နောက်နေ့မနက်မှာတော့ ရှောင်းကျန့်ကခြံထဲတွင်ရိပေါ်ကိုစောင့်နေခဲ့ပေမဲ့ ရိပေါ်ကရောက်မလာခဲ့ချေ။ ခြံရဲ့မနီးမဝေးကနေရာလေးက ကားနက်လေးပေါ်တွင် ရိပေါ်တောက်လျှောက်ထိုင်ရင်း ရှောင်းကျန့်ကိုကြည့်နေခဲ့ကြောင်းကိုတော့ ရှောင်းကျန့်တစ်ယောက်မသိရှာ။
ခြံစည်းရိုးလေးကအလှသဘောအနိမ့်လေးဖြစ်တာကြောင့် အပြင်ကလူလှမ်းကြည့်ရုံနဲ့မြင်နိုင်တာမို့ သူရှောင်းကျန့်ကိုအပြင်ထွက်ထိုင်ခိုင်းလေ့မရှိ။ အခုသူကားရပ်ကာစောင့်ကြည့်နေခဲ့သလိုမျိုး လီရှင်းချန်ကြည့်နေခဲ့မှာစိုးတယ်။ တခြားကောင်တွေငေးမှာစိုးတာမို့..။
ယခုကျ ဘယ်သူ့ခွင့်ပြုချက်နဲ့များဒီသတ္တဝါလေးက အပြင်ထွက်ရပ်နေခဲ့တာပါလိမ့်။ ဆွယ်တာအနက်လေးနဲ့ jean pantလေးကိုတွဲဖက်၀တ်ထားတဲ့ကောင်လေးရဲ့ခန္ဓာကိုယ်ကပါးလျနေခဲ့သလို ဖျက်ခနဲပွေ့ချီပစ်ချင်စရာကောင်းလောက်အောင် ချစ်စရာကောင်းနေဆဲ။
လမ်းဘက်ကဖျက်သွားသောကောင်လေးတစ်အုပ်စုရဲ့အကြည့်တွေကို သူတို့ခြံလေးထံရောက်သွားခိုက်မှာတော့ သူမနေနိုင်စွာ ဖုန်းထုတ်ဆက်ရင်း
"မား သူ့ကိုအိမ်ထဲမှာနေခိုင်းလို့မရဘူးလားဗျ... အိမ်ထဲ၀င်ခိုင်းလိုက်တော့"
"ဟယ် သားဘယ်နားမှာလဲ"
"ပြန်သွားပြီ.. ခဏလာကြည့်တာ။ အပြင်မှာအေးလဲအေးတယ်။ ပြီးတော့လူတွေကလဲကြည့်တယ် မားရ.. အဲ့သတ္တဝါလေးကို အထဲ၀င်ခိုင်းလိုက်တော့"
"တယ်.. ဒီကောင်လေး ရှောင်းလေးကိုအဲ့လိုမခေါ်ပါနဲ့ဆို"
"သားအပိုင်ဗျ... မားကလဲ သားခေါ်ချင်သလိုခေါ်ပါရစေ"
"အဲ့လိုဆို နင့်အပိုင်လေးကို လာပြန်ကြည့်လှည့်ပါတော်.. ဒီမှာထမင်းကျွေးလို့မရ၊ မုန့်ကျွေးလို့မရနဲ့။ ခုလဲမင်းကိုစောင့်မယ်ဆို ချမ်းချမ်းတီးတီးထဲပေရပ်နေတာဘဲ"
ခြံ၀န်းထဲမှာလက်လေးပိုက်ကာရပ်နေတဲ့ကောင်လေးဟာ ချမ်းနေဟန်ဖြင့် လက်လေးနှစ်ဖက်ကိုသူ့ဘာသာပွတ်သပ်ရင်း နှုတ်ခမ်းတွေနားကပ်ခါ အပူငွေ့ပေးသလိုလုပ်နေပြန်တာမို့
YOU ARE READING
ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)
Romanceမိသားစုနှစ်စုလုံးကဘိုးဘေးစဉ်ဆက်ခင်မင်လာမှုကြောင့် မိခင်၀မ်းဗိုက်မှာသန္ဓေတည်ခဲ့တဲ့သူငယ်ချင်းဖြစ်ဖို့ကံပါလာတဲ့ကောင်လေးနှစ်ယာက်ရဲ့ မတည့်အတူနေဘ၀ကနေ တဖြည်းဖြည်းအချစ်ဘက်ကူးပြောင်းလာပုံကိုရေးထားတာပါရှင်။ #Unicode မိသားစုႏွစ္စုလုံးကဘိုးေဘးစဥ္ဆက္ခင္မင္လာမႈေ...