Part-6

5.9K 495 7
                                    

နေ၀န်းရဲ့အရှိန်ကြောင့်ပူသယောင်ရှိပေမဲ့ တိုက်ခတ်သောလေပြေကြောင့် သူတို့ပြည်နယ်ဟာအေးမြဲအေးလျက်ရှိလေသည်။

ရှောင်းကျန့်က Kitchenထဲတွင် ဟင်းချက်ရန်ဝိုင်းကူပေးလျက်ရှိ‌သည်။ ယောင်္ကျားလေးဖြစ်ပေမဲ့အိမ်မှုကိစ္စကျွမ်းကျင်သောသူသည် ချက်ပြုတ်ရေးကိစ္စမှာ ယောင်္ကျား၊ မိန်းမရယ်လို ခွဲခြားစရာမလို၊‌ နေထိုင်စားသောက်ဖို့အတွက် လူတစ်ယောက်တပ်အပ်တဲ့ပညာလို့သာ မှတ်ယူထားသည်။

"သူဠေးလေး ဧည့်သည်တဲ့ဗျာ"

ခြံစောင့်ဦးလေးက ရိပေါ်ရော၊ သူ့ကိုပါ သူဠေးလေး‌လို့ခေါ်တာမို့ ဘယ်သူ့ဆီလာခြင်းလဲမသဲကွဲ။ ဒါပေမယ့် ရိပေါ်မရှိတာမို့ သူကပင်ထွက်တွေ့ရန်ပြင်ရသည်။ ခြံတံခါးဆီလျှောက်လာလိုက်တော့ Shirtအနက်နှင့် Style Pantအနက်ကိုတွဲ၀တ်ထားသော လီရှင်းချန်ဟာခန့်သန့်လို့နေလျက်။

"အကို.."

"အင်း ကလေး"

အချိန်တန်တွေ့ရမှာမှန်းသိပေမဲ့ တကယ်တမ်းတွေ့ရတော့ မျက်နှာပူမိသည်။ ကျေးဇူးရှင်အကို့ကို သူပြစ်မှားမိတဲ့အပြစ်က နည်းမှမနည်းဘဲကိုး။ လက်ထပ်ပွဲနီးမှ ဘာမပြော၊ ညာမပြောထွက်ပြေးလာသည့်အပြင် တချက်ကလေးမျှ အကျိုးအကြောင်းပြန်မပြောခဲ့။ အကိုဘယ်လောက်ခံစားရရှာမလဲ။

"ကိုယ့်ကို ပေးမ၀င်တော့ဘူးလား ကလေး"

"ဟုတ်ကဲ့...၀င်ပါ"

အိမ်ဆီနှစ်ယောက်သားလျှောက်လာခိုက် စကားမပြောဖြစ်ကြ။ အမှန်ပြောရရင် ကိုယ့်အပြစ်နဲ့ကိုယ်မို့ ရှောင်းကျန့်ကသာ၍ငြိမ်သက်နေမိခဲ့ခြင်း။ လီရှင်းချန်ကသာ ခွင့်လွှတ်တတ်တဲ့အကိုတစ်ယောက်လို ရှောင်းကျန့်မျက်နှာကို ပြုံးကြည့်ရင်း

"မကြောက်နဲ့ကလေး...ကိုယ်အကုန်နားလည်တယ်"

"အကို"

"ဟင်"

"ကျွန်တော့်ကို စိတ်မဆိုးဖူးလားဟင်"

"စိတ်မဆိုးပါဘူး... ကိုယ့်ကမ္ဘာမှာ ကလေးကိုစိတ်ဆိုးပိုင်ခွင့်မပေးထားဘူး"

ရှောင်းကျန့်က မော့ကြည့်မိတော့ သူကပြုံးလျက်ပင်။ စတွေ့ကတည်းကပင် သူ့ကိုအရာရာနားလည်ပေးကာ သူလိုသမျှဖြည့်ဆည်းခဲ့သူ။ ယိုယွင်းလာတဲ့သူတို့မိသားစုရဲ့စီးပွားရေးကို ထောက်တိုင်တစ်ချောင်းလို ရပ်တည်ပေးပြီး နောက်ပိုင်းတွင် သူ့ကိုချစ်ရေးဆို၍ လက်ထပ်ခွင့်တောင်းမှုမှာ ဘာအတင်းအကြပ်စေခိုင်းမှုမျှမပါခဲ့။ သူကသာ ကျေးဇူးကြွေးကြောင့်မငြင်းသင့် ဟုမှတ်ယူကာ အလိုမတူပါဘဲဇွတ်ခေါင်းညိတ်မိခဲ့ခြင်း။

ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)Where stories live. Discover now