Zawgyi
"ရိပေါ်!!"
ရေသွားယူရင်းပြန်လာတော့ အခန်းထဲမှာဖြစ်နေတဲ့ရိပေါ်ရဲ့ပုံစံကြောင့် ရင်ထဲမှာဆို့နင့်သွားရတယ် ဆေးရုံအခန်းရဲ့ကြမ်းပြင်ပေါ်မှာတစ်စစီဖြစ်နေတဲ့ပန်းအိုးကွဲစတွေရယ် ပန်းအိုးကွဲစတချို့ကိုတက်နင်းမိထားလို့ သွေးအလိမ်းလိမ်းထွက်နေတဲ့ခြေထောက်နဲ့အတူ ယောင်ချာချာ ဟိုစမ်းသည်စမ်းနဲးရပ်နေတဲ့ရိပေါ် ထိုအဖြစ်အပျက်ကိုမြင်လိုက်ရုံနဲ့အလန့်တကြားရိပေါ်ရဲ့နာမည်ကိုရေရွတ်လိုက်မှုနဲ့အတူကျဆင်းလာတဲ့ မျက်ရည်တချို့
"ကိုကို မလာနဲ့ အောက်မှာပန်းအိုးကွဲစတွေရှိတယ်"
ဒီအခြေအနေမှာတောင်သူ့ကိုယ်သူစိတ်မပူပဲ ကျွန်တော့်ကိုသာစိတ်ပူနေတဲ့ရိပေါ်ကြောင့်ပိုပြီးနာကျင်ရတယ်
"မလာလို့ရမလား ဘယ်လိုဖြစ်ရတာလဲရိပေါ်ရယ် ခြေထောက်မှာလဲသွေးတွေထွက်နေပြီ လာ ကုတင်ပေါ်ပြန်ထိုင်ဆေးထည့်ပေးမယ်"
"ကျွန်တော့်လက်နဲ့တိုက်မိပြီး ပြုတ်ကျသွားတာ ပြီးတော့ကျွန်တော်လဲမေ့ပြီးအောက်ကိုဆင်းလိုက်မိတော့ အက်အစတွေနင်းမိသွားတာ"
"ဖြစ်ရမယ် ရိပေါ်ရယ် နောက်တစ်ခါသတိထားဦး"
"ဟုတ်ကဲ့ပါဗျ"
.
.
.
.
.
နှစ်ထပ်အိမ်ကြီးရဲ့လှေကားထစ်မှာမောပန်းနေခြင်းမရှိပေမဲ့လဲ အားယူပြီးတက်နေရတဲ့ ကျူးယွမ် သူမရဲ့မျက်လုံးအိမ်တို့ဟာမျက်ရည်တွေအပြည့်နဲ့ဝေဝါးလို့ ခြေထောက်တွေဟာလဲအားမရှိတော့ကာခွေကျချင်နေပြီ အခင်းဖြစ်ပြီးတဲ့နေ့ကစလို့သူမနောင်တမရခဲ့သည့်နေ့ဆိုတာမရှိ ဆေးရုံမှာသတိမေ့မြောနေပါတယ်ဆိုတဲ့ရိပေါ်ရဲ့သတင်းကိုကြားပြီးနောက်ပိုင်း သူမရဲ့အခြေအနေကပိုပိုဆိုးလာခဲ့တယ် ဒီကြားထဲသူမအကြိမ်ကြိမ်သွားတောင်းပန်ခဲ့ပါတယ် ခွင့်လွှတ်ပါတယ်ဆိုတဲ့စကားကိုရော ခွင့်လွှတ်နိုင်ဘူးဆိုတဲ့စကားကိုပါရှောင်းရှောင်ကျန့်ဆီကရော မေ့မြောနေတဲ့သူဆီကရောမကြားရလေတော့ စိတ်သက်သာရာမရခဲ့ သူမသာဒီလိုတွေမလုပ်ခဲ့ရင်ဆိုတဲ့အတွေးတွေကသာခေါင်းထဲအပြည့်နေရာယူလို့အသက်ရှူ ကျပ်လောက်အောင်မွန်းကြပ်ရတဲ့ရင်အစုံနဲ့အိပ်မရခဲ့သည့်ညပေါင်းများစွာ...ဒီနေ့မှာတော့ ရိပေါ်သတိပြန်ရနေပြီဆိုတဲ့သတင်းကြားလို့ သူမထပ်ပြီးတောင်းပန်ဖို့သွားခဲ့ပါတယ် အခန်းထဲမှာငူငူငိုင်ငိုင်နဲ့ တစ်နေရာကိုငေးမောကာသက်ပြင်းအကြိမ်ကြိမ်ချနေတဲ့ရိပေါ်ကိုမြင်ရတော့ သူမအခန်းထဲမဝင်ရဲ အသံတိတ်မျက်ရည်တွေသာကျနေမိတယ် အဲဒီအချိန်မှာပဲ ရိပေါ်ကစားပွဲခုံပေါ်စမ်းတဝါးဝါးလုပ်နေသည်မို့ သူမမေးမြန်းကာယူပေးရန်ခြေလှမ်းလိုက်သော်လည်း ကျယ်လောင်စွာထွက်ပေါ်လာတဲ့ပန်းအိုးပြုတ်ကျသံနဲ့အတူ ကုတင်ပေါ်ကရုန်းရင်းဆန်ခတ်ဆင်းကာပန်းအိုးကွဲစများပေါ်ခြေချမိလေတဲ့ရိပေါ်ကိုကြည့်ကာ သူမပြေးထွက်မိတယ် ဒါဟာသူမရဲ့အမှားတွေကြောင့်ဟူသောအတွေးများရဲ့နှိပ်စက်မှုဟာထိုမြင်ကွင်းမှာပိုမိုပြင်းထန်လို့....
![](https://img.wattpad.com/cover/283051331-288-k43503.jpg)
YOU ARE READING
Love In Horror (Z+U)
FanfictionZawgyi မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခြင်းကို မြင်ရတတ်တဲ့ရိပေါ်ရဲ့ ဇာတ်လမ်းလေးကို အာသာ @thidar1485 နဲ့ သာသာနဲ့ collabလုပ်ပြီးရေးထားတဲ့ ficလေးပါ Unicode မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောငး်ကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခ...