Part-17

5.1K 345 0
                                    

ပင်လယ်ပြာထဲတွင် ကျင်လည်ကျက်စားနေတဲ့တံငါသည်အဘိုးအိုတစ်ယောက်ရဲ့လှုပ်ရှားမှုကို ဆွဲထားတဲ့ပန်းချီကားကို ရှောင်းကျန့်ကနောက်ဆုံးအကြိမ်ကြည့်လိုက်ပြီး သပ်ရပ်စွာထုပ်ပိုးလိုက်တယ်။

ပင်းဟယ်ကို အနီးအနားကကော်ဖီဆိုင်မှာ ပန်းချီကားပေးဖို့ မနေ့ညက ရိပေါ်ကိုပြောဖို့စဉ်းစားပေးမဲ့ စိတ်ရှုပ်သွားမှာစိုး၍ မသွားတော့ဖို့ဘဲဆုံးဖြတ်လိုက်တယ်။ သူမလာနိုင်တဲ့အကြောင်းပြောတော့ ပင်းဟယ်ကိုသူလာပါ့မယ် လို့အကြောင်းကြားတာမို့ အိမ်ရှေ့မှာထွက်စောင့်နေမိသည်။

ကားနက်လေးတစ်စင်း သူ့ထံဆိုက်ရောက်လာချိန်မှာတော့ ချိုသာသောသူ့အပြုံးတို့ဟာ လျင်မြန်စွာဘဲ ပျောက်ကွယ်သွားရလေပြီ။ ကားပေါ်ကဆင်းလာသူမှာ ပင်းဟယ်မဟုတ်သော လီရှင်းချန်။

"ကလေး"

"အကို.. ဘာလာလုပ်တာလဲ"

ရှောင်းကျန့်ရဲ့အသံတို့ဟာ မာထန်နေခဲ့လျက်။ သိပ်မကြာသေးတဲ့အချိန်တစ်ခုကပင် လီရှင်းချန်ကောင်းမှုကြောင့် ရိပေါ်နဲ့သူအကြီးအကျယ်စကားများခဲ့ရုံတင်မက၊ ရိပေါ်မှာ ဒဏ်ရာပင်ရသွားခဲ့ကြသည်မဟုတ်ပါလား။

"ပန်းချီကားလာယူတာလေ"

"ဟင်"

"ဟုတ်တယ် ကလေး.. ကလေးဆီကပန်းချီကား‌တွေ၀ယ်နေတဲ့ပင်းဟယ်က ကိုယ့်တပည့်ဘဲ။ ကိုယ့်အိမ်လိုက်ကြည့်မလား.. ကလေးပန်းချီကားတွေအပြည့်ဘဲ"

"အကိုပြောင်းလဲသွားတယ်"

"အဟက်..ကလေးရောဘဲ"

"အကို အရင်လိုလူကြီးမဆန်တော့ဘူး"

"ဟက်.. ယုတ်မာတယ်လို့များပြောချင်သလား။ ကလေးဆီပုံတွေပို့လိုက်မိလို့လေ"

ရှောင်းကျန့်က နှုတ်ခမ်းလေးကိုတင်းတင်းစေ့ရင်း မျက်နှာလွှဲလိုက်မိတော့ လီရှင်းချန်က ပိုတိုးကပ်လိုက်ရင်း မျက်နှာဘေးတဇောင်းလေးကို မက်မက်မောမောကြည့်လိုက်မိတယ်။ ဒီပါးပြင်လေးကို ၀မ်ရိပေါ်ဘယ်နှကြိမ်နမ်းရှိုက်ပြီးပြီလဲ။

"ဒီမှာ ပန်းချီကားယူလိုက်ပါ.. နောက်ဘယ်တော့မှ မ၀ယ်တော့ဖို့ ပင်းဟယ်ကိုပြောလိုက်ပါ။ ကျွန်တော်ကမရောင်းနိုင်ဘူးလို့"

ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)Where stories live. Discover now