Unicode
ယုံကြည်မယ်ဆိုရင်ဖြင့်..... 3
"ပြီး ပြီလာ မေကြီးရေ..."
"ပြီးပြီ...တော်ရေ...လာပြီး...လာပြီး...သားသွေးဆက် ရေ မေမေတို့ သွားတော့မယ် ဒီနေ့တော့ အပြင်မှာ သား ဖြေရှင်းလိုက်တော့ ထမင်းကို .... "
"ဟုတ်ကဲ့"
"မင်းရဲ့ညီလေးရော... "
"သူက ကားပေါ်မှာ စောင့်နေတယ်"
"အော်...အေးအေး... ဖေကြီးရေ နောက်ကျနေပြီး"
"အေးပါကွာ....မင်းသာ ကားပေါ် အရင်တက်တော့"
ဒေါ်စိန်မမ နှင့် ဦးကျော်ကျော်မောင်လဲ ကားေ၇ှ့ခန်းမှာ ၀င်ထိုင်လိုက်ပါတော့သည်။
"ကျမ အဆင်ပြေလာ ကြည့်ပါအုံး"
"ပြေပါတယ်ကွာ မင်းကလဲ. မင်းက အမြဲ ချောလှပြီးသား"
"ဟွန့် အကောင်းမေးတာကို"
"အေး...လေ အကောင်းဖြေ တာပဲကိုး"
"ထားပါတော့... ဟဲ့အငယ်ကောင်...ဟိုရောက်ရင်... အေးဆေးနေနော်"
"ဟုတ်"
ဒေါ်စိန်မမ မှာတော့ သူ့ဇောနှင့်သူမို့ နောက်ကို လှည့်မကြည့်ပဲ မင်းဆက်ကို မှာတမ်းချနေသည်။
"ငါ့ မျက်နာပျက်အောင်တော့ မလုပ်နဲ့နော်"
"ဟုတ်"
"မျက်စိနောက်အောင်လဲ မနေနဲ့... နင့်စိတ်ချရတာမဟုတ်ဘူး.... ဖေကြီးရယ် ရှင်ကလဲ ကားမောင်းတာ နှေးလိုက်တာတော်"
"မင်းကလဲ နားကို ငြီးနေတာပဲ"
"တော့်သားကို စိတ်မချလို့ပေါ့တော်"
"ငါ့သားက အဲ့လောက်လဲ ဆိုးမနေပါဘူး..."
"တော်...တော်.... ယောက်ျားသားတွေကို ကျမအုပ်ချုပ်နေရတာ... ဒါကျမတော်လို့ သိလား"
"ဟုတ်ပ...ဟုတ်ပ"
မင်းဆက်ကတော့ ထူးဆန်းစွာ ငြိမ်ဆိတ်ပြီးလိုက်လာသည်။ ၈ မိုင်ရောက်တော့ (.......) လမ်းထဲ၀င်ပြီး ကြီးမားသော တိုက်အိမ် ဆင်၀င် အောက်သို့ ရောက်သွားတော့သည်။
တိုက်အိမ်ထဲမှ သွင်ခန့်နှင့် အတူ ခန့်ခန့်ချောချော လင်မယား သွင်ခန့်မိဘများ ထွက်ကြိုနေကြပါတော့သည်။
"ဟယ်.... မမ တို့လာပြီး"
ဒေါ်စိန်မမ ကားပေါ်က ပြေးဆင်းသွားသည်က အပျိုလေးသဖွယ် သွက်ချက်။။
"ဒေစီ .. ရေ... အမလေး..၀မ်သာလိုက်တာ ... မတွေ့တာ ကြာလို့... ဒေစီကတော့ ပိုချောလာတယ်"
"မမကတော့လေ အရင်လိုပဲ .. ချောတုန်းလှတုံး"
မိန်မသားများ ပြောဆိုနေကြသည်ကို ဦးကျော်ကျော်မောင်နှင့် ဦးနိုင်လင်းတို့ ကတော့ နူတ်ဆက်ပြုံး ကြည့်နေကြသည်။ သွင်ခန့်လဲ သဘောကျစွာ နူတ်ဆက်နေမိတယ်။
"ဘယ်သူမှ မပါလာဘူးလာ"
"ပါတယ်...လေ..ဟဲ့ သားငယ် ဆင်းလာလေ...ဘာလုပ်နေတာလဲ"
မင်းဆက်...တံခါးကို ဖြေးညင်သားစွာဖွင့်သည်။
ခြေကို တစ်လှမ်းအရင်ချသည်။
ပြီးနောက် လူတကိုယ်လုံးထွက်လိုက်သည်။
လက်မှ ကိုင်လာသော ခေါင်းပေါင်းကို ဆောင်လိုက်သည်။
"သားငယ်ပဲ ပါလာတယ်... သားကြီးက ... အလုပ်နဲ့မုိ့ ကျန်ခဲ့တယ်... သားငယ်က..."
ဒေါ်စိန်မမ ကတော့ မင်းဆက်အား လှည့်မကြည့်ပဲ ဒေါ်ဒေစီအားရှင်းပြနေသေးသည်
ဒေါ်ဒေစီရဲ့ အံ့သြနေသည့် အမူယာကြောင့် မင်းဆက်ကို လှည့်ကြည့်လိုက်တော့..
တောင်ရှည်ပုဆိုး ချိတ်နှင့်၊
တိုက်ပုံ အဖြူရောင်နှင့်၊
ခေါင်းပေါင်းနှင့်၊
ဖိနပ်က ဘွတ်ဖိနပ် မည်းရောင်နှင့်၊
သွင်ခန့်မှာတော့ အံ့သြလွန်းလို့ ပါးစပ် အဟောင်သား....
မင်းဆက်ကတော့ ကိုယ့်စိတ်ကြိုက်လုပ်လိုက်လို့ မျက်နာက သကြားဖြူးထားသလို ပြောင်ဆပ်ဆပ်၊
လူကြီးတွေလဲ အံ့သြခြင်းများစွာဖြင့်...
YOU ARE READING
Fantasiသွင်ခန့် မင်းဆက် သွင်ခန့် မင်းဆက် crd to original writer by Jin Jar