"Ya....Jisungပြန်လာခဲ့"
ပြေးတဲ့လူပြေး လိုက်တဲ့လူကလိုက်နဲ့
ကဲကဲသဲသဲဖြစ်နေကြတဲ့
နို့နံ့မစင်သေးတဲ့ ကလေးသူငယ်အတွဲကို
ကြည့်ပြီး စေတနာရှိမနေတော့။ခဏအကြာမှာပဲ ဖမ်းမိသွားတဲ့ Chenleက
သူရဲ့ ကျောက်လက်ဝါးနဲ့ တဗုန်းဗုန်းရိုက်
နေတာကို အပျော်လွန်နေတဲ့ ဟိုကလေး။မတရားတွေပျော်နေလိုက်ကြတာ
အန်ထွက်တော့မယ် ရွံလို့"ငါအပြင်သွားဦးမယ် အိမ်ကိုခဏကြည့်ထားကြ"
Taeyong Hyungအိမ်မှာမရှိတာကြောင့်
အခုပဲ အပြင်သွားတော့မဲ့ Doyoung Hyung
က အိမ်စောင့်ခိုင်းခြင်းဖြစ်သည်။"ကျွန်တော်လည်း လိုက်မယ် Hyung"
ချက်ချင်းပဲ ပိုက်ဆံအိတ်နဲ့ ဖုန်းကို
ထယူပြီး အပြင်လိုက်ဖို့ပြင်ရသည်။
သလိကာအတွဲနဲ့သာကျန်ခဲ့ရရင်
အသက်ငင်သေမှာ။မနေဘူးမင်းတို့နဲ့
ချက်ချင်းဆိုသလို စူပုတ်သွားတဲ့
Chenleကို လျှာထုတ်ပြောင်ပြရင်း
ထွက်လာခဲ့သည်။အရမ်းချစ်နေကြတယ်မလား
အိမ်စောင့်ပြီးနေခဲ့ကြ
............
အိမ်ကတူတော်မောင်ရဲ့အချစ်စခန်းကိုကြည့်ပြီး
ကိုယ့်ကိုကိုယ်စိတ်ဓာတ်ကျလာတာတော့အမှန်ပဲDoyoungက အလုပ်ကိုပဲဦးစားပေးတာ
များသွားလို့လား ချစ်ရခင်ရမယ့်လူ
ပေါ်မလာသေးတာလားတော့မသိ
အတွဲလေးတွေမြင်ရင် အားကျပေမယ့်
နောက်တော့တစ်ယောက်ထဲနေရတာကို
ပိုသဘောကျလာသလိုလို။အပြင်ကိုအဖော်လိုက်ပေးမလိုလိုနဲ့
သူ့ရည်းစားကောင်လေးရဲ့ လမ်းထိပ်မှာ
ဆင်းသွားတဲ့Markကိုလည်း
အမြင်ကတ်သည်။
ကျောင်းက စီနီယာရဲ့ညီလေးနဲ့
ကဲကဲသဲသဲနဲ့အချစ်စမ်းနေတဲ့
Chenleကိုလည်း အမြင်ကတ်သည်။သွားစရာနေရာမရှိတာကြောင့်
မျိုးတူထာဝရရည်းစားမရမဲ့
Johnnyဆိုင်ကိုသာ သွားရတော့သည်။ဆိုင်ရှေ့မှာ 7ရက်လောက်ထမင်း
မစားရတဲ့ရုပ်နဲ့ထိုင်နေတဲ့ Johnny Suh
ကြောင့် ရှိသမျှ အားတောင် ကုန်ချင်ချင်။