ရိပေါ်က သူ့ပါးပါးရဲ့လုပ်ငန်းခွင်ထဲ၀င်ရောက်လုပ်ကိုင်ရတော့မှာဖြစ်တာမို့ ရှောင်းကျန့်ကသူပါလိုက်၀င်လုပ်ပါရစေ ဟု ပူဆာမိသည်။ ပါးပါးက ခွင့်ပြုပေမဲ့၊ ရိပေါ်ရဲ့ဆုံးဖြတ်ချက်က ရှောင်းကျန့်အိမ်မှာဘဲနေရမယ် ဟူ၍ထွက်လာသည်။
သူခေါ်လာတာဖြစ်လို့ သူခိုင်းတဲ့အတိုင်းနေရမတဲ့။ နှစ်လနီးပါးကြာမြင့်ခဲ့ပြီမို့ အိမ်မှာနေရတာကို အတော်ပင်ပျင်းနေခဲ့ပြီဖြစ်သော်လည်း သူရှိ၍အပျော်ကြီးပျော်နေသောမားကြောင့် စိတ်တော့ချမ်းမြေ့နေရတာပါဘဲ။
"ရှောင်းလေး အိမ်ပြန်ချင်လို့ဆို မားမားကိုလွမ်းနေပြီပေါ့ ဟုတ်လား"
"နည်းနည်းပေါ့...ဒါပေမယ့်ရိပေါ်ကပေးမပြန်ဘူး မားရ"
"သူစိတ်မချသေးလို့နေမှာပါ...သားက ဒီကမားကိုထားသွားချင်ပြီပေါ့"
"အဟီး...မထားခဲ့ချင်ပါဘူး။ ဒါပေမယ့် အိမ်ကိုလွမ်းရုံလေးတင်"
"ဒီမှာအပြီးနေပါလား ရှောင်းလေးရယ်...သားသူငယ်ချင်းလဲ ဒီမှာရှိတာဘဲကို။ သူကလဲ သားကိုအိမ်မပြန်စေချင်ဘူးရယ်။ အဲ့တာကြောင့် အကြောင်းပြချက်ပေးပြီးလျှောက်ဆွဲနေတာ"
"မဟုတ်ပါဘူး မားရာ...သူက သားကိုအမြင်ကတ်နေတာ။ သားပြန်လေ၊ ကောင်းလေနေမှာဘဲ"
"ကိုယ်အမြဲပေါင်းလာတဲ့သူငယ်ချင်းအကြောင်းမသိဘူးလား ရှောင်းလေးရယ်။ သူကလေ...သားမှသားဘဲ။ သားမျက်နှာလေးနည်းနည်းပျက်ရင်တောင် ယောက်ယက်ခတ်နေတဲ့လူမဟုတ်ဘူးလဲ"
"ဘာတွေယောက်ယက်ခတ်နေတာလဲ မား!"
"အမလေး!"
အိမ်ထဲဘယ်အချိန်ရောက်နေမှန်းမသိတဲ့ရိပေါ်ကြောင့် နှစ်ယောက်လုံးလန့်သွားရပေမဲ့ ရိပေါ်ကပြုံးစိစိ။ Suitအပြည့်နဲ့ရိပေါ်က တစ်မျိုးကြည့်ကောင်းနေတာမို့ ငေးငေးလေးကြည့်နေမိခိုက် သူ့ကိုပြန်စိုက်ကြည့်ပြီး မျက်ခုံးပင့်ရင်း ဘာလဲ ဆိုသော သဘောဖြင့် မေးဆတ်ပြသောရိပေါ်ကြောင့် မျက်လွှာချလိုက်ကာ
"မား! သားရေသွားချိုးတော့မယ်"
"အင်း အင်း ရှောင်းလေး အကြာကြီးမချိုးနဲ့ ဖျားမယ်နော် ကလေး"
YOU ARE READING
ချစ်သူ့မျက်နှာ၌ကမ္ဘာတည်စေ (Completed)
Romanceမိသားစုနှစ်စုလုံးကဘိုးဘေးစဉ်ဆက်ခင်မင်လာမှုကြောင့် မိခင်၀မ်းဗိုက်မှာသန္ဓေတည်ခဲ့တဲ့သူငယ်ချင်းဖြစ်ဖို့ကံပါလာတဲ့ကောင်လေးနှစ်ယာက်ရဲ့ မတည့်အတူနေဘ၀ကနေ တဖြည်းဖြည်းအချစ်ဘက်ကူးပြောင်းလာပုံကိုရေးထားတာပါရှင်။ #Unicode မိသားစုႏွစ္စုလုံးကဘိုးေဘးစဥ္ဆက္ခင္မင္လာမႈေ...