ယုံကြည်မယ်ဆိုရင်ဖြင့်(ယုံကြည်မယ်ဆိုရင်ဖြင့်) part 1

297 11 0
                                    

Unicode

ယုံကြည်မယ်ဆိုရင်ဖြင့်..... 1

"ဟဲ့...အငယ်ကောင် ...ဟဲ့...ငမင်း.....ငမင်း...."
"ဂျာ"
"အမလေးဟဲ့ .... အဲ့ဂျာ .. နောက်မှထားခဲ့ အိမ်သာထဲက ခုထွက်ခဲ့ စမ်း ....ဘယ့်နဲ့တော် အမေလုပ်သူက စျေးကိုသွား မောမောနဲ့ပြန်လာ ... အိမ်ရောက်တော့ အမောပြေမယ်မှတ်တယ် အိမ်ရှေ့မှာ ဖွလဲကျဲပြီး လုပ်ထားတဲ့ အရာတွေက မနည်းဘူး နင့်ကိုနင် ကလေးများမှတ်နေလား....ခုထွက်ခဲ့ "
"ဟာ....ဂျာ.... ဒီသားလေး တစ်ယောက်တည်း ရှိတာကို ... ဒီအိမ်မှာ သားက ကလေးပဲကိုး"
"ဟဲ့.....အိမ်သာထဲက ထွက်ခဲ့စမ်းပါ အထဲကနေ ပြန်အော်မနေနဲ့"
"အို.....မာတာမိခင် ကျေးဇူးရှင် မေမေ ဒေါ်စိန်မမ ရယ် ...မေ့ချစ်သားလေးက ထွက်လာချင်ပေမယ့် .. မနေ့က အားဖြည့်ထားတဲ့ အဟောင်းတွေက တားမရဆီးမရနဲ့လေ သူတို့ကို ထိမ်းထားလို့ မရလို့ပါနော်.... အို....မာတာမိခင်ရဲ့"
ဦးကျော်ကျော်မောင် မနေသာတော့ပါ...ဧည့်ခန်းမှာ သတင်းစာဖတ်နေရာက ထိုသားအမိရှိသည့် နောက်ဖေးမီးဖိုချောင် ခန်းဘက်ကို ကူလာခဲ့တော့သည်။
"မင်းတို့ မိသားစုကလဲ မိုးမလင်းသေးဘူး ဆူညံပွက်လော ရိုက်နေတာပဲ .. တကယ်ကွာ.."
"အော်...ရှင့်သားလုပ်တာရော ကောင်းသေးလာ....တကယ်တည်း မပြောလိုက်ချင်ဘူး....ရှင့်သား လုပ်နေတဲ့ အရာတွေကိုလဲကြည့်အုံး.... ဒီအရွယ် အရုပ်တွေနဲ့ ကစားရမယ့် အရွယ်လာ... မနက် မနက် ရှင်းလိုက်ရတဲ့ သူ့အရုပ်တွေ ဆော့ပြီးရင်လဲ နေရာတကျပြန်ထားပါတော့လာ ... ခုကြည့်ပါအုံး မြင်လို့မှကောင်းသေးလာ တော်သား လုပ်ထားတဲ့ အရာတွေကြတော့ မမြင်ဘူး ကျုပ်အော်တာတော့ ကြားတယ်ပေါ့ .. တကယ်ပဲ တော်တို့ သားအဖ သုံးယောက်လုံးကတော့ အေးဆေး .. အမေလုပ်တဲ့ ကျုပ်မှာ တော့ ဖတ်ဖတ် ကို မော"
"ကဲပါကွာ မင်းက ငါ့ဖက်ပါ မျှားဦးကလှည့်လာပြီး"
ဒေါ်စိန်မမ ရဲ့မျက်စောင်းကိုတော့ ဦးကျော်ကျော်မောင် လန့်ပါသည်။ ထိုမျက်စောင်းတချက်သည် ဒီတစ်ရက်လုံး နားအူးမည့်ရက် ဖြင့်သွားနိုင်ပါသည်။
"ဟိုကောင်... မင်းဆက်ကျော်....မပြီးသေးလည်း နောက်မှဆက် ခုမင်း အမေခေါ်နေတာ ထွက်တာကို ပိတ်ပြီး ခုအိမ်သာထဲက ထွက်ခဲ့တော့"
"လာပါပြီး ဗျာ.... ဂယ်ပဲ ဒီသားလေးကိုများ ပြောဆိုနေလိုက်ကြတာ"
မင်းဆက်ကျော် အိမ်သာထဲက ထွက်လာပြီး ဒေါ်စိန်မမ ဘေးတွင် ၀င်ထိုင်လိုက်ပါသည်။ စျေးခြင်းတောင်းထဲမှ မေမေ၀ယ်လာသည့် မုန့်ဆီကျော်အားနှိုက်လိုက်သည်။
ဖျက်....
"ကဲဟယ်..."
အ....
ဒေါ်စိန်မမကလဲ လက်သွက်သည်။ မင်းဆက်ကျော် လက်အားရိုက်ထည့်လိုက်သည်။ မင်းဆက်ကျော် မျက်နာ ရှုံ့မဲ့သွားကာ လက်ကိုပွတ်နေပါတော့သည်။
"ဟင်.... မှတ်ပြီးလာ...တကယ်တည်းတော် အိမ်သာထဲက ထွက်လာ ပြီးတော့ လက်မဆေးပဲ နှိုက်ရလာ"
"ဟာ....ဂျာ... ဆေးထားပါတယ်ဗျ... ပြီးတော့ အီးကုန်တာ ဒီလက်"
ဘယ်လက်ကို မြှောက်ပြလိုက်သေးသည်။
"အမေတို့ ဗျာ မညှာမတာ ဒီသားလေး တစ်ယောက်တည်းရှိတာကိုများ... နှိပ်စက်ကြတယ် စေတနာ မရှိတာလာ... ဒါလေးစားတော့ ဘာဖြစ်ရမှာတုံ"
"ဒေါင်..."
အာ.....
"မင်းကွာ ကလေးကို ဓားကြီးနဲ့ ခေါက်ရလာ... ဘယ်တော့ပြောပြော မရဘူး... လက်ထဲရှိတာနဲ့ ဆော်တော့တာပဲ"
"ရှင့်သားပြောတာ မကြားဘူးလာ ကျုပ်ဒါမျိုးပြောတာ မကြိုက်ပါဘူးလို့ အကြီးကောင် သွေးဆက်ကျော် ကြားရင် ဘယ်စိတ်မကောင်း ဖြစ်နေမှာပေါ့ ... ဘယ်တော့ပြောပြော ... ပြောမရဆိုမရ.. သွား..ဧည့်ခန်းမှာ ဆော့ထားတဲ့ နင့်အမှိုက်တွေ သွားရှင်း..."
"ဟာဗျာ မေတို့ကလဲ ခက်တာပဲ ကိုကို ကြားလဲဘာဖြစ်လဲ သိနေတာပဲကို သူ့ကိုမွေးစားထားတာဆိုတာ ကဲကိုကဲတယ်... ဂယ်ပဲ"
"တော်....."
ဒေါ်စိန်မမ အော်လိုက်သည်နှင့် မင်းဆက်ကျော် ထွက်ပြေးခဲ့ပါတော့သည်။ မင်းဆက်ကျော် ၏မိဘများကတော့ နောက်တွင် တိုက်ပွဲဆက်တိုက် ကြတော့မည်ကို သိသည်။ မင်းဆက်ကျော် လှည့်မကြည့်တော့ပါ ခုလောလော ဆယ် ထိုတိုက်ပွဲစစ်ကွင်းလွတ်အောင် ရှောင်ရမည်မဟုတ်လာ..
မင်းဆက်ကျော်သည် ကျောင်းပြီးခါစ အသက်အားဖြင့် ၂၃ နှစ်ရှိပြီး ဖြစ်သော လူချောလေးတစ်ယောက်ပါ။ မင်းဆက်ကျော် မိဘများအိမ်ထောင်ကျတော့ နှစ်ကြာသည့်တိုင် ကလေးမရကြသဖြင့် သွေးဆက်ကျော် ကို ဦးကျော်ကျော်မောင် ဆည်မြောင်း တာ၀န်ကျသည့် တပည့်ဆီမှ ခေါ်ယူမွေးစားလိုက်ကြသည်။ သွေးဆက်ကို မွေးစားပြီး နောက် ၅ နှစ်ကျော်မှ မင်းဆက်ကို ကိုယ်၀န်လွယ်လိုက်ရသည်။ ထိုကြောင့် ဒေါ်စိန်မမ တို့လင်ယားသည် သွေးဆက်ကိုလဲ အချစ်ပိုသည်။ သွေးဆက်မိဘများကိုလဲ အမြဲလက်ခံ တွေ့ဆုံပေးခဲ့သည်။
မင်းဆက်တို့အိမ်လေတွင် ထိုသို့သော် မနက်တိုင်း သာသာယာယာ စိုစိုပြေပြေနှင့် ပြည့်စုံနေပါသည်။
မင်းဆက်ကတော့ အငယ် ပီပီ ဆိုးနေဆဲ.. ကဲနေဆဲ...ပါ ။
xxxxxxxxxxxxxxxxxxxxxxxx

ယုံကြည်မယ်ဆိုရင်ဖြင့် (ယုံကြည်မယ်ဆိုရင်ဖြင့်)Where stories live. Discover now