လူတွေရဲ့မနက်ခင်းတစ်ခုမှာ အလှပဆုံးမြင်ကွင်းဟာ ဘာဖြစ်လိမ့်မလဲ။ သူ့အတွက်ကတော့ အလုပ်သွားမဲ့သူ့ကို Necktie စလေး သေချာချည်နှောင်ပေးနေတဲ့ကောင်လေးပင်။
"အင်း... ဂျစ်ကန်ကန်ကောင်လေးက ဒီလိုကျတော့ အပိုးကျိုးသား"
"ဟမ်!"
"ဘာမှမဟုတ်ပါဘူး"
"တခါထဲ လည်ပင်းပါအကြပ်စည်းပြီး ညှစ်သတ်လိုက်မယ်နော်"
"ရှောင်းကျန့်ရာ... ရှောင်းကျန့် မင်းဒေါသကိုလျော့ပါကွာ"
"မင်းက လာစနေတာကိုး"
"ချစ်လို့လေ...ချစ်လို့စတာပေါ့"
သူ့မျက်နှာပေါ်မှာဝေ့ဝဲကျသောဆံချည်မျှင်တစ်ချို့ကို သပ်တင်ပေးသောအမျိုးသားလေးဟာ ချစ်တယ် လို့ ငါပြောမဲ့နေ့ကျ မင်းမုန်းလောက်အောင်ကြားရစေမယ် ဆိုတဲ့ကတိစကားအတိုင်း မိုးလင်း၊ မိုးချုပ် ထိုစကားကို ပါးစပ်ဖျားကမချ ပြောနေတတ်ခဲ့လေပြီ။
ခက်တာက သူတကယ်မမုန်း... နေ့နေ့၊ညညကြားနေရတော့ ထိုစကားကိုတခါမှသူမငြီးငွေ့။ မကြားရရင်တခုခုလိုသလိုနဲ့ ကြားရရင်ဘယ်အချိန်ဖြစ်ဖြစ် နှုတ်ခမ်းလွှာမှာ အပြုံးတစ်ပွင့်ပေါ်မိတတ်တာဟာ အကျင့်တစ်ခု။
"ကောင်းကောင်းသွားနော် ရိပေါ်"
"ဟုတ်ကဲ့ပါကွာ... ချစ်တယ်။ ငါ့ရှောင်းလေး"
ဒီလူဟာ သူ့ကိုအသည်းယားလာတတ်တဲ့အခါမျိုးမှာ မားမားတို့ခေါ်သလို ရှောင်းလေးလို ချစ်စနိုးခေါ်တတ်သေးတယ်။ ပြီးတော့ အလုပ်သွားခါနီးတိုင်း သူ့နဖူးပေါ် အနမ်းခြေရာချန်ရင်း ညနေကျပြန်စစ်မယ် လို့ မိန့်မှာတတ်သေးတယ်။
ရိပေါ်ထွက်သွားတဲ့အထိ လက်လှမ်းပြကာ သေချာစောင့်ကြည့်ပြီးမှ ပန်းချီခန်းထဲ၀င်လာလိုက်တယ်။ ပြပွဲနေ့မတိုင်ခင် လက်စသတ်စရာပန်းချီကားတစ်ချို့ကျန်သေးတာမို့။ သူ့ကိုအိမ်ပြင်ပေးမထွက်ချင်တဲ့ရိပေါ်ဟာ ပန်းချီဆွဲဖို့ကိုတော့လက်ခံပေမယ့် ပြပွဲလုပ်ဖို့ရာကျ အင်တင်တင်လုပ်နေ၍ မနည်းရှင်းပြရပြန်တယ်။
ပန်းချီကားအကြောင်း ရှင်းပြတန်ရာရှင်းပြဖို့ ပြပွဲကိုသူသွားရမည့်အကြောင်းကို သဘောမတူ။ ပြီးတော့ ပြပွဲကိစ္စအတွက် သူငွေထုတ်ပေးရမယ့်အစား တခြားရှောင်းကျန့်ပန်းချီကားတွေကိုသဘောကျ၍ကူညီပါရစေလို့ တောင်းဆိုလာသူကို လက်ခံလိုက်မိတဲ့အတွက် မကျေမနပ်ဖြစ်နေတတ်တယ်။
YOU ARE READING
ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)
Romanceမိသားစုနှစ်စုလုံးကဘိုးဘေးစဉ်ဆက်ခင်မင်လာမှုကြောင့် မိခင်၀မ်းဗိုက်မှာသန္ဓေတည်ခဲ့တဲ့သူငယ်ချင်းဖြစ်ဖို့ကံပါလာတဲ့ကောင်လေးနှစ်ယာက်ရဲ့ မတည့်အတူနေဘ၀ကနေ တဖြည်းဖြည်းအချစ်ဘက်ကူးပြောင်းလာပုံကိုရေးထားတာပါရှင်။ #Unicode မိသားစုႏွစ္စုလုံးကဘိုးေဘးစဥ္ဆက္ခင္မင္လာမႈေ...