Part-1

21.3K 674 11
                                    

ချစ်သူလဲမကျ၊ သူငယ်ချင်းလဲမကတဲ့အခြေအနေတွေဟာ ပိုပျော်ဖို့ကောင်းနေတတ်တယ်။ နောက်တဆင့်တက်ရင် အရာရာဆုံးရှုံးသွားမှာဘဲလို့ ကိုယ့်ဘာသာကောက်ချက်ချရင် ဒီအခြေအနေတွေမှာဘဲ ကျွန်တော်ပျော်နေခဲ့မိတယ်။

သူ့ကိုချစ်လားလို့မေးရင် ငါမဖြေတတ်ဘူး၊ ဒါပေမဲ့ သူ့မျက်နှာတစ်ချက်မဲ့ရင်တော့ ငါ့ကမ္ဘာဟာပျက်တတ်တယ်
- ၀မ်ရိပေါ်

ဒီလူ့ကို ရူးရလော‌က်အောင်ချစ်ပါသည်၊ သို့သော်ချစ်ခြင်းမေတ္တာကိုရင်ထဲမှာသိမ်းထားပြီး နိုင်စားချင်နေမိတယ်
-ရှောင်းကျန့်

အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးရတယ်တဲ့၊ ဒီတိုင်းမရနိုင်တဲ့မင်းရဲ့ချစ်ခြင်းကို ငွေနဲ့သိမ်းမိတယ်။ ကိုယ်မှားတယ်လို့ ခေါင်းစဉ်တပ်ချင်သလား။
-လီရှင်းချန်

Part-1

"ဟိုးမှာ တွေ့လား ၀က်ရုပ်လေး"

နှစ်ယောက်သားခေါင်းချင်းဆိုင်၍ ပက်လက်လှဲနေရာမှာ ရှောင်းကျန့်က တိမ်စိုင်တစ်ခုကိုထိုးပြရာ ပြာလဲ့နေသောကောင်းကင်ယံမှာ တိမ်တွေဟာ ဟိုတစ်စု၊ ဒီတစ်စိုင်နှင့် ဝေ့ဝဲပျံလျက်ရှိနေသည်။

"မဟုတ်ပါဘူး အဲ့တာကျားရုပ်"

ရိပေါ်က ထိုတိမ်တိုက်ကိုလှမ်းကြည့်ရင်း ငြင်းမိသည်။ ၁၃နှစ်အရွယ်ကောင်လေးနှစ်ယောက်ရဲ့စိတ်ကူးယဉ်မှုတွေဟာ တိမ်တိုက်ကြားတွင် ဝဲပျံ့လျက်။

"ရိပေါ် မင်းကျားဖြစ်ချင်တိုင်း မငြင်းနဲ့"

ရှောင်ကျန့်က မှောက်လျက်လေးပြုရင်း ရိပေါ်ကိုငုံ့ကြည့်ရင်းပြောတာမို့ မျက်နှာနှစ်ခုနီးကပ်သွားကာ

"မဟုတ်ပါဘူး တိမ်တိုက်အကြောင်းပြောနေတာလေ ငါဖြစ်ချင်တဲ့အကောင်အကြောင်းပြောနေတာမှမဟုတ်ဘဲ"

ရိပေါ်က မျက်နှာဝိုင်းဝိုင်းလေးကို မော့ကြည့်ရင်းပြောမိတော့ နှုတ်ခမ်းထောင့်က မှဲ့နက်လေးကို ထင်ရှားစွာမြင်နေရသည်။ ထို့နောက် နှုတ်ခမ်းပါးလေးက မဲ့ကွေးလာကာ သူအရှုံးပေးရမဲ့အချိန်ရောက်ကြောင်း ပြလေပြီ။

ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)Where stories live. Discover now