ယုံကြည်မယ်ဆိုရင်ဖြင့်(ယုံကြည်မယ်ဆိုရင်ဖြင့်) part 6

31 2 0
                                    

Unicode

ယုံကြည်မယ်ဆိုရင်ဖြင့်..... 6

"ရော့...ဒီစာတွေ သွားတင်ရမယ်၊ ပွင့်ဖက်... ကိုအောင်ကျော်နိုင် ပြန်မလာသေးဘူးလာ"
"အေးဟဲ့...သူလဲ ပြန်မရောက်သေးဘူး... ရွာပြန်တာ ပြန်ကိုမလာသေးတာ"
"အေးလေ...သူလဲ ခွင့်ယူခဲတာပဲ....ဒါဆို မနက်ဖြန်..ငါတစ်ယောက်တည်း ဖြစ်တော့မယ်"
"မင်းဆက် ခေါ်သွားပါလာ"
"ဟာ....ခေါ်ချင်ဘူး..."
"မခေါ်လို့ဖြစ်မလာ..နင်တစ်ယောက်တည်းသွားရင် အဆင်မပြေတာတွေရှိမယ်လေ တစ်ယောက်တည်း ဘယ်လိုနိုင်မလဲလို့"
"ဟုတ်တော့ဟုတ်တယ် ငါအဲ့ဒီ နှာပြည်စုတ်ကို ကြည့်မရဘူး"
"သူလဲ တူတူပါပဲ"
"ဒါကြောင့် သူနဲ့အတူမသွားချင်တာဟ..."
"ခရီးက တစ်ယောက်တည်း အတွက်အဆင်မပြေဘူးလေ.. နင်သွားရမှာက အဝေးကြီး ပြီးတော့ ၄ ရက်ကြာမယ်၊ ပိုက်ဆံတွေလဲ ပါအုံမယ်၊ မဖြစ်ပါဘူး... မင်းဆက်သာ ခေါ်သွားတော့"
"တောက်.... ကိုအောင်ကျော်နိုင်ကလဲ ပြန်ကိုမလာသေးဘူး...အဲ့လူကြောင့် ခုလိုဖြစ်တာ"
"အေး... ပြောမနေနဲ့ ဒီတပတ်ထဲ ငါစီစဉ်လိုက်တော့မယ် ပတ်စပို့လ် လဲလုပ်ဖို့ အချိန်ရတာပေါ့"
"အေးပါ...အေးပါ ကောင်းသလိုသာ စီစဉ်တော့... အဲ့နှာပြည်စုတ်ကို နင်ပဲ ပြောလိုက်တော့"
"ပြီးရော...."
ပွင့်ဖက် သည် သွင်ခန့် နှင့် အလုပ်ကိစ္စတိုင်ပင်ရင်က မလေးရှားတွင် သွင်ကုန်တစ်ခုကြောင့် မဖြစ်မနေ ဒီတပတ်အတွင်း မလေးရှားသို့ သွားရမည့် အကြောင်းပေါ်လာသည်။ ထိုသို့သွားတိုင် ကိုအောင်ကျော်နိုင်ဆိုသည့် သူတို့ စာရေးကြီးအမြဲလိုက်နေကြ ဒီအခေါက်မှတိုက်ဆိုင်စွာ ကိုအောင်ကျော်နိုင် သူ့၏ရွာ သို့ ပြန်ချိန်နှင့် သွားတိုက်နေသဖြင့် ရွေးစရာလမ်း မရှိတော့ပဲ ရုံးတွင် တခြားလူများထက် မင်းဆက်ပဲ သင့်တော်သည့် အနေထားသို့စိုက်ရောက်ကာ မဖြစ်မနေ ခေါ်သွားရတော့မည် ဖြစ်ပါသည်။
ပွင့်ဖက် သွင်ခန့်၏ ရုံးခန်းမှ ထွက်လာ ကာ မင်းဆက်စားပွဲသို့ သွားလိုက်ပါသည်။
"မင်းဆက်..."
"ဗျာ မမ"
"မင်းမှာ ပတ်စပို့လ် ရှိလား"
"ရှိဘူး...မမ...ဘာလုပ်မလို့လဲ"
"အင်း...မရှိရင် ဒီအပတ်မှီအောင် မြန်မြန်လုပ်ရမယ်... လိုအပ်တာတွေ ပန်းနူကိုမေးလိုက် ပြီးရင် မမကို မနက်ဖြန် လိုအပ်တာတွေ လာပေးလိုက် ဟုတ်ပြီးလာ"
"ဟုတ်ကဲ့..... ဒါနဲ့...ဘယ်ကို...."
"လုပ်ထားလိုက် မြန်မြန်နော် ...အရေးကြီးလို့... ညီမလေး ပန်းနူ ...မင်းဆက်ကို လိုအပ်တာတွေ ပြောလိုက်နော်"
"ဟုတ်....မမ"
ပွင့်ဖက်တမင်ပင် မင်းဆက်မေးတာကို ပြန်မဖြေပဲ ထွက်လာခဲ့တော့သည်။
"ဘာလုပ်ဖို့လဲ ပန်းနူ"
"သိဘူးလေ...ပတ်စပို့လ် ဆိုမှတော့ နင့်ကို အိုဗာဆီ လွှတ်မလို့ နေမှာပေါ့"
"ဟယ်....ဂယ်...ဘယ်ကိုလဲ... ဂျပန်လာ... ကိုးရီးယားလာ.... စလုံးလာ..."
"အမလေးဟဲ့.... မှန်းရဲတယ်တော်....ထိုင်းကိုတဲ့"
"ထိုင်းကို...ဟုတ်လား.."
"အေး...နင့်ကို ဖြတ်ဖေါက်ချုပ်...လုပ်ပေးမလို့တဲ့"
"ငင့်....နင်နော်..."
"အမလေး . .. မြင်ကပ်လို့. စတာပါ..စတာဘာ... မျက်နာကြီးက ဖြစ်ပျက်သွားတာ.. အလုပ်ကိစ္စနဲ့ ပဲ...ဘယ်လဲတော့ သိမလာဟ..."
"ငါတစ်ယောက်တည်းလာ"
"ဟယ်...ပြောရဲသေးတယ်...နင်ကအကူသဘောပဲ...နင်အထှာလေးနဲ့ဟယ်... ပြောထွက်တာ အံ့ပါ့"
"နင်ကလဲ... ဒါဆို မမနဲ့လာ"
"ဟုတ်မှာပေါ့"
"အဟီး။...."
"အဲ့ဒါဘာဖြစ်တာလဲ"
"၀မ်သာသွားတာ..."
"အမလေးဟဲ့.... ပြောကို မပြောချင်ဘူး ..ပြောကို မပြောချင်ဘူး"
ထိုနေ့ကတော့ မင်းဆက်ပျော်နေပါတော့သည်။
နောက်ရက်တွင် မင်းဆက် ပွင့်ဖက် မှာ ထားသည့် စာရွက်စာတမ်းများ လာပေးသည်။ ထိုရက်တစ်ပတ် တစ်ခုလုံး မင်းဆက် ပျော်ရွှင်စွာအလုပ်...လုပ်နေပါသည်။

ယုံကြည်မယ်ဆိုရင်ဖြင့် (ယုံကြည်မယ်ဆိုရင်ဖြင့်)Where stories live. Discover now