Unicode
ယုံကြည်မယ်ဆိုရင်ဖြင့်..... 4
"ဒီတော့ မင်းကဘာဖြစ်ချင်တာလဲ"
"အဟ...ဖြစ်ချင်တာကတော့ .. မင်းအခုချက်ခြင်း ငါ့ရုံးခန်းက ထွက်သွားစမ်းဆိုတဲ့ ... စကားပဲ"
မင်းဆက် မျက်နာကို မော့ကာ ပမာမခန့် ပုံစံမျိုးဖြင့် ပြောနေသေးသည်။
"အော်...အော်...မင်းကဒါမျိုးလိုချင်တာကို..."
"ဟုတ်တယ်..အဲ့ထက်တောင်ပိုသေး...ခင်များကြီး မကျေနပ်လေ...ကျော်ကကြိုက်လေပဲ...ဟက်ဟက်"
"ရတယ်လေ...အဲ့မှာဆိုင်းထိုး"
သွင်ခန့် မင်းဆက်ရှေ့ကို စာရွက်တစ်ရွက်ထိုးထည့်ပေးလိုက်သည်။ တဆိပ်ခေါင်းပါတဲ့စာရွက်တစ်ရွက်ပါ။
"ဘယ်ကြောင့်ထိုးရမှာလဲ"
"မင်းပဲ ငါ့ဆီမှာ အလုပ်... မလုပ်ချင်ဘူးဆို... မင်းဆိုင်းထိုးတာကို ငါ့မိဘတွေကို ပြရမယ်"
"ရတယ်လေ...ဒါမျိုးဆို ၁၀ ခါပြန်ထိုးပေးလိုက်မယ်"
မင်းဆက် ပြောပြောဆိုဆို သွင်ခန့်တိုးပေးလိုက်သည့် စာရွက်ကို မကြည့်မဖတ်ပဲနဲ့တောင် ထိုးပေးလိုက်ပါသည်။
"ရော့...ပြီးပြီ...ကဲ..ဒါပဲလာ...ပြန်တော့မယ်"
"ဟင်း...ဟင်း..."
သွင်ခန့် ညစ်ကျယ်ကျယ်အသံဖြင့် ရယ်ကာ စာရွက်ကို သဘောကျစွာ ယူကြည့်လိုက်ပါတော့သည်။
"မင်းပြန်လို့ရတော့ဘူး"
"ဘာဗျ....ခုပဲလက်မှတ်ထိုးပြီးသွားပီ..လေ...ဘာကြောင့် မပြန်ရတာလဲ"
"ဒါကြောင့်ပဲ မင်းပြန်လို့မရတော့ဘူး"
"ဘာဗ်..."
"မင်း.ကို... အလုပ်ခန့်တာကို သဘောတူကြောင်းလက်မှတ်ထိုးထားလို့လေ...မင်းပဲငါအလုပ်ခန့်တာကို လက်ခံလိုက်လို့ လက်မှတ်ထိုးပေးလိုက်တာပဲ"
"ဘာဗျ.....ခင်များကြီး....ခင်များကြီး"
မင်းဆက် ပြောပြောဆိုဆိုဖြင့် မက်တပ်ရပ်လိုက်ပါတော့သည်။
"ရတယ်လေ မင်းအလုပ်ထွက်ရင် မင်း..ငါ့ကို ၁၀ သိန်းလျော်ပြီးမှ ထွက်မယ်ဆိုတဲ့ စာချုပ်ကို မင်းလက်ခံပြီးတော့ သဘောကြည်ဖြူစွာ လက်မှတ်ထိုးလိုက်ပြီးပဲ။"
"ဒါ...ဒါ...ခင်များကြီး ... သက်သက် ညစ်တာ...သက်သက်ညစ်တာ...."
"သက်သက်က အကြော်ရောင်းတယ် ဆိုကွ... မညစ်ပါဘူး..."
"ခင်များကြီး...ခင်များကြီး ... ပြန်ပေး အဲ့စာရွက်.."
မင်းဆက် ပြောပြောဆိုဆိုဖြင့် သွင်ခန့်ထံမှ စာရွက်ကို လိုက်လုသည်။ သွင်ခန့်ကလဲ အပါမခံပဲ လက်ကိုမြှောက်ကာ ရှောင်သည်။ ၀ရုန်းသုန်းကားနှင့် လုနေကြသည့် သူတို့နှစ်ယောက် အနားမှာ ရှိသည့် စားပွဲခုန်နှင့် တိုက်ကာ လဲကျကုန်တော့သည်။
၀ုန်း...
အ....
အင့်...
"ဟယ်တော့......."
နှစ်ယောက်သားထပ်ကာ လဲကျချိန်တွင် ရုံးစာရေးမလေး ပန်းနူက စာရွက်စာတမ်းများ လာပို့ရန်အတွက် အခန်းထဲသို့အ၀င်တွင် မြင်ကွင်းကြောင့် ပြူးကြောင် အံ့သြသွားတော့သည်။
သွင်ခန့်က အောက်က မင်းဆက်က သွင်ခန့်ရင်ခွင်ထဲမှာ လက်ကားယား ခြေကားယား ဖြင့် နှစ်ယောက် သား အသံလာရာဆီသို့ကြည့်လိုက်မိကြသည်။
"ဟိုလေ...ဟိုလေ...ကျမ...ကျမ...လေ... စာရွက်တွေ လာပို့တာလေ... အဲ့ဒါလေ.. အဲ့ဒါ... အင်း... ဟိုဒင်းပေါ့နော်.. ဟိုဟာလေ... အဲဒီတော့လေ... အင်း... သိလား... ကျမဘာမှ သိဘူးနော် သိလား..."
ပန်းနူကတော့ ဘာတွေ ပြောနေသည် မသိ... သူတို့နှစ်ယောက်လဲ ကြောင်တောင်တောင် နှင့် ကြည့်နေမိသေးသည်။
နောက်မှ သတိရကာ သွင်ခန့် မင်းဆက်ကို တွန်းချလိုက်တော့သည်။
"အ... ဇွတ်လုပ်ရလား...ဗျ"
"တောက်....ဘာမှမဖြစ်ဘူး ..."
သွင်ခန့် ၀န်ထမ်းတစ်ယောက် ရှေ့မှာ ခုလို အရှက်မကွဲဖူတော့ စိတ်ဆိုးကာ အော်လိုက်မိသည်။
"အဟင့်...အဟင့်..."
ပန်းနူမှာတော့ သူမကိုပြောသည့် အထင်ဖြင့် မျက်ရည်များဝုိင်းက ဘူးသီးလုံးလောက်ကျကုန်ပါတော့ သည်။
"အဲ... ငိုတယ်ဟ.."
မင်းဆက်မှာတော့ သွင်ခန့်တွန်းချလိုက်လို့ ဘေးတွင် ပက်လက်လန် နေရာမှ ထဖို့မေ့ကာ အံ့သြပြီး ပြောထွက်သွားသည်။
"ဟာ....ပန်းနူ..ဘာလို့ ငိုရတာတုံး..."
"ဆရာပဲ ...အဟင့်... ကျမကို ...အဟင့် .. အော်ပြီးတော့...အဟင့်"
"အဲ..... နင့်ကိုအော်တာ မဟုတ်ဘူး တိတ်တိတ်... တိတ်တော့... ဟာကွာ နှာပြည်စုတ်... အဲ့ဒါမင်းကြောင့် မင်းကြောင့်... "
"ဘာလဲဗျ... ခင်များကြီးလဲပါတာပဲ... ဘာဗျ...ကျနော်ကိုဘယ်လို ခေါ်လိုက်တယ်"
မင်းဆက်... ခုမှဒေါသထွက်ပြီး ကုန်းထလိုက်ပါတော့သည်။
"မင်းသဘောတူကြောင်း လက်မှတ်ထိုးပြီးသွားပီ.. ဒါကြောင့် မင်းကို ငါပိုင်တယ်"
"ဘာဗ်...."
"ရှင်...." (ပန်းနုထံမှ အံ့သြသံ)
"ကျနော် ကို ခင်များ တမင် အကွက်ဆင်ပြီး သိမ်းပိုက်တာ ရမလားဗျ"
"ရှမ်း..." (ပန်းနုထံမှ ထပ်ဆင့် အံ့သြသံ)
"ဘာလို့ မရ, ရမှာလဲ.. မင်းကို "
"အို..." (ပန်းနုထံမှ တတိယမိ အံ့သြသံ)
"မရဘူး...တစ်သက်လုံးမရဘူး...ကျော်ကို ဒီလို မတရားသဖြင့် သိမ်းပိုက်တာ ရမလား"
"ဟယ်...မလေး..."(ပန်းနုထံမှ ထပ်ကာ အံ့သြသံ)
"နင်က ဘာဖြစ်နေတာလဲ တရှင်ရှင်.. တဟယ်ဟယ် နဲ့..."
"ရှင်..."
မင်းဆက်လဲ သွင်ခန့်ပြောတော့မှ သတိရကာ ပန်းနူကိုကြည့်လိုက်တော့သည်။ မျက်ရည်မထွက်တော့ပဲ မျက်လုံးကြီး ပြူးထွက်ကာ သူတို့နှစ်ယောက်ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။
"လာပြန်ပြီး ဒီရှင်က"
"ဟိုဒင်းး....ဟိုဟာ....ဟိုလေ...ကျမ..ဘာမှသိဝူး"
"အေးလေ နင်မှမသိတာ အဲ့ဒါဘာဖြစ်လဲ"
"ဟိုလေ..... ဟို.... နှမြောလို့ပါ....အဲ့...ဟုတ်ပါဘူး"
"ဘာတွေ...ပြောနေတာလဲ... ငါနားလည်အောင် ပြောစမ်းပါ..."
သွင်ခန့် ဇဝေဇ၀ါဖြစ်ကာ ပန်းနူကို ထက်မေးလိုက်သည်။ ပန်းနူမှာတော့ ကြောက်လာပါတော့သည်။
"ဆရာနဲ့ ဒီကောင်ချောလေးနဲ့ သိမ်းပိုက်ကြတာ .. အဲ့ဒါ... အဲ့ဒါ.. ကျမ .. မသိဘူးလို့"
"ဘယ်လို..."
"ဟာဗျာ... ခင်များကလဲ တစ်မှောက်..."
"ဘာတွေ...ပြောနေတာလဲ...ငါက ဘာကိုသိမ်းပိုက်၇မှာလဲ"
"ဆရာပဲ ...ဆရာပဲ သူကိုသိမ်းပိုက်တယ်ဆို....အဲ့ဒါ..."
"ဟေ.... အဲ့လိုဖြစ်သွားလာ"
"အင်း.....ဟို...ဟို...ဆရာပဲ ပြောပြီးတော့"
"ဟာကွာ.... နာလည်မှူ့တွေလွဲ ကုန်ပြီး... ငါ့အလုပ်မှာ ဒီနှာပြည်စုတ်ကို ခန့်လိုက်တာကို ပြောတာ နင်က ဘာတွေ အတွေးလျှော်နေတာလဲ"
"အေးလေ... နော်... ဘာတွေ ပြောနေတာလဲသိဘူး"
"မင်း...ပါးစပ်ပိတ်ထား..."
"အမေ...မွေးထဲက ပါလာတဲ့ ပါးစပ်...ပိတ်နိုင်ဘူး..."
"ကျမလဲ အဲ့ဒါကို မသိဘူးပြောတာပါ..."
"ဟာကွာ မုန့်လုံးတော့ စက်ကူကပ်ပါပြီးကွာ..."
"ခွာလိုက်ပေါ့"
"မင်းပါးစပ်ပိတ်ထားလို့ ပြောနေတယ်"
"ပိတ်နိူင်ဘူးလို့ ပြောထားတယ်လေ"
"တောက်..."
"တက်...."
"ဟင်....မင်းနော်...မင်းနော်..."
"ဟင်....ခင်များနော်....ခင်များနော်"
"က်မ...."
"ဘာတုံး..."
"ဘာလဲ..."
"အဟင့်...."
"ဟာ.....ငိုပြန်ပြီး..."
"ဆရာပဲ အော်ပြီးတော့"
"တော်...တော်....ဒီကောင်လေးကို ခေါ်သွား... စာရင်းတွေပြလိုက် နင့်အကူလုပ်ပါစေ၊ သူ့ကို အလုပ်ခန့်တာ ကို စာချုပ်မှာလက်မှတ်ထိုးခိုင်းတာကို လက်မှတ်ထိုးပြီး ပြန်လုနေလို့ မပေးတာ နားလည်လာ.. ငါပြောတာ"
"အော်...ဂလိုလား..."
"အေး...ဟေ.... ဂလို....ဂလို"
"နော့် သဘောမတူဘူးလို့ ပြောနေတယ်နော်"
"မင်းကို အလုပ်ခန့်လိုက်ပြီးလို့ ပြောတယ်နော်... သွား...ပန်းနုနဲ့ လိုက်သွားလိုက်"
"လိုက်ဘူး"
"မလိုက်ရင်တော့ မင်းအမေဆီ ဖုန်းဆက်လိုက်မယ်"
"တောက်..."
"တက်..."
"ခင်များကြီး အဲ့ဒါကျနော် အလုံး"
"ဘာဖြစ်လဲ မင်းအလုံးဖြစ်တော့"
"ခင်များကြီး ပါးစပ်ထဲ ရောက်သွားတာပေါ့လို့"
အော့.....ထွီ...
မင်းဆက်.. ပမာမခန့် လုပ်ကာ အခန်းတံခါးဆွဲဖွင့်လိုက်သည်။
၀ုန်း...
အား....
ဟင်....
တံခါး၀တွင် လူငါးယောက်လုံး ပြုံးထွက်ကာ ကျွံ၀င်လာတော့သည်။
အဟီးး။။။
အဟဲ...
တံခါး၀တွင်တော့ လူများကတော့ ဆရာသမား သွင်ခန့်ကို ရှက်ပြုံးလေးများဖြင့် တောင်ပန်နေကြသည်။ ၀န်ထမ်းများက ပန်းနူငိုသံကြောင့် တံခါး၀တွင် စောင့်ကာ ခိုးနားထောင်ကြသည်ဖြစ်သည်။
သွင်ခန့်မှာတော့ စိတ်ညစ်ကာ ရှက်သွားပါတော့သည်။ မင်းဆက်မှာတော့ အသစ်ဆန်းတွေမြင်ကာ အံ့သြရင် အံ့သြနေပါတော့သည်။
မင်းဆက် အံ့သြခြင်းများစွာဖြင့် သွင်ခန့်အခန်းမှ ထွက်ခဲ့တော့သည်။ ပန်းနုကတော့ မင်းဆက်ကို ခေါ်ထုတ်လာခဲ့ပြီး လုပ်ငန်းအကြောင်းများကို အနည်းငယ်ရှင်းပြလိုက်နေပါသည်။
ပွင့်ဖက် သည် သွင်ခန့်အခန်းထဲသို့ ပြုံးစိစိဖြင့် ၀င်သွားလိုက်တော့သည်။ သွင်ခန့်မှာတော့ ၀န်ထမ်းများရှေ့တွင် ဖြင့်သွားသော သူတို့အဖြစ်ကြောင့် ရှက်ပြီး ပန်းနူလက်ထဲမှ စာရွက်စာတမ်းများကို ဆွဲယူပြီး ရှက်ယမ်းကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ချေ။
"ဟက်..."
"ဘာလဲ...ဘာရယ်တာလဲ"
"အို...ဟို...ရှက်သွားတဲ့ နင့်အဖြင့်ကို ကြည့်ပြီးရယ်ချင်လို့ပါဟယ်...အဟင်း"
"ရယ်စရာ အကြောင်းတကွက်မှ မရှိပဲနဲ့များ.. ပြီးတော့ .. ဒါက အမ်ဆင့်ဒန့် ဖြစ်သွားတာ"
"အော် ....အမ်ဆီပြီး ဒန့်သွားတယ်ပေါ့လေ"
"နင်နော်...င့ါကို"
"ဘာလဲဟဲ့....ငါပြောတာ လွန်လို့လား"
"လွန်တာပေါ့ ငါ့အခန်းကို လာချောင်းတာလေ... နင်ကပါ အလိုတူ အလိုပါ"
"အလိုတော်... ကျုပ်နဲ့ မဆိုင်ရပါ့လာ... ကျုပ်ကအနေသာကြီးပါ"
"နင်..ရောပါတယ်... နင်သူတို့ကိုမတားလို့... နင်ကလူကြီးဖြစ်နေပြီးတော့"
"အဟ... ငါက အိမ်သာကပြန်လာတာပါနော်... နင့်အခန်း၀မှာ လူတွေစုနေလို့ ဘာဖြစ်တာလဲလို့ မေးမလို့ လာတာ အခန်းထဲက အသံတွေကြားလို့ မမေးတော့ပဲ နားထောင်ဖြစ်သွားတာ"
"အားလုံးကြားတာလား"
"အင်းလေ... ပန်းနုက တံခါးကိုလုံအောင် မပိတ်ပဲ ထားတာကို"
"ဟာကွာ...အဲ့နှာပြည်စုတ်ကြောင့် ငါတော့ အရှက်ကွဲပါပြီ"
"ဟင်း....ဟင်း..."
ပွင့်ဖက်ရယ်လေ သွင်ခန့် အယောင်ယောင် အမှားမှားဖြစ်လို့နေပါသည်။
ထိုရက်တော့ သာမန်သာဖြတ်သမ်းခဲ့ရတော့သည်။ သွင်ခန့်ကတော့ အလုပ်တွေ ရှုပ်ကာ နေပေမယ့်၊ မင်းဆက်ကတော့ ယောင်ချာချာနှင့် ပြီးဆုံးခဲ့ရတော့သည်။
xxxx
"မင်းဆက်ရေ..."
"ဂျာ..."
"ကိုကို ၀င်လာမယ်နော်..."
"ဟုတ် တံခါးလော့မချထားဘူးကိုကို"
မင်းဆက် အိပ်ခန်းထဲသို့ သွေးဆက်၀င်လာကာ....
"ဘယ်လိုလဲကွ မေမေ..ပြောပေးတဲ့ အလုပ်"
"ကိုကိုရာ မမေးစမ်းပါနဲ့ စိတ်ပျက်ဖို့ကောင်းတယ်"
"ဘာဖြစ်လို့လဲ"
"ပြန်ပြောရမှာ တော်တော်ကိုခက်လို့ပါ ကိုကိုရာ... ပြန်ပြောချင်စိတ်လဲရှိဘူး"
"ညီ..ကိုကိုအလုပ်မှာလာ လုပ်ပါလား... မေမေကိုပြောပေးမယ်"
မင်းဆက် ၀မ်သာသည့်မျက်နာ နှင့် သွေးဆက်အားကြည့်ကာ လက်ခံမည်ဟု ခေါင်းညိတ်ခါနီးမှာပင် စာချုပ်ရဲ့ အဖြစ်ပျက်ကို ပြန်သတိရကာ၊ ပြန်မှိုင်သွားတော့သည်။
"နေပါစေတော့ ကိုကိုရာ... ဟင်းး....."
"ဟ...ဘာဖြစ်လို့လဲ ညီလေးရ.. သက်ပြင်းတွေတောင်ချလို့"
"နေပါတော့ ကိုကိုရယ်... ညီလုပ်လဲ တစ်လ နှစ်လ ပေါ့... ခုတော့ ဒင်းကို ဘယ်လို စိတ်ဆင်းရဲ အောင်လုပ်ရမလဲလို့ တွေးလိုက်အုံးမယ်"
"အင်း... တပါးသောသူကို စိတ်ဆင်းရဲစေချင်ရင် ကိုယ်တိုင်လဲ အရင်စိတ်ဆင်းရဲခံရမယ်နော်"
"ငင့်... ကိုကိုစကားကြီးကလဲ ..."
"ဟုတ်တယ်ညီရ... တဖက်သားအပေါ် မကောင်းစိတ်ထားရင် အဲ့စိတ်က မိမိကိုယ်တိုင်ကို လောင်မြိုက်စေတယ်နော် ဒါကြောင့် ခုလို အပူုပင်ကင်းတဲ့ အရာလေးကို ဆုပ်ကိုင်ထားပါလာ..ညီရယ်"
"ဟုတ်ဘူးကိုကိုရ... ကျနော်လဲ အဲ့လောင်ကျွမ်းနေတဲ့ အပူမီးကို တိုးချင်နေတာ ဖြစ်နေရင်ရော"
"ဒါဆိုရင်တော့ ညီလေးက အဲ့လောင်ကျွမ်းနေတဲ့ အပူမီးပေါ်သာယာသလိုဖြစ်နေမှာပေ့ါ ... နောက်တော့ ကျွမ်းသွားရင်တော့ မကောင်းဘူးနော်"
မင်းဆက် ကိုကိုပြောတာကို ကြားတော့ နည်းနည်းတွေဝေသွားသည်။ သို့ပေမယ့် သွင်ခန့်ကိုတော့ လုံး၀မကျေနပ်ပါ၊ ဒင်းကို အပူမီးတွေ ပေးချင်သေးသည်။
"ကဲ ကဲ... ညီလေးလဲ နားလိုက်တော့ စောစောအိပ်.. မနက်ကျရင် အလုပ်သွားရအုံမယ် မဟုတ်လား"
"ဟုတ်ကဲ့"
သွေးဆက် သည် မင်းဆက် ထွက်သွားတော့မှ တစ်ယောက်တည်းကျန်ရစ်ခဲ့ ပြီး သွေးဆက်ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားတွေးတော နေသည်။
"သွင်ခန့်... ခင်များကြီးကို ကျုပ် အပူမီးတွေ ပေးတော့မယ်၊ မင်းဆက်ဆိုတဲ့ မ်ီးခဲကျနော်ကို ခင်များလာ ကစားမှတော့ ခင်များ လောင်ကျွမ်းတော့မှာပေါ့... ခင်များက ကျနော် လက်မှတ်နဲ့ ကျနော်ကို ချောက်ချ ခဲ့သလို ကျနော်ကလဲ ကျနော်လက်မှတ်နဲ့ ခင်များကို လောင်ကျွမ်းစေတော့ မှာပေါ့... ဟားဟား..."
ဆက်ရန်
Jin Jar
YOU ARE READING
خيال (فانتازيا)သွင်ခန့် မင်းဆက် သွင်ခန့် မင်းဆက် crd to original writer by Jin Jar