Part-13

5.5K 398 1
                                    

ယနေ့ညနေ ရိပေါ်အိမ်ပြန်လာချိန်တွင် ရှောင်းကျန့်အိမ်မှာရှိမနေ။ အိမ်ပြန်ရောက်တာနဲ့ရှောင်းကျန့်မျက်နှာမြင်ရမှကျေနပ်သူ‌ရိပေါ်‌တစ်ယောက် တစ်အိမ်လုံးပတ်ရှာ၍မတွေ့တဲ့အပြင် ဖုန်းခေါ်တော့လဲစက်ပိတ်ထားသဖြင့် ကားပေါ်ပြန်တက်ရင်း အနီးအနားလိုက်ရှာမိသည်။

ရှာလို့မတွေ့လေ၊ စိုးရိမ်စိတ်တွေက လှိုက်တက်လာလေမို့ ထူပူနေမိသည်။ သူ့ကို မပြောမဆိုဖြင့် ဒီ‌လိုမျိုးတစ်ခါမှမလုပ်ဖူးတာမို့ ပိုစိတ်ပူနေမိသည်။ သွားလည်စရာသူငယ်ချင်းလဲမရှိပေမဲ့ ဟိုလူ... သူနဲ့တွေ့နေကျ ပန်းချီကား၀ယ်တဲ့ကောင်တစ်ယောက်သာရှိတော့တယ်။

ပန်းခြံ၊ ရေပန်းဥယျာဉ်၊ Marketနား ပတ်လည်ရှာရင်းမတွေ့၍ Coffe Shop ဘက်ထွက်လာခိုက် သူ့ကားကိုကျောပေးကာ သာသာယာယာလမ်းလျှောက်ထွက်နေသလို လျှောက်နေသောသတ္တဝါလေးကိုမြင်တော့ ဒေါသကထောင်းခနဲ။

ကားကို ဟွန်းနှစ်ချက်၊ သုံးချက်လောက်ဆင့်တီးတော့ မျက်စောင်းဖြင့်လှည့်ကြည့်သောဆရာသမားလေးဟာ သူ့ကိုမြင်ပါမှ ချက်ချင်းပြုံးသွားတာမို့ သူစိတ်မပြေမိအောင်တင်းရင်း ကားရပ်ကာအောက်သို့ဆင်းလာလိုက်တော့

"ရိပေါ်၊ ငါ..."

"ဘယ်ကောင်နဲ့တွေ့ပြီးပြန်လာတာလဲ၊ ဖုန်းတောင်ပိတ်ပစ်ပြီး ဘာတွေလုပ်နေခဲ့တာလဲ"

"ရိပေါ်!"

"ဘာလဲ! ပြော... မင်းပြော"

"ငါ့ကို အဲ့လိုမစွပ်စွဲနဲ့လို့ပြောထားတယ်လေ"

"ဒါဖြင့် မင်းကဒီကိုဘာထွက်လုပ်တာလဲ၊ ပင်းဟယ် ဆိုတဲ့ကောင်နဲ့တွေ့တာမှဟုတ်ရဲ့လား"

ပင်းဟယ်ဆိုသူမှာ ရှောင်းကျန့်ပန်းချီပြပွဲအတွက်ကူညီခဲ့သူဖြစ်ရာ ရှောင်းကျန့်နဲ့မကြာခဏတွေ့ရတတ်သော်လည်း ရိပေါ်နဲ့ကတခါမျှမစုံဖူးခဲ့။ မိတ်ဆက်ပေးဖို့ကြိုးစားဖူးပေမဲ့ ရိပေါ်ကမတွေ့ချင်ပါဘူးလို့ အကြိမ်ကြိမ်ငြင်းတတ်တာမို့။

"အင်းလေ... ဒါပေမယ့် အလုပ်ကိစ္စ"

"ကျစ်! ပြပွဲပြီးတာ လနဲ့ချီနေပြီး မင်းအလုပ်ကိစ္စက မပြီးနိုင်ဘူးလား"

ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)Opowieści tętniące życiem. Odkryj je teraz