ယုံကြည်မယ်ဆိုရင်ဖြင့်(ယုံကြည်မယ်ဆိုရင်ဖြင့်) part 2

69 4 0
                                    

Unicode

ယုံကြည်မယ်ဆိုရင်ဖြင့်..... 2

မင်းဆက်... သွင်ခန့်ကို ... စားတော့ဝါးတော့မည့် မျက်နာသေးဖြင့်ကြည့်လိုက်သည်။ သွင်ခန့်ကလဲ မင်းဆက်ကို စိတ်ပျက်စွာကြည့်နေမိပါတော့သည်။
"မင်းဆက် သား...မင်းကွာ ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို မင်းလုပ်ပုံကောင်းလား.. တောင်ပန်လိုက်..အခု"
"သူလဲ...သားဘောလုံးကို တက်နင်းပစ်တာပဲကိုး"
"ဟဲ့ ... နင်တို့က လမ်းပေါ်ကစားနေကြတာပဲ.... အဲ့ဒါသာကြည့်တော့ သားရယ် မင်းညီကတော့ ပြောကို မပြောချင်တော့ဘူး... အသက်က ၂၃ ရှိပြီး ခုထိ ကလေးစိတ်က မပျောက်သေးဘူး ကစားမယ် သွားမယ် လည်မယ် ပတ်မယ်ဆိုတာကြီးပဲ ဆိုးချက်ကလဲ ပြောမနေတော့နဲ့ အော်..သားမှတ်မိလား ညီလေးကို သားငယ်ငယ်က အန်တီဆီလာတိုင်း မင်းရဲ့ညီလေးကို အပိုင်ပေးပါ သားချစ်လို့ပါလို့ တောင်းတဲ့ကလေး လေ"
"ဟုတ်မယ် အန်တီ... ကျနော်ကို တောင်ရန်တွေ့တာ ကြောက်တောင်သွားတယ် . သူဆိုးမှာတော့ အန်တီမပြောလဲ သိနေပါတယ်"
"ဟုတ်ပ ဟုတ်ပ.... ဒါနဲ့သားက ခုဘာတွေလုပ်နေလဲ"
"အော်....ဟုတ်...ကျနော်က ကျနော့် သူငယ်ချင်း ၂ ယောက်နဲ့ဆုပြီး အစုရှယ်ယာ သွင်းကုန်ထုတ်ကုန် (Logistics) တစ်ခု လုပ်နေတယ်"
"ဟုတ်လား...မင်းရဲ့ညီလေးကိုလဲ အလုပ်ပေးပါအုံးကွယ်"
"ဟာ...မေမေကလဲ သူ့ဆီလုပ်မယ့်အစား ကိုကိုဆီမှာပဲ လုပ်မှာပေါ့လို့"
"ဟဲ့...လျှာမရှည်နဲ့... နင့်အကိုဆီမှာ လုပ်ရင် နင်ကိုမခိုင်းရပဲ နင့်အကိုကိုယ်ပဲ နင်ကခိုင်းစားသွားမှာ ငါသိတယ်"
"ငင့်.........မေတို့ကလဲ တစိမ်းရှေ့ တအား အမွှန်းတင်တာပဲနော်"
"ဟဲ့...မဟုတ်လို့လား...ပြီးတော့..ဒါတစိမ်းမဟုတ်ဘုး...နင်သာ..မိန်းခလေးဖြစ်ရင် နင့်ယောကျာ်းဖြစ်မယ့်သူ"
"ဗျာ"
"သျှမ်း....အဲ့.....ဂျာ"
ပထမ ဗျာက သွင်ခန့်ထံမှ အံ့သြပြူးကြည့်ထွက်လာသည့်အသံ / ဒုတိယထွက်လာသည့် အသံကတော့ မင်းဆက် ရင်ဘက်ကို ဖိကာ ပြူးထွက်သွားသည့် မျက်လုံးက နှစ်ဆဖြင့် ကြည့်ကာ ပက်လက် လန်ဟန် ပြုပြီး မှ အော်သံပင်ဖြစ်ပါတော့သည်။
"ဟာဗျာ ...မဟုတ်တာ... "
သွင်ခန့်၏အလိုမကျသံက အရင်ဦးဆုံးထွက်လာတော့သည်။
"ဟဲ့ ... သဘောပြောတာ ဖြစ်သွားလိုက်ကြတာ တကယ်တယ်တော်"
"ဟား...ဟား.... မေကြီးကလဲ ရှင်းရှင်းပြောမှပေါ့ကွ"
ဦးကျော်ကျော်မောင် သဘောကျစွာ ရယ်နေပါတော့သည်။
"အော်.....ဟုတ်ပါပြီးတော်...ဒီလိုပါ..သားလေး သွင်ခန့်ရဲ့ ...သားမိဘတွေနဲ့ အန်တီတို့က ညီအမလို မောင်နှမလို ခင်မင်ကြတယ် ချစ်ကြတယ်။ သားမွေးပြီးမှ အန်တီက ကိုယ်၀န်ဆောင်ရတော့ သမီးလေး မွေးပါစေပေါ့.. သမီးလေး မွေးရင် သားနဲ့ပေးစာမယ်ပေါ့...ဒီလို..ဒီလို....နောက်တော့ ဟော့ဒီ အော်ကျော်လန်ပဲ ထွက်လာခဲ့တော့ ပေးစားလို့ရတော့ဘူးလေ ဒါကိုပြောပါတယ်..ဟင်း...ဟင်းးး"
"မေ...သားကို ကြပ်တာများပြီးနော်...တော်ပြီးဗျာ... "
မင်းဆက် စိတ်ဆိုးက ထွက်သွားသည်။ မင်းဆက်နောက်မှာတော့ ရယ်ရင်ကျန်ခဲ့သော ထိုသူကိုလဲ မုန်းပါသည်။ မေမေကိုလဲ မကျေနပ်ပါ၊ ဖေဖေကိုလဲ ထိုနည်း၄င်းပဲ။
"မေမေကလဲ ညီလေး ကိုပြောတာ လွန်တာပေါ့ဗျာ"
သွေးဆက်လဲ ဧည့်သည်ဆိုသည့်ကတည်းက အနားကိုရောက်လာခဲ့ပါသည်။ သို့သော် ဖေဖေတို့ မေမေတို့ အနီးထိတော့ မရှိနေပဲ မလှမ်းမကမ်းက စောင့်လို့ကြည့်နေပါသည်။ မင်းဆက် ထွက်သွားတော့မှ သူ၀င်ကာ ပြောရပါတော့သည်။ ထိုရွှေဧည့်သည်ကလဲ ရယ်သလိုလို မဲ့သလိုလို နေသည်ကိုတော့ မကျေနပ်ပါ။
"အော်...သားကြီးရယ် မေမေတို့ကလဲ သားငယ်ကို ချစ်လို့စတာပါ၊ ငယ်ဆုံးဆိုတော့ သူ့ကိုပဲ ကြည်စား ချစ်နေရတာ သားသွင်ခန့်ရဲ့"
"ဟုတ်"
"အော်....မိတ်ဆက်ရအုံးမယ် သားသွင်ခန့်.... ဒါ..သားကြီး...သွေးဆက်ကျော် လေ... သားသိတယ်မဟုတ်လာ သွေးဆက်က သားထက် ၄ နှစ်လောက်ကြီးတော့ သားလာတဲ့ အချိန်တိုင်းမှာ ကျောင်းသွားနေတဲ့ သွေးဆက်ကို တော့ မှတ်မိပါ့မလား"
"ဟုတ်...ကိုသွေးကိုတော့ မှတ်မိတယ်... ကိုသွေးက ပိုချောလာတယ်နော်..."
"ဟုတ်...ကျနော်လဲ ညီကိုမှတ်မိပါတယ် ကျနော် မင်းဆက်ကို ချီခေါ်သွားတိုင် ကျနော်ကိုယ် အမြဲထုရိုက်တတ် တဲ့သွင်ခန့် ငိုပြီး မေမေတို့ဆီကိုသွားတိုင်ပြီး ညီလေးမင်းဆက်ကို ပြန်လုခိုင်းတဲ့ သွင်ခန့် ကျနော်ကို ဆိုးတဲ့ သွင်ခန့်ကို မှတ်မိပါတယ်။ သွင်ခန့်က ငယ်ငယ်လိုတော့ မဟုတ်ပါဘူးနော်"
"ဗျာ....ဘာဖြစ်လို့လဲ"
"ကျနော် ညီလေး မင်းဆက်ကို လာလုအုံးမလားလို့"
"ဟာဗျာ.....ဟားဟား...."
"ဟားဟား..." "ခစ်ခစ်.....ခိခိ"
သွေးဆက်၏ စနောက်လိုက်သော စကားကြောင့် အားလုံးရယ်မောကုန်ပါတော့သည်။ ခုမှ အခြေနေ ပုံမှန်ရောက်သွားတော့သည်။
"ခုချိန် ဒီလိုမျိုး ဆိုးတဲ့ မင်းဆက်ကိုတော့ ဒီတစ်ခါ လိုက်ပြီး မလုခိုင်းတော့ပါဘူးဗျာ... အဲ့တုန်းကလဲ ကလေးသာသာမို့ ဘာနားလည်မယ်ဆိုတာလဲ မပြောတတ်ပါဘူး... ကိုသွေးပြောတာတွေတော့ သိပ်မမှတ်မိဘူးဗျ"
"ဟဟဟ ဟုတ်ပါပြီးဗျာ...ထားပါတော့ ကိုယ်လဲ အလုပ်သွားတော့မှာ ဒါကြောင့် နောက်မှပဲ အေးဆေး တွေ့တာပေါ့ ရန်ကုန်ထဲတူတူ ရောက်နေကြပြီးပဲ"
"ဟုတ်ကဲ့...ကောင်းပါပြီး..ခင်မျ...ကျနော်လဲ ပြန်တော့မယ် မေမေတို့ ဖိတ်ခိုင်းတဲ့ တချို့တွေကျန်သေးလို့"
"အော်...ဟုတ်တာပေါ့...ဟုတ်တာပေါ့... သား...နောက်ခါလဲ လာလည်နော်"
"ဟုတ်ကဲ့ပါ ခင်မျ"
"ဟယ်....စကားကောင်းနေလိုက်တာ ဘာမှလဲ မဧည့်ခံလိုက်ရဘူး.. အာနာစရာ..ကွယ် သားရယ်"
"ရပါတယ် အန်တီ... ကျနော်ကိုပြန်ခွင့်ပြုပါအုံ"
"ကောင်းပါပြီး.... ကိုနိုင်လင်းတို့ ဒေစီတို့ကို ပြောလိုက် အိမ်တက် နေ့ကျမှ မတွေ့ရသေးတဲ့ နှစ် ၂၀ ကျော်လောက် ကိုပြောရတော့မယ် ဟင်းဟင်း"
ဒေါ်စိန်မမရဲ့ ကျေနပ်အားရသံနှင့် အတူ ဦးကျော်ကျော်မောင်ရဲ့ ကျေနပ်စွာပြုံးကြည့်နေသည့် အောက်မှာပင် သွင်ခန့် ပြန်ခဲ့ပါတော့သည်။
xxxxxxx
"ဘာ...ဘယ်လို...ဘယ်လို...."
"ဟယ်....ရင်တွေခုန်လိုက်တာ"
"မသာမတွေ..."
မင်းဆက်သည် နိုင်နိုင် နှင့် လပြည့် တို့အား နေ့လည်က ဖြစ်ပျက်ခဲ့သော သွင်ခန့်နှင့်တွေ့ဆုံပုံနှင့် မိဘများပြောလိုက်သည့် အကြောင်းရာများကို ဖောက်သည်ချနေပါတော့သည်။ နိုင်နိုင် နှင့် လပြည့် သည် မင်းဆက်နှင့် ကျောင်းနေဖက် သူငယ်ချင်း များဖြစ်ကြသည်။ နိုင်နိုင်ကတော့ ခု ကျောင်းပြီးလို့ မိဘအလုပ်ကိုပဲ ပြန်လုပ်နေသည် နောက်နှစ်တွင် အိမ်က သဘောတူသည့် လပြည့်ဆိုသည့် ငယ်သူငယ်ချင်း မိန်းခလေး နှုင့် လက်ထက်တော့မည်။ သူတို့ နှစ်ယောက် လက်ထပ်ဖြစ်အောင်လဲ မင်းဆက် လှော်ခဲ့သည်ပင်။ သူတို့ သုံးယောက် တွေ့သည်နှင့် ဟုတ်တာတွေရော မဟုတ်တာရော အားလုံးပေါင်းကြံကာ ခွီးကြသည်။
"ပြန်ပြောစမ်းပါဟယ်...ကြားချင်လွန်းလို့.."
"အေးလေ...အေးလေ"
"မသာမတွေ....ငါအစားကြေသေးတာမဟုတ်ဘူးနော်...နင်တို့ဘက် မြှားဦးလှည့်သွားမယ်"
"ဟား...ဟား.."
"ဟိဟိ...ဒါကြောင့် နင် ကျောင်းတုံက ရည်းစားလေး ဘာလေ မထားခဲ့တာကိုး... ငယ်ချစ်ကြီးကို စောင့်နေတာကို ... မထင်ရဘူးနော်"
"အင်း...ဟုတ်ပါ့..ဟုတ်ပါ့"
လပြည့်ပြောသည်ကို နိုင်နိုင်က ထောက်ခံကာ မင်းဆက်အား မသက င်္ာသလို မျက်နာပေးနှုင့်ကြည့်နေသည်။
လပြည့်ကတော့ မိန်ခလေးတန်မဲ့ လောင်ကျော်စွာ တဟားဟားရယ်နေပါတော့သည်။
"ဘရား တကော် ဘရား တကော်"
မင်းဆက်လည်း အားကျမခံ ရင်ဘက်ကို ဖိကာ အိုင်တင်အပြည့်...
"ဟ....ဘာလဲဟ...ဘရား တကော် က"
"ဟင်းဟင်း..... အိုဘုရားသခင် ဘုရားသခင် လို့အော်တာ နေမှာပေါ့"
"ဟုတ်ဆယ် ရိုက်လိုက်ပါအုံး လပြည့်.... င အ...နိုင်နိုင်"
ဖက်...ဖက်
မင်းဆက် နှင့် လပြည့် လက်ဝါးခြင်းရိုက်လိုက်ပါသည်။
"ဟာကွာ...ဘရော်တကား ဘရော်တကား ပဲကြားဖူးပါတယ်"
"ဘုရားသခင်ကို ဘရော်တကား... ဘရော်တကားကို ဘရားတကော်... ဒါလေတောင်မသိ..ငအ"
"မှားပါတယ် လဒရယ်"
"ခိခိ...မင်းဆက်ကတော့ မိုက်တယ်ကွာ လိုင်းပူးလုိူက်တော့"
"အေးပါ...အေးပါ...ပြောထားကြအုံပေါ့...ဟင်းဟင်း"
"နင်တို့တွေ တွေ့ရင် ဘာဖြစ်အုံမလဲ စိတ်၀င်စားတယ်ဟယ်"
"ဆိတ်ပဲ၀င်စားစား...နွားပဲ ၀င်စားစား...ငါ့ကိုကြည့်တဲ့ပုံကိုက ရွံတဲ့မျက်နာထားနဲ့"
"ဘယ်တုန်းကလဲ"
"မေမေက ပြောလိုက်တဲ့ အချိန်မှာ ငါ့ကိုကြည့်လိုက်တဲ့ အကြည့်က ငါသိနေတယ် ငါသိနေတယ်"
"အော်ဖြစ်ရလေဟယ်"
ထိုရက်က မင်းဆက် အိမ်ကို နောက်ကျမှ ပြန်လာသည်။ အိမ်ရောက်တော့ ဒေါ်စိန်မမ စောင့်နေပါသည်။ ရိုးရိုးစောင့်နေခြင်းမဟုတ် ကြိမ်တုတ်နှင့်ပါ။
"လာစမ်းဒီကို...ဘယ့်နဲ့တော် ...ထွက်သွားလိုက်တာ လက်ယားလက်ယားနဲ့"
"ဟာ...မေ....လွန်မယ်နော်....လွန်မယ်နော်"
"လာစမ်းပါ...လာစမ်းပါ....ငါအသက်ကြီးပေမယ့် နင့်လောက်ကတော့ လိုက်နိုင်ပါသေးတယ်...လာစမ်းပါ"
ဒေါ်စိန်မမက နောက်ကလိုက် မင်းဆက်က စတီတွေကြားပတ်ပြေးနေပါတော့သည်။ သွေးဆက် မနေသာတော့ပါ။
"မေမေရယ် တော်ပါတော့...ညီလေးလဲ ပြန်ရောက်နေပြီးပဲ"
"နင်လို ကြပ်ကြပ် အလိုလိုက် ဒါကြောင့် ဒီကောင် ရောင့်တက်နေတာ... အငယ်ကောင်...မနက်ကျရင်.. စောစောထ..သွင်ခန့်တို့ အိမ်ကို အိမ်တက်လိုက်ရမယ်"
"ဟာဗျာ....လိုက်ချင်ဘူး"
"ဘာ.....မလိုက်မနေရ...လိုက်ရမယ် တစ်ချက်လွှတ်အမိန့်...ပုံ ဒေါ်စိန်မမ"
"ဟာ...ဂျာ....ဟာဂျာ....ကိုကို...ကိုယ်ခေါ်သွားရသားနဲ့"
သွေးဆက်ကတော့ ပြုံးပြီးကြည့်နေပါသည်။ ဘာမှ၀င်မပြော။
"ဟဲ့ နင့်အကို က အလုပ်နဲ့ အကိုင်နဲ့... နင်သာအလုပ်မရှိ အကိုင်မရှိ"
"ဘာဖြစ်လဲ အဲ့လိုက်ပြီးမှ အလုပ်သွားရသားနဲ့"
"ကိုကိုက မနက်ချိန်းထားတာ ရှိလို့ ညီလေးရ...ညီလေးပဲလိုက်သွားလိုက်တော့"
"ဒါမျိုးကြီးပဲ ....သားကိုကြရင်"
"အမယ်...အမယ်.....နင့်ကို မစင်ပုံထဲခုန်ချခိုင်းလို့လာ... ဒီလောက်ဖြစ်နေရအောင်"
"မစင်ပုံကမှ သန့်အုံမယ်"
"ဘာ....."
"ဘာမှ ဟုတ်ဘူး"
"အေး... မနက်ကျရင် ဘောင်တွေ ဘွတ်တွေ မလုပ်လာနဲ့... မြန်မာလို ယဉ်ယဉ်ကျေးကျေး ၀တ်ခဲ့...ခုလိုမျိုး လမ်းသရဲပုံစံ မျိုး၀တ်လာလို့ကတော့ အသေပဲ ... မနက် ၇ နာရီသွားမှာ... ဒါပဲ"
"ဟင့်...."
မင်းဆက် စိတ်မကြည်စွာ ခြေထောင့် ဆောင့်ပြီး အိမ်ပေါ်ထပ်သို့ ပြေးတက်သွားပါတော့သည်။ သွေးဆက်ကတော့ ဒေါ်စိန်မမ နှင့် မင်းဆက်ကို ကြည့်ပြီး ပြုံးကျန်ရစ်ခဲ့ပါတော့သည်။
xxxxxxx
ဆက်ရန်
Jin Jar

ယုံကြည်မယ်ဆိုရင်ဖြင့် (ယုံကြည်မယ်ဆိုရင်ဖြင့်)Where stories live. Discover now