Unicode
ယုံကြည်မယ်ဆိုရင်ဖြင့်.....8
ကျွီ....................................
ကားတစ်ဆီးရဲ့ ဘရိတ်အုပ်သံကြောင့် လမ်းသွားလမ်းလာ သူများလန့်ဖျတ်သွားကြတော့သည်။
လူများကတော့ လူငယ်လေးတစ်ယောက် အားကြောက်လန့်တကြား အော်သူကအော် မသွားရန် တားသူကတားပေမယ့် မင်းဆက်ကတော့ မသိပါ။ ကားပေါ်ကတော့လူကတော့ လက်ကိုင်နှင့် နဖူးမိဆက်သွားသည်။
"ငိုး...မလေး... သေခြင်လို့လာ" Hey Mother fucker awa mout marti han...
မင်းဆက်ကတော့ မည်သူတွေဘာဖြစ်နေသည် မသိ၊ မည်သူတွေ သူ့အား ကြည့်နေသည် မသိ အငိုမျက်နာ နှင့် သူ့ခြေလှမ်းများကို ဆက်လက် သွားနေသည်။
ကားသမားသည် ဒေါသကြီးစွာ ကားပေါ်မှ ဆင်းလာပြီး မင်းဆက်ဆီသို့ သွားကာ နောက်ကနေ မင်းဆက် ပခုံးကို ဆွဲကာ လှည့်ပြီး လက်သီးဖြင့် ထိုးရန်လက်က မိုးပေါ်မြှောက်သွားသည်။
ကားသမား၏ လက်သည်လေထဲတွင်သာ ရပ်တန့်သွားတော့သည်။
လွန်စွာ ချစ်စရာကောင်းသော
လွန်စွာ အပြစ်ကင်းဆင်သော
လွန်စွာ မှခင်မင်နှစ်သက်ဖွယ်ကောင်းသော
မင်းဆက်မျက်နာလေးကိုကြည့်ပြီး မင်းဆက်ရဲ့ မျက်ရည်များကို မြင်သွားတော့သည်။
"အို..ဘုရားရေ..မင်းငိုနေတာလား" Ohh My God..are u crying ?
မင်းဆက်တော့ မိမိအား လှည့်ကာ ကြည့်နေသော သူကို ဘာမှ မပြောပဲ မျက်ရည် သွင်သွင်သာကျနေပါတော့သည်။
"ဘာကြောင့်လဲ၊ ဘယ်သူလုပ်လို့လဲ၊ ရဲသွားတိုင်မလား၊ ဘာကူညီရမလဲ၊ ဟေ...ဘယ်သူသိလဲ သူ့ကို၊ ဒီမှာလာကြည့်ပါအုံးကွာ ဒီလောက်သနားစရာကောင်းတဲ့ ကောင်လေးကို"
.. why ? Who do like that ?Do u want to see police? can I help u? heyy somebody know him? Please take care of this pathetic boy.
မိမိမသိသော သူက မိမိကိုကြည့်ကာ ဘာတွေပြောနေသည်ကိုပင် မင်းဆက်မသိတော့ပဲ၊ ငိုမြဲငိုနေပါတော့သည်။ မင်းဆက်ရဲ့ ငိုခြင်းကတော့ ရပ်မသွားပါ။ မင်းဆက်မသိသော ထိုသူကိုလဲ မင်းဆက်ဘာမှ ပြန်မပြောနိုင်ပါ၊ အဘယ့်ကြောင့်ဆိုသော် မင်းဆက် ထိုအမည်မသိသော သူသည် သူ့အားဘာတွေ ပြောနေသည်ကိုပင် မသိလောက်အောင် မင်းဆက်နားထဲတွင်တော့ သွင်ခန့်ပြောသည့် စကားလုံးများသာ ကြားယောင်နေပါတော့သည်။
ထိုအချိန်တွင် မင်းဆက်နှင့် စားသောက်ဆိုင်တွင် တစ်ခါသိမြင်ခဲ့သော စားပွဲထိုးမိုးကောင်းကို မြင်လိုက်ရသည်။
"ဟင်....ခင်များက ဒီမှာဘာလာလုပ်နေတာလဲ"
"သူ့ကိုသိလား" ( ဘာသာပြန်မထည့်တော့ဘူးနော် )
မင်းဆက်ကို ကိုင်ထားသော ကားပိုင်ရှင်က မိုးကောင်းကို မေးနေခြင်းဖြစ်ပါသည်။
"ဟုတ်ကဲ့... သူက ကျနော်အနားမှာ လာတည်းတဲ့ဧည့်သည်ပါ"
"ဘယ်ကလဲ"
"ဟိုတယ်တော့ မသိဘူး၊ ဟိုတယ်တွေကများတော့၊ သူက မြန်မာပြည်ကပါ"
"မြန်မာက...ဟုတ်လား.."
"ဟုတ်ပါတယ် ၊ ကျနော်ခေါ်သွားလိုက်မယ်"
"နေအုံး...မင်းကိုဘယ်လို စိတ်ချရမလဲ၊ သူကိုခေါ်သွားမှာကို"
"အော်..ဟုတ်ကဲ့.. ကျနော်က ..... .... ..... ..... စားသောက်ဆိုင်ကပါ၊ မိုးကောင်းလို့ခေါ်ပါတယ်၊ သူ့နာမည်တော့ ကျနော်လဲမသိဘူး"
"ကောင်းပြီးလေ၊ ငါအဲ့ဆိုင်ကိုသိတယ်...မင်းကိုစိတ်ချလိုက်မယ်၊ အကယ်၍ တစ်ခုခု သတင်းကြားလို့ကတော့ မင်းကိုအရင်လာရှာမယ်"
"ဟုတ်ကဲ့ပါ စိတ်ချပါ..."
မိုးကောင်း မင်းဆက်ကို ထိုကားသမားဆီမှ ခေါ်ခဲ့တော့သည်။ တလမ်းလုံးလဲ မင်းဆက်ကို ဘာမှမေးလို့မရ၊ မင်းဆက်ကတော့ ငိုမြဲငိုနေဆဲ...
xx xx xx xxx
ထိုညက သွင်ခန့် တစ်ယောက် အိပ်မပျော်နိုင်ခဲ့သလို၊ မင်းဆက်လဲ ထိုညက ပြန်မလာခဲ့ပါ၊ မင်းဆက်ထွက်သွားသည့်မနက်ကတည်းက ပေါ်မလာတာ ထိုညကုန်လွန်သည့် အထိပင်ဖြစ်ပါတော့သည်။
မနက်ပိုင်းရောက်တော့ သွင်ခန့် မှေးခနဲ အိပ်ပျော်သွားတော့သည်။ အိပ်ပျော်သွားတာကလဲ တညလုံး ဒေါသအပူမီးများဖြင့် ပူလောင်ပင်းပန်ကာ အိပ်ပျော်သွားခဲ့သည်။
သွင်ခန့်နိူးလာတော့ မနက် ၁၁ နာရီခွဲနေပြီး၊ သွင်ခန့်၏ယာယီ ဖုန်းနံပတ်မှ ဖုန်းမြည်သံကြောင့်ဖြစ်ပါသည်။
သွင်ခန့်အား အလုပ်ကိစ္စဖြင့် ခေါ်ဆိုနေသဖြင့် သွင်ခန့်အလောတကြီး အခန်းမှ ထွက်ခဲ့သည်။
အလုပ်ကိစ္စတွင်လဲ သွင်ခန့်တစ်ယောက်တည်း အဆင်မပြေ၊။
"တောက်....... တစ်ယောက်တည်း အဆင်မပြေလို့ ခေါ်လာခဲ့မှ၊ ဘယ်အလေလိုက်နေလဲ မသိဘူး"
သွင်ခန့် မင်းဆက်ကို ဒေါသထွက်မိပါသေးသည်။
ထိုရက်က သွင်ခန့်တစ်ယောက်တည်း အလုပ်ကိစ္စဖြင့် အလုပ်ရှုပ်ကာ နေပါတော့သည်။
xxx x xxxxx
"မင်း...အငိုတိတ်ပြီးလား..."
မိုးကောင်းမှာတော့ မင်းဆက်ကို မေးနေတာပါ၊ မင်းဆက် တစ်ညလုံး ငိုကာနေသဖြင့် မိုးကောင်းပင် အိပ်မရခဲ့၊ ထိုကြောင့် ဆိုင်သိမ်းသည့် မနက် ၁ နာရီကတည်းက မအိပ်ရသဖြင့်၊ မိုးကောင်း အလုပ်မဆင်းဖြင့်တော့၊ မိုးကောင်းအတွက်တော့ ဂြိုလ်ဆိုး၀င်သည်။
မင်းဆက်ကလဲ မိုးကောင်းခေါ်လာလို့သာ မိုးကောင်းတို့နေသည့် အဆောင်တွင်ရောက်နေသည် ဖြစ်ပါသည်။
မင်းဆက် မိုးကောင်းအမေးကို ပြန်မဖြေပါ။
"ဟင်း...........မင်းကိုငါလဲမသိပါဘူး၊ မြန်မာဆိုတဲ့အသိနဲ့ မင်းကို ကူညီမလို့ခေါ်လာတာပါ၊ အနည်းဆုံးတော့ မင်းနားလည်သင့်တယ်"
"ကျနော် ထွက်သွားပါ့မယ်"
"မင်းကို ထွက်သွားခိုင်းနေတာမဟုတ်ဘူး၊ မင်းအသက်ရွယ်လေးက ငယ်သေးတယ် မလေးရှားမှာ ဘယ်လို အခက်ခဲတွေ ရှိတယ်ဆိုတာ မင်းမသိပါဘူး၊ မင်းကို ဒုက္ခမရောက်စေချင်ဘူး"
"ကျေးဇူးပါ.. ကိုမိုးကောင်း"
"အေးပါ...ရတယ်...ဒါနဲ့မင်းကငါ့နာမည် သိပြီးတော့၊ မင်းနာမည်ကရော"
"မင်းဆက်ပါ..."
"အော်...အင်း... ကဲဆက်ပါအုံး၊ ဘယ်လိုတွေဖြစ်တာလဲ"
"ဘာကိုလဲ ကိုမိုးကောင်း"
"ဘာကရမလဲ၊ မင်း..အခုလို အသိလွတ်ပြီးလမ်းလျှောက်နေတာ၊ ငိုနေတာတွေလေ"
"... .... "
"ဟောကြည့် ... စလိုက်တာနဲ့၊ မျက်ရည်က ဝုိင်းလာပြီး ၊ ခေါင်းကြီးလဲ ငုံံ့မသွားနဲ့"
"ငိုပါဘူးဗျ၊ မျက်ရည်က သူ့အလိုလို ကျလာတာ"
"ထားပါ... မင်းခုလိုဖြစ်တာ ဟိုနေ့က ငါ့ဆိုင်ရှေ့မှာ မင်းနဲ့နမ်းကျတဲ့လူကြောင့်လား"
"ဗျာ...."
"အံ့သြမနေနဲ့... အဲ့နေ့ကတည်းက မင်းကိုမှတ်မိသွားတာ"
"..ဟို....ဟို..ကျနော် အဲ့လို မဟုတ်ဘူးနော်...ကျနော် မဟုတ်ဘူး... ကျနော် ဘာမှ မသိဘူး"
"အေးပါကွာ...အေးပါ... ငိုမနေတော့နဲ့... ဟုတ်ပြီးလား... ငါကူညီလို့ရအောင်တော့ ငါသိအောင်တော့ ပြောပြ"
"ကျနော်လေ..."
"အင်း..."
"ကျနော်....သူ့ကို ဘာကြောင့်ချစ်သွားတာလဲ..."
"အင်း...ထင်သားပဲ"
"ကျနော် တစ်ခါမှ ရင်မခုန်ဖူးပါဘူးဗျာ..."
"အင်း"
"သူ့ကို ကျနော် အရင်က ကြည့်မရဖြစ်ခဲ့တယ်၊ လွန်စွာလဲ မုန်းနေခဲ့တယ်၊ သူ့ကိုကျနော် အဲ့လိုမုန်းနေခဲ့တာ၊ သူ.. ကျနော်ကြောင့် စိတ်မချမ်းသာရင် ကျနော်ပျော်တယ်၊ သူ့မျက်နာ ကျနော်ကြောင့် ဆူပုတ်နေရင် ကျနော် ကျေနပ်နေတယ်"
"အင်း..."
"သူ..ကျနော်ကို ဒေါသတွေ ထွက်နေရင် ကျနော်မှာ ပျော်နေခဲ့တာ၊ ခုတော့ ကျနော်မ ပျော်တော့ဘူး"
"ဘာကြောင့်လဲ... ဒါပေမယ့် မင်းမျက်ရည်တွေတော့ သုတ်အုံကွာ"
"ကျနော်ငိုတာမဟုတ်ဘူး"
"အေးပါကွာ... မင်းမျက်ရည်ကျတာ မြင်တော့ စိတ်မကောင်းလို့၊ ကဲ..ကဲ...ဆက်ပါအုံး"
"သူကျနော်ကို နမ်းလိုက်တော့ ကျနော် ဘာတွေဖြစ်သွားလဲဆိုတာတောင် ကျနော်ကိုယ်တိုင် မသိပဲ နစ်မျောခဲ့တယ်"
"ငါ့ဆိုင်ရှေ့မှာ နမ်းတာကို ပြောတာလား"
"ဟုတ်တယ်... အဲ့ချိန်တုံးက ကျနော် ဘာတွေဖြစ်သွားလဲ၊ ကျနော် ရင်တွေခုန်သွားတယ်၊ ကျနော် လေဟာပြင်ထဲရောက်ခဲ့တယ်၊ ကျနော် သူ့ကို ဘာလောက်ထိ နစ်မွန်းသွားတယ်ဆိုတာကို၊ ကျနော်မသိဘူး၊ ကျနော် ရင်ခုန်သံကို ကျနော် ဘာသာမပြန်တတ်ခဲ့ဘူး"
"အင်း..."
"ကျနော်လေ ၊ အဲ့ဒီအနမ်းကိုပဲ မက်မောနေတယ်၊ ကျနော်မပြောပြတတ်ဘူး၊ ကျနော် ဘာကြောင့်အဲ့လို ဖြစ်သွားတယ်ဆိုတာ ကျနော်ကိုယ်တိုင် မသိတော့ဘူး"
"အဲ့ဒါ...အချစ်ပေါ့..."
"အချစ်ကလဲဗျာ...ကဗျာမဆန်လိုက်တာ"
"ကဗျာဆန်တယ်လို့ ပြောကြပါတယ်ဟ"
"ကျနော်အတွက်တော့ ကဗျာမဆန်ဘူး၊ ကျနော်အဲ့လိုကြီးတော့ အချစ်ကိုတော့ မလိုချင်ဘူးဗျာ"
"အေးလေ...ဒါဆိုလဲ မချစ်ပဲနေလိုက်လေ"
"ခင်များကြီးကလဲဗျာ..."
"ဟုတ်တယ်လေကွ၊ မင်းမချစ်ပဲ သူ့ကို ဥပခါ ပြုလိုက်ပေါ့"
"ကျနော်အဲ့လိုကြီးတော့ မနေနိုင်ဘူး"
"မင်းကလဲ"
"မနက်ရောက်တော့ ကျနော်အနားကို လာလိုက်တာ၊ ကျနော် အသိတွေလွတ်ပြီး သူ့နူတ်ခမ်းကို နမ်းလိုက်တာ"
"ဘုရား...."
"ဟုတ်တယ်... ကျနော်နမ်းလိုက်တာကို ကျနော်ကို ပစ်ပစ်ခါခါ ပြောလိုက်တာ...အီး....တွေးရင်းနဲ့တောင် ကြောက်လာတယ်"
"ဟာကွာ...မင်းကမှ ကဗျာမဆန်တာကွ"
"ဗျာ...ဘယ်လို"
"ဟုတ်တယ်လေ မင်းသူ့ကိုနမ်းချင်ရင် အဲ့လိုနမ်းမှတော့ မင်းကို ဘယ်သူကလက်ခံမလဲ၊ မင်းစဉ်းစားကြည့်လိုက် မင်းကတော့ အသိလွတ်ပေမယ့် သူကတော့ ဘယ်အသိလွတ်မလဲ၊ ပြီးတော့ ရုတ်တရက် နမ်းလိုက်တော့ မင်းကို ပစ်ပစ်ခါခါ ပြောတော့မှာပေါ့၊ ဒါပေမယ့် မင်းကိုတော့ သူသံယောဇဉ်ရှိပါတယ်"
"ဘယ်လို...ကျနော်ကို သံယောဇဉ်ရှိတယ်ဟုတ်လား"
"ဟုတ်တယ်.. မင်းတို့ ငါ့ဆိုင်ရှေ့မှာ ဖြစ်ပျက်သွားတုံက မြင်လိုက်တယ်၊ မင်းထွက်ပြေးသွားတော့ မင်းလူက ပြုံးပြီးမင်းနောက်ကို လိုက်သွားတာ ငါကိုယ်တိုင်မြင်ခဲ့တာပဲ"
"တကယ်...."
"ဟေ့...ဟေ့... ငါကသဘောပြောတာ"
"ကျနော်က ဘာဖြစ်သွားလို့တုံ"
"ဘာဖြစ်ရမလဲ၊ တကယ်ဆိုပြီး မျက်နာကြီးက ပြုံးဖြီးသွားတာ မလွယ်ကြောပဲ၊ ခုပဲထပြေးတော့မယ့်အတိုင်း"
"ဟာ....ဗျာ...မဟုတ်တာ"
မိုးကောင်းသည် မင်းဆက် ရှက်သွားတာကို သဘောကျစွာရယ်နေပါသည်။
"ဒါပေမယ့် သူကျနော်ကို ပြောဆိုလိုက်တာ ရစရာကို မရှိဘူး"
"အေးပေါ့ကွ.. မင်းက ယောက်ျားမာနကို သွားထိတာကို"
"ဗျာ...."
"ဟုတ်တယ်လေ ၊ မင်းပြောခဲ့တယ် မဟုတ်လား မင်းနဲ့သူက မတည့်ဘူးဆို ဒါကြောင့်ပြောတာ"
"အော်...."
"မင်းရဲ့ အချစ်စစ်သာ မှန်ရင်တော့ မင်းဆီ သူပြန်လှည့်လာမယ်၊ အချစ်ဆိုတာ လုပ်ယူလို့ မရဘူးဆိုပေမယ့် လုပ်ယူလို့ရတာတွေလဲ ရှိတယ်"
"ကျနော် နားမလည်ဘူး"
"နောက်တော့ မင်းနားလည်မှာပါ.. ခုတော့ မင်းနားလိုက်အုံး.. ငါလဲ နားအုံးမယ်၊ ဟုတ်ပြီးလား"
...
....
မင်းဆက်မှာတော့ မိုးကောင်းပြောတာတွေကို ကြားပြီး ၀မ်းနည်းရမလား၊ ၀မ်သာရမည်လား မသိတော့၊ သူသိတာကတော့ သွင်ခန့်ကို မျက်နာချင်းမဆိုင်ရဲပါ။
xx x x xx
ဆက်ရန်
Jin Jar
YOU ARE READING
Fantasyသွင်ခန့် မင်းဆက် သွင်ခန့် မင်းဆက် crd to original writer by Jin Jar