Zawgyi
"သားရိပေါ်..မားဝင်ခဲ့မယ်နော်.."
"ဟုတ်..၀င်ခဲ့လေ မား.."
ရိပေါ်သူ့မားကိုတံခါးထဖွင့်ပေးပြီး ကုတင်ပေါ်ပြန်တက်ကာ
လုပ်လက်စစာရင်းတွေဆက်လုပ်နေသည်။"သား..ဒီနေ့သွားစရာမရှိဘူးမလား.."
"ဟုတ်မား..ဒီနေ့ဆိုင်ပိတ်တယ်။"
"အင်းးမားပြောစရာရှိတယ်"
"ပြောလေမားရဲ့..အား.!မား..!"
ပြောတာကိုဂရုစမစိုက်ပဲ laptopကနေမျက်လုံးမခွာတဲ့ရိပေါ်ကို မားဘေးကခေါင်းအုံးနဲ့ကောက်ထုလိုက်သည်။
"အင်..!ဒီမှာမားပြောတာနားထောင်ဦးလို့"
"ပြောပြော..နားထောင်ပြီ"
"ဒီနေ့အိမ်ကိုမားသူငယ်ချင်းမိသားစုလာမှာလေ။အဲ့တာသားလည်းကောင်းကောင်းမွန်မွန်လေး ၀တ်ပြီးမားနဲ့အတူကြိုဆိုလို့။သားမှတ်မိလား
သားငယ်ငယ်ကဒီကိုတစ်ခါတစ်လေ လာလာဆော့တဲ့ ကလေးမလေးလေ လီရာ လေးမှတ်မိလား..""လီရာ..?အဲ့နာမည်နဲ့လူ သားမသိဘူး။မားကလည်းငယ်ငယ်ထဲကလူကို
ဘယ်လိုလုပ်မှတ်မိတော့မှာလဲ။""ကဲပါ..မမှတ်မိလဲထားတော့။သူတို့ညနေကျရင် လာလိမ့်မယ်။သားပြင်ဆင်ထား.."
"………"
"၀မ်ရိပေါ်..!!ကြားလားလို့.."
"ကြားတယ်မားရေ..!သားအလုပ်ဆက်လုပ်လို့ရပြီလား"
"လုပ်ပါရှင်..!"
ရိပေါ်တစ်ယောက်ဒီနေ့တစ်နေကုန်တော့ အိပ်လိုက်စားလိုက် စာရင်းတွေလုပ်လိုက်နဲ့ပဲ အချိန်ကုန်နေသည်။ရိပေါ်ကအရင်ထဲက အပြင်သိပ်မထွက်တတ်တာကြောင့်
လည်းပါသည်။ညနေရောက်ခါနီးတော့မားရဲ့
တောင်းဆိုမှုကြောင့်သေချာ
ပြင်ဆင်ကာဧည့်ခန်းမှာမားနဲ့ အတူ ဧည့်သည်တွေအလာစောင့်နေပေးလိုက်သည်။"သားအမိတွေ..ဒီနေ့ပြင်ထား
ဆင်ထားကြပါလား..""ပါး.."
"အစ်ကိုပြန်လာပြီလား..ဒီနေ့စောတယ်နော်။
အစ်ကို့ကိုပြောဖို့မေ့နေတာ ဒီနေ့မေဟွားတို့လာကြမှာ.."
YOU ARE READING
Love In Horror (Z+U)
FanfictionZawgyi မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခြင်းကို မြင်ရတတ်တဲ့ရိပေါ်ရဲ့ ဇာတ်လမ်းလေးကို အာသာ @thidar1485 နဲ့ သာသာနဲ့ collabလုပ်ပြီးရေးထားတဲ့ ficလေးပါ Unicode မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောငး်ကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခ...