစ်မည်မှာအသေအချာပင်။
ထို့ကြောင့် အစ်ကို Chan Yeolဖေဖေကို
ကျေးဇူးအထူးတင်မိသည်။

Markeu အသက်က 22နှစ်သာရှိသေးပေမဲ့
Doyoung Hyung ရုံးတွင် အလုပ်လုပ်နေလေပြီ
ပုံမှန်သာဆို တက္ကသိုလ်နောက်ဆုံးနှစ်။

.................................
"Mark Hyung ကျွန်တော်သွားပြီ "

အသံကြားမှ လှည့်ကြည့်မိတော့
သူ့ရဲ့ပြင်သစ်သင်တန်းကိုသွားဖို့ ဖိနပ်ကြိုးသိုင်းနေတဲ့ Chenle။

ဟိုကလေးလေး လဲ သင်တန်းကပဲဖြစ်နိုင်တယ်

"ငါလိုက်ပို့ပေးမယ် ဒီနေ့အားနေတော့လေ"

သူပြောတာကို Chenleက လက်ခံသည့်ဟန်ဖြင့်
ရပ်စောင့်နေလေသည်။

Mark လည်းအပေါ်ထပ်တစ်ထည်နှင့် ပိုက်ဆံအိတ်ဆွဲပြီး ထွက်လာခဲ့လိုက်သည်။

........
သင်တန်းရှေ့ရောက်တော့ တွေ့ပါပြီ သူရဲ့အကောင်ပေါက်လေး အကျီအဝါရောင်အဖျော့လေးနှင့် ဘောင်းဘီအမဲအတိုလေး ဝတ်ထားပုံက
တကယ့်ကိုချစ်စရာလေး။

LoveWhere stories live. Discover now