Unicode
ယုံကြည်မယ်ဆိုရင်ဖြင့်..... 9
.
သွင်ခန့် အလုပ်ကိစ္စပြီးတော့ ဟိုတယ်ရောက်မှ ခေါင်းမီးတောက်တော့သည်။ ဟိုတယ်က ၀န်ထမ်းများကလဲ ပြောသည် မင်းဆက်ပြန်မလာပါတဲ့။
"ဟာကွာ.....အဲ့ဒါမှ သောက်ကျိုးနဲ... ဘယ်ရှာရမှန် မသိတော့ဘူး၊ .. မင်းဆက်... မင်းဆက်.. မင်းငါ့ကို တော်တော် ဒုက္ခပေးတာလွန်တယ်ကွာ၊ စိတ်ရောကိုယ်ပါ တော်တော် ဒုက္ခပေးတာ လွန်တယ်ကွာ.... "
သွင်ခန့် ဗျာများကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့၊ နောက်ဆုံးတော့ သွင်ခန့် အလုပ်ကိစ္စ မိတ်ဆွေများကို သာ အကူးညီတောင်းရတော့သည်။
မင်းဆက်ကို ဝုိင်းရှာကြပေမယ့် ဘာသတင်းအစနမှ မရ၊ သွင်ခန့် တော်တော် စိတ်ပူလာသည်။
"ဟာကွာ...ဘယ်တွေ လျှောက်သွားနေတာလဲကွာ၊ ငါ့ကိုအဲ့လောက် ဒုက္ခပေးရတာ မကျေနပ်သေးဘူးလာကွာ၊ တောက်..... "
သွင်ခန့်မှာတော့ ဇောချွေးများပင်ပျံလာတော့သည်။ နောက်ဆုံးတော့ ရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ရတော့သည်။
သွင်ခန့် စိတ်ပျက်ပျက်ဖြင့် ဟိုတယ်သို့ပြန်လာခဲ့ရတော့သည်။ ညပင်တော်တော်မိုးချုပ်နေပါတော့သည်။
"အကို...အကို..."
သွင်ခန့်နောက်ကနေပြီး တစ်ယောက်ယောက်ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ပါသည်။ မြန်မာလို ပြောနေသည့် သွင်ခန့်မသိသည့် လူတစ်ယောက်ပါ။
"ကျနော်ကို ခေါ်တာလား"
"ဟုတ်ကဲ့..."
"ကျနော်ကို သိလို့လား..."
"ဟုတ်ကဲ့..."
"ဒါပေမယ့် ကျနော်ကတော့ ဟောဒီက ညီကို မသိပါဘူး"
"ဟုတ်ပါတယ် ကျနော်ကိုတော့မသိပေမယ့် မင်းဆက်ကိုတော့ သိတယ်မဟုတ်လာ"
"ဟင်.... မင်းဘယ်လိုသိတာတုံ"
"ကျနော်နာမည် မိုးကောင်းပါ"
"အင်း.. မင်းဆက်ကို မင်းဘယ်လိုသိတာလဲ"
"ကျနော်နဲ့ မနေ့ညကတည်းက တညလုံးရှိနေခဲ့ပါတယ်"
"ဘာ...."
သွင်ခန့် ဒေါသများထွက်သွားတော့သည်။ တခါတရံ ပညာရှိအသိလွတ်ဆိုသလို...သွင်ခန့်တစ်ယောက် လွတ်သွားတော့သည်။ မိမိရှေ့က လူရဲ့ အကျီင်္ ကော်လန်ကို ဆွဲကာ..
"မင်း....မင်း.... ငါ့ညီလေးကို ဘာလုပ်လိုက်လဲ၊ ဟေ့ကောင်.. မင်း.. ငါ့ညီကို.. ဟေ့ကောင်... မင်းဆက်လို ဖြူစင်ရိုးသားတဲ့ကလေးကို မင်းဘာတွေလုပ်လိုက်လဲ.. ပြောစမ်း....ဟေ့ကောင်..." မိုးကောင်းက သွင်ခန့်လက်ကို ပုတ်ချလိုက်ပြီး။
"ခင်များကမင်းဆက်နဲ့ ဘယ်လိုပက်သက်လို့လဲ"
"ဟ...ဒါမင်းသိစရာမလိုဘူး၊ ငါကသူ့အုပ်ထိမ်းသူဆိုရင်လဲ မမှားဘူးကွ"
"ဒါဆို ခင်များ..ကျနော်ကို ကောင်းကောင်းမေးသင့်တယ်"
သွင်ခန့် စိတ်လောသွားသည့်အတွက် အဖြစ်မှန်ကို ပြန်မြင်သွားကာ လက်ကို လျော့လိုက်သည်။
"အကိုတောင်းပန်ပါတယ်ကွာ၊ အကိုနည်းနည်းစိတ်လောသွားတယ်၊ အကိုယ့်ညီလေးကို အကိုစိုရိမ်ပူပန် နေတာ၊ မင်းဆက်ညကတည်းကပျောက်နေတာကိုပေါ့"
"အကိုကစိုးရီမ်တယ်ပြောတာ၊ ညကတည်းကရော လိုက်ရှာလို့လား"
"အဲ့...."
သွင်ခန့် ဘာပြေရမှန်ကိုမသိတော့။
"ထားပါဗျာ.. ခုမင်းဆက် နေမကောင်းဖြစ်နေတယ်၊ ပင်းပန်သွားလို့ဖြစ်မယ်"
"ဘာ..."
"ဟိုထား...ဆရာသမား... လက်တော့မမြန်နဲ့တော့ဆရာ၊ မင်းဆက်က ဘာဖြစ်တယ်မသိဘူး၊ တညလုံးငိုထားတာ၊ မအိပ်ပဲနဲ့ ဒါကြောင့် ပင်းပန်ပြီး ဖျားနေတာကို ပြောတာ"
"ဟင်... တစ်ညလုံးဟုတ်လား"
"ဟုတ်ပါတယ် အကို"
"အခု...အခု ...ဘယ်မှာလဲ"
"ကျနော်တို့ အဆောင်မှာပါ"
"ဘယ်လိုကနေပြီး မင်းတို့အဆောင်ကို ရောက်သွားတာလဲ၊ မင်းဆက်နဲ့ မင်းဘယ်လိုသိတာလဲ၊ မင်းဆက် ကမင်းနဲ့ဘယ်လို ပက်သက်တာလဲ"
မိုးကောင်းတစ်ချက်ပြုံးလိုက်သည်။ နောက်ပြီးတော့ သွင်ခန့် မခံချင်မခံသာ ဖြစ်အောင် သွင်ခန့်မေးသည့် မေးခွန်းများကို မဖြေပဲ လှည့်ထွက်ခဲ့တော့သည်။
သွင်ခန့်မှာတော့ အောင့်သက်သက်ဖြင့် မိုးကောင်းနောက်ကလိုက်ခဲ့ရတော့သည်။ သွင်ခန့်ကတော့ မကျေနပ်စွာနောက်ကလိုက်ခဲ့တော့သည်။
မိုးကောင်းအိမ်ရောက်တော့ မင်းဆက်က အိပ်နေသည်မှာ ခွေခွေကလေး၊ မင်းဆက်တစ်ယောက် မနေ့ကတည်းက ထွက်သွားသည့် အ၀တ်စားများဖြင့်တွေ့ရသည်ကို သွင်ခန့်၀မ်းသာသွားသည်။ သူစိုးရိမ်သလို ဖြစ်မနေပါဟု ထစ်ထစ်ချ မျက်စိမှိတ်ကာ ယုံပစ်လိုက်တော့သည်။ ဘာကြောင့် သူအဲ့လိုဖြစ်သွားသည်ကို သွင်ခန်ု့ကိုယ်တိုင်နားမလည်ပါ။ သို့ပေမယ့် စိတ်ချမ်းသာသည်ကတော့ အမှန်ပင်ဖြစ်ပေသည်။
မင်းဆက်ကို မိုးကောင်း အကူးညီဖြင့် ဟိုတယ်အနီးနားက ဆေးခန်းကို ခေါ်ခဲ့ရပါတော့သည်။
မင်းဆက်ကတော့ ... ကိုယ်ပူကြီးကာ..ယောင်ယမ်းကာ နူတ်ကထွက်လာသည့် စကားကြောင့် သွင်ခန့် စိတ်မကောင်းဖြစ်ခဲ့ရပါတော့သည်။
"မဟုတ်ဘူး....မဟုတ်ဘူး... အဲ့လိုမဟုတ်ဘူး..."
"ဟင်..."
"မဟုတ်ပါဘူးဗျာ...အဲ့လို မဟုတ်ပါဘူးဗျာ..."
သွင်ခန့် တော်တော် စိတ်မကောင်းမိပါ။ ထိုစကားစုကို သွင်ခန့် ဘာသာပြန်စရာ မလိုအောင် နားလည်နေပါသည်။
သွင်ခန့်ရဲ့ ရင့်ရင့်သီးသီး ပြောခဲ့သော် စကားများက မင်းဆက်ရဲ့ နှလုံးသားကို ရိုက်ပုတ်လိုက်ပြီးလားတော့ သွင်ခန့်မသိချင်တော့။
x x x xx x x x x
YOU ARE READING
Fantasíaသွင်ခန့် မင်းဆက် သွင်ခန့် မင်းဆက် crd to original writer by Jin Jar