Unicode
ယုံကြည်မယ်ဆိုရင်ဖြင့်..... 11
"အ....."
မင်းဆက် အလုပ်က အိမ်သာထဲမှ အထွက် နောက်ကနေ စောင့်ဆွဲလိုက်ခြင်းခံရလိုက်ရသည့် အတွက် ယိုင်သွားကာ သွင်ခန့်ရင်ခွင်ထဲရောက်သွားသည်။ ပထမတော့ မင်းဆက် ကြောင်သွားသည်။ သတိရသည့် အချိန်မှာတော့ မင်းဆက် ရုန်းကာ ပြန်ထွက်ပေမယ့် သွင်ခန့်က လွှတ်မပေးပဲ အတင်းဆွဲထားသည်။
"ဘာလုပ်တာလဲဗျ...လွှတ်"
"မလွှတ်ဘူး"
"ဘာဗ်"
"ဟုတ်တယ်၊ မနက်တိုင်းကိုယ်လာခေါ်တိုင် မင်းက မင်းအကိုနဲ့ ထွက်သွားပြီး၊ အဲ့ဒါဘာသဘောလဲ"
"ဘာသဘောရမှာလဲ ခင်များနဲ့ မသွားချင်လို့ တမင်ကို ဒီလိုလုပ်နေတာခင်များမသိတာလား မသိချင်ယောင်ဆောင်နေတာလား"
"ဘာကွ....မင်းကဘာစကားပြောတာလဲ"
"ဘာပြောရမှာလဲ မြန်မာစကားပေါ့...နာမလည်ဘူးလား"
"တောက်....မင်းငါ့စေတနာကို မစော်ကားနဲ့"
"အဟ....ဘာစေတနာလဲ...ဘာမှမသိချင်ဘူး၊ ခင်များကြီးဆီကလဲ ဘာမှလဲ မမျှော်လင့်ချင်ဘူး၊ ခင်များစေတနာဆိုတာ ကျနော်အတွက်တော့ အဆိပ်တွေပဲဖြစ်ရမယ်"
"မင်းငါ့ကို ဘယ်လိုပြောလိုက်တာလဲ... မင်းအနားမှာ မင်းမသိတဲ့ အန္တရယ်တွေ အများကြီးဆိုတာ မင်းမသိလို့ပါ၊ မင်းအတွက်ပြောနေတာ"
"ကျနော်အနီးက ကြောက်စရာ အန္တရယ်တွေကြီးပဲဆိုရင်လဲ ခင်များကလွဲလို့ တခြားလူရှိမှာ ဟုတ်ဘူး၊ ခင်များသာ ကျနော်ကို စေတနာထားမယ်ဆိုရင် ခင်များသာ ကျနော်နဲ့ အဝေးဆုံးမှာ နေရင်သိပ်ကောင်းမှာပဲ"
"ဘာကွ....မင်း....မင်း....ငါ့ကို.."
"ဘာဖြစ်လဲ"
အု....
သွင်ခန့် မနေနိုင်တော့ မင်းဆက်ကို အတင်းဆွဲကာ နမ်းပစ်လိုက်တော့သည်။ မင်းဆက်ရုန်းရင်က နံရံနားသို့ကပ်ကာသွားတော့သည်။ မင်းဆက်ရုန်းလို့မရတော့၊ မင်းဆက် သွင်ခန့်ကို ပြန်ပြောလို့လဲ မရပါ။ သူ့နုတ်ခမ်းကို သွင်ခန့်က သူ့နူတ်ခမ်းဖြင့် အတင်းပိတ်ကာထားသည်။ မင်းဆက် ၀မ်းနည်းလာတော့သည်။
"မင်ဆက်...မင်းငိုနေတာလား"
သွင်ခန့်သည် မင်းဆက်အားလွှတ်ပေးလိုက်တော့သည်။ မင်းဆက်က သွင်ခန့်၏ ရင်ဘက်ကို လက်ဖြင့်တွန်းကာ ထွက်သွားတော့သည်။
သွင်ခန့်တစ်ယောက်တည်း ငူငူကြီးဖြစ်ကာ ကျန်ရစ်ခဲ့တော့သည်။ ထိုနောက် ဖုန်းကို ကိုင်ကာ သွေးဆက်အား ဖုန်းခေါ်လိုက်ပါတော့သည်။
Xx xx xxx
"ဘာလဲ ဘာဖြစ်လို့လဲ... မင်းဆက်နဲ့ဘာဖြစ်ကြလို့လဲ"
သွေးဆက်သည် သွင်ခန့်ချိန်းဆိုလိုက်သည့် ဆိုင်ရောက်တော့ မရပ်မနား တရပ်ဆက်တည်း မေးလိုက်တော့သည်။ သွင်ခန့်ရှေ့ကိုကြည့်လိုက်တော့ ဘီယာနှစ်ခွက် မော့ထားပြီးပြီ။ သွင်ခန့် ရေချိန်ကိုက်နေပြီး ဆိုတာကို သွင်ခန့်မျက်နာတွင် ပေါ်လွင်နေပါတော့သည်။
"ထိုင်ပါအုံး ကိုသွေးရယ် ပြီးတော့ ကျနော်လေ ရင်ဖွင့်ချင်လို့"
သွေးဆက် စိတ်မသက်သာစွာ ထိုင်ချလိုက်သည်။ သွင်ခန့် ကိုလဲ သိပ်စိတ်မရှည်ချင်တော့ပါ။ ဖြစ်ပျက်နေသည်ကို ကြည့်ပြီး သွေးဆက်ရင်မောနေသည်။
"ငါ..စိတ်မသိပ် ရှည်ချင်တော့ဘူး... ပြောစရာရှိတာပြော"
"ဒါဆို..ကိုသွေးလဲသောက်.."
သွင်ခန့် သွေးဆက်အတွက် မှာမလို့လုပ်တုံးရှိသေး သွင်ခန့်ရှေ့က ဘီယာခွက်ကို သွေးဆက် ယူကာ သောက်ပစ်လိုက်တော့သည်။ သွင်ခန့်ကတော့ စိတ်မကြည်စွာ သက်ပြင်းချလိုက်တော့သည်။
"ပလင်ခံတာတွေ များနေပြီး ပြောမှဖြစ် ပြောတော့ကွာ"
"ကိုသွေးက မင်းဆက်ကို ဘယ်လို့ချစ်တာလဲ"
"ဖြေစရာလိုလို့လာကွာ "
"လိုတယ်...ကျနော်အတွက်တော့ လိုတယ်၊ ခုကျနော်ဘာဖြစ်နေတယ်ဆိုတာကို ကျနော်ကိုယ်တိုင်တောင် နားမလည်အောင်ရှိနေတယ်"
"ဘယ်လို..."
"ဟုတ်တယ်....ကျနော်အထင် ကျနော် မင်းဆက်ကို ချစ်နေပြီးလာပဲ"
"ဟ...ဒါအထင်နဲ့ လုပ်လို့ရဘူးကွ"
"ဒါပေမယ့်ဗျာ....အချစ်ကို ဘယ်လိုသက်မှတ်ရမှန်းကို မသိတော့ဘူး.. မင်းဆက်ကို ကျနော် ချစ်တော့ မင်းဆက်က လက်မခံတော့ဘူးဗျ၊ အခု ကိုသွေးမှ ကိုသွေးဖြစ်နေပြီး.."
"ဗုဒ္ဓေါ..."
"ဟုတ်တယ်ဗျ...ခင်များကလေ...ကျနော်အချစ်ကို ဒမြတိုက်မည့်သူ၊ လုယူသွားမယ့်သူပဲ"
"ငင့်"
သွေးဆက် စိတ်များညစ်မိပါတော့သည်။ ခေါင်းကို တဗြင်းဗြင်းနှင့် ကုတ်ချလိုက်ပါတော့သည်။
"နေစမ်းပါအုံ...မင်းဆက်က မင်းကို အဲ့လိုပြောလိုက်လို့လာ၊ ငါ့ကို သဘောကျနေပါတယ်လို့"
"မပြောပါဘူး၊ ဒါပေမယ့် ကျနော်သိနေတယ်လေ"
"ဟာကြာ.."
သွေးဆက် စိတ်ပျက်စွာ ညည်းတွားမိတော့သည်။
"ဒါဆို မင်းဆက်က မင်းကို ငြင်းလိုက်လို့လား"
"အဲ့လိုလဲ မဟုတ်ဘူး"
"ဟာကြာ..."
သွေးဆက် ဒုတိယမိ ခေါင်းကို တဗြင်းဗြင်းကုတ်ချလိုက်ပါတော့သည်။ လွန်စွာမှလဲ စိတ်များညစ်မိသွားပါတော့သည်။
"မင်းဆက်ကို ချစ်တယ်လို့ရော ပြောပြီးပြီလား..."
"ဗျာ....ပြောရသေးဘူးလေ၊ ခုမှ ကိုသွေးကို ရင်ဖွင့်နေတာ"
"သေလိုက်တော့ကွာ...အဲ့မှာ လဲသာ သေလိုက်တော့.."
"ဟာဗျာ...ခင်များကလဲ ပြောရက်လိုက်တာ ကျနော်က ခုမှ အချစ်ကို သိစ အချိန်လေ"
"အောင်မလေး မောင်မင်းကြီးသားရယ် ဒီမှာ လာမဆွေးနေနဲ့တော့၊ မီးမီးခဲ သီးချင်းလဲ လာဆိုနေမနေနဲ့ ဖြစ်ရလေ.....ငါနော် ငါတော်တော် စိတ်ရှည်ရတော့မယ်၊ ဒီမယ် မောင်မင်းကြီးသား မောင် သွင်ခန့်ရေ.."
"ခင်ညာ.."
"ခင်ညာ လုပ်မနေနဲ့ မင်းကိုလေ ဒီလိုမျိုးတွေ ပေါ်လာအောင် ငါသွေးထိုးစမ်းလိုက်တာ.. မင်းက မင်းဆက်ကို ချစ်တယ်ဆိုတာ သိရတော့လဲ ငါ့ညီအတွက် ငါ၀မ်းသာတယ်၊ ဒါပေမယ့် ငါ့ညီက မင်းကို ချစ်နေတာကိုတော့ သဘောမကျတာတော့ အမှန်ပဲ၊ ငါ့ညီကို ငါက ချစ်တာက သူ့ဆိုးကျိုးကောင်းကျိုးတွေကိုပါ လက်ခံနိုင်တဲ့ အကိုတစ်ယောက်လိုမျိုးပဲ ချစ်တာ ဖြူစင်ပါတယ်ကွာ.."
"ဟာ...တကယ်နော်...တကယ်ပြောတာနော် ယောက်ဖကြီး"
"ဟေ့ကောင် ပြန်ထိုင်စမ်း"
"အဟဲ ၀မ်းသာသွားလို့ပါဗျာ"
"တောက်...မင်း၀မ်းသာတာ တဆိုင်လုံး အကုန်သိကုန်မယ် ချီုးထုတ်ရဲ့၊ တကယ်ကွာ ရိုးရိုးပဲ ၀မ်းသာစမ်းပါ၊ လက်မောင်းတန် ခြေထောက်ထ ခုန်လောက်အောင် ၀မ်းသာမနေနဲ့... ငါရှက်တယ်ကွ၊ ပြီးတော့ ငါ့ကို ယောက်ဖလို့ ဘယ်တော့မှ မခေါ်နဲ့.. "
"ဟုတ်ကဲ့ ခေါ်တော့ဘူး...ဒါပေမယ့် ကျနော်ကို ကူညီလေဗျာနော်...နော်"
"ချီးထုတ်လာမပစ်နဲ့...ကိုယ့်အစွမ်းစနဲ့ ကိုယ်ကြိုးစားပါလာကွ"
"ဟာဂျာ...ကိုသွေးပဲ ကျနော် သွေးဆူအောင်လုပ်ခဲ့ပြီးတော့"
"အေး...သွေးဆူအောင်သာ လုပ်ခဲ့တာလေ မင်းကခုတော့ ပြဿာနာ အကြီးကို ဖေါ်လိုက်တာ မဟုတ်လား၊ မင်းငါ့ညီကို ဘာလုပ်လိုက်လို့ ဒီကောင်က မင်းကို ငြင်းရတာတ ုန်း"
"ဖက် နမ်းပစ်လိုက်တာ"
ငင့်...
"အဲ့ဒါကို သူက တွန်းလွှတ်ပြီး ကျနော်ကို ပြောသွားတာ အထင်သေးလို့လုပ်တာတဲ့"
"အေးလေ...အဲ့လိုပြောတာတောင် နည်းသေးတယ် ထိုးမသွားတာ ကံကောင်း"
"မညှာမတာဗျာ...မင်းဆက်က ကျနော်ကို ထိုးရက်ပါ့မလားဗျ.."
"ဒါကျတော့ တတ်တယ် ... ဒီမယ် မင်းဆက်ကို မင်းဖာသာ မင်းကြီုးစားပြီး ဖွင့်ပြောလိုက်... ငါစီစဉ်ပေးမယ်"
"ဂျာ...ဘယ်လို ပြောရမှာတုံး"
"ဒါတော့ မင်းဟာမင်း ကြည့်လုပ်ပေါ့ကွ၊ ငါတော့ ဆရာလာမတင်နဲ့ မင်းရင်ထဲက စကားက မင်းအတွက်ပဲ"
"ဟုတ်ကဲ့...ဘယ်တော့လဲ"
"အခု"
"ဗျာ.....အခု.."
သွင်ခန့် မျက်နာကြီး ပြူးပြဲသွားတော့သည်။
ဆက်ရန်
Jin Jar
YOU ARE READING
Fantasíaသွင်ခန့် မင်းဆက် သွင်ခန့် မင်းဆက် crd to original writer by Jin Jar