Part-2

7.5K 552 5
                                    

ခမ်းနားလှတဲ့စံအိမ်ကြီးနှစ်လုံးသည် ဒီဇိုင်းတူညီစွာဖြင့်တည်ရှိနေခဲ့သည်။ ကားပေါ်ကဆင်းလာပြီး သူတို့နေခဲ့သောခြံဟောင်းထဲအကြည့်ရောက်မိတော့ ပုံစံအနည်းငယ်ပြောင်းကာ ဆိတ်ငြိမ်လို့နေသည်။

"ဟယ် ၀မ်လေး"

"ဟုတ် မား"

ရိပေါ်ကို ရှောင်ကျန့်မားကပြေးကြိုကာ လက်တွေကို ဖွဖွဆုပ်ကိုင်သည်။ ရိပေါ်အတွက်တော့ မားမားပြီးရင် ရှောင်းကျန့်မားက ဒုတိယမိခင်။ ရှောင်းကျန့်လဲ ထိုအတူပင် ဖြစ်လိမ့်မည်။

"ရှောင်းကျန့်ရော မား"

"အခန်းထဲမှာ ၀မ်လေးရယ်...မင်းသူငယ်ချင်းက ခုနောက်ပိုင်းအပြင်ကိုမထွက်တော့ဘူး။ မင်္ဂလာပွဲကိစ္စအကုန်လုံးကိုတောင် ဟိုဘက်ကအကုန်လုပ်သွားတာရယ်"

ရှောင်းကျန့်မားက ပင့်သက်ရှိုက်ရင်း ရိပေါ်ကိုအားကိုးတကြီးကြည့်မိသည်။ အကယ်၍ သားလေးကို ယောင်္ကျားတစ်ယောက်လက်ထဲထည့်ရမယ်မှန်းကြိုသိခဲ့ရင် ရိပေါ်ကိုကြိုပေးခဲ့မည်သာ။

"အော် ... ကျွန်တော် ရှောင်းကျန့်နဲ့သွားတွေ့လိုက်ဦးမယ် မား။ ကျွန်တော့်ကိုတောင်အသိမခံဘဲ မင်္ဂလာပွဲစီစဉ်တဲ့အတွက် အပြစ်ပေးရမယ်"

ရိပေါ်က ပြောရင်းမှအပေါ်ပြေးတက်လာရာ လှေကားအချိုးမှ ရှောင်းကျန့်အခန်းလေးသို့ရောက်ချိန်တွင် ခြေလှမ်းကတုံ့ခနဲရပ်မိသည်။ ရင်ထဲမှာ တခုခုခြားခံရသလိုခံစားနေရခြင်း။ အရင်လို စွတ်ခနဲပြေးမ၀င်သင့်ဟု ဆုံးဖြတ်ကာ တံခါးခေါက်မိတော့ အထဲမှ ၀င်ခဲ့ ဆိုသော အသံလေး။

"ရှောင်းကျန့်"

"ရိပေါ် မင်း"

ကုတင်ပေါ်ကနေ လွှားခနဲခုန်ဆင်းကာ သူ့ရင်ခွင်ထဲအပြေးတိုး၀င်လိုက်တဲ့ရှောင်းကျန့်ကြောင့် သူပင်နောက်သို့ယိုင်နဲ့သွားရသလို။

"ငါ မင်းကိုအရမ်းလွမ်းနေခဲ့တာ"

"အင်း...ငါရောဘဲ"

ခပ်ဖွဖွဖက်ထားရင် ကျောပြင်ကိုပုတ်ပေးမိသည်။ ဒီကောင်လေးဟာ သူ့ဘဲကြီးကိုရော ဒီလိုဘဲဖက်တွယ်လေသလားလို့တွေးမိတော့ ရင်ထဲမခံချိမခံသာ။

ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)Where stories live. Discover now