*တီး...တောင်*
TVကြည့်နေရာမှထရင်း တံခါးသွားဖွင့်ပေးမိတော့ Delivery Man ...
"ပစ္စည်းလာပို့တာပါ...ရှောင်းကျန့်လားဗျ"
"ရှောင်းကျန့်အမျိုးသားပါ"
"အော်...ဟုတ်ကဲ့၊ ဒါဆိုလက်ခံလေးရေးပေးပါဗျ"
ထိုးပေးလာသောစာရွက်ကိုလှမ်းယူပြီး လက်မှတ်ထိုးပေးရင်း စက္ကူပုံးကိုယူလိုက်တယ်။ ရှောင်းကျန့်က ပန်းချီကိစ္စအတွက် ပင်းဟယ်ဆိုသောလူနဲ့သွားတွေ့ရခြင်း။ ဟိုတခေါက်စကားများပြီးကတည်းက ရှောင်းကျန့်ကလဲအတတ်နိုင်ဆုံးဆင်ခြင်သလို သူကလဲမပြောမိအောင် ထိန်းထားရတယ်။
ဒီနေ့က သူ့အလုပ်နားရက်ဖြစ်၍ သူကအိမ်မှာရှိသော်လည်း ရှောင်းကျန့်ကမဖြစ်မနေထွက်သွားရခြင်း။ သူစိတ်ဆိုးမှာကြောက်၍ အကြိမ်ကြိမ်ရှင်းပြတောင်းဆိုနေတဲ့ကောင်လေးကို သူကြည်ဖြူစွာပင် သွားခွင့်ပြုလိုက်တယ်။
တူတူလိုက်ဖို့ခေါ်ပေမယ့် ရယ်မောပြောဆိုနေကြမဲ့ရှောင်းကျန့်နဲ့တခြားလူကိုကြည့်ဖို့လောက်ထိတော့ သမာဓိအားမကောင်းသေး။ တွေ့ဆုံပွဲကနေ လူရိုက်ပွဲဖြစ်ရင် ရှောင်းကျန့်စိတ်ဆင်းရဲရုံသာရှိမှာမို့ အိမ်မှာဘဲနေခဲ့မိတယ်။
စားပွဲပေါ်မှ စက္ကူပုံးကိုကြည့်ရင်း ဘယ်သူပို့တာလဲ လို့တွေးနေမိတယ်။ ဒီသတ္တဝါလေးကို သူကလွဲပြီး လက်ဆောင်၀ယ်ပေးမယ့်လူ ဘယ်သူရှိပါလိမ့်။ လက်ထပ်ထားတယ်ဆိုပေမဲ့လဲ အချင်းချင်းလေးစားရမှာဘဲလို့ ခံယူထားပေမယ့် စိတ်မရှည်နိုင်ဘဲ ဖွင့်ဖောက်လိုက်မိတော့...
အပေါ်ယံက ပန်းချီရေးဆွဲရာမှသုံးတဲ့ပစ္စည်းတွေ၊ အောက်ဆုံးမှာတော့ စက္ကူအိတ်တစ်ထုပ်ထဲတွင် ဓာတ်ပုံများ... တစ်ပုံထုတ်ကြည့်မိတော့၊ ရှောင်းကျန့်နှင့်လီရှင်းချန်ရဲ့ဓာတ်ပုံ။ နှစ်ယောက်သားဘေးချင်းကပ်ရိုက်ထားကာ လီရှင်းချန်ကပွင့်လင်းစွာရီနေခဲ့ပေမယ့် ရှောင်းကျန့်ကမပီတပြင်ပြုံးနေခဲ့သည်။
စက္ကူအိတ်ကိုသွန်ချပစ်လိုက်တော့ ပုံပေါင်းများစွာ။ ရှောင်းကျန့်နဲ့လီရှင်းချန်တွဲရိုက်ထားတဲ့ပုံတွေဟာ အနောက်တိုင်း၀တ်စုံများဖြင့်။ ပြီးတော့ ရှောင်းကျန့်တစ်ယောက်ထဲပုံရိပ်များစွာ၊ ခိုးရိုက်ထားတဲ့ပုံပေါက်ပေမယ့် ရှောင်းကျန့်ကတကယ်မသိဘဲနေခဲ့သလား။
YOU ARE READING
ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)
Romanceမိသားစုနှစ်စုလုံးကဘိုးဘေးစဉ်ဆက်ခင်မင်လာမှုကြောင့် မိခင်၀မ်းဗိုက်မှာသန္ဓေတည်ခဲ့တဲ့သူငယ်ချင်းဖြစ်ဖို့ကံပါလာတဲ့ကောင်လေးနှစ်ယာက်ရဲ့ မတည့်အတူနေဘ၀ကနေ တဖြည်းဖြည်းအချစ်ဘက်ကူးပြောင်းလာပုံကိုရေးထားတာပါရှင်။ #Unicode မိသားစုႏွစ္စုလုံးကဘိုးေဘးစဥ္ဆက္ခင္မင္လာမႈေ...