Zawgyi
အလောင်းခွဲစိတ်ဖို့ရှိတာကြောင့် စောစောစီးစီးဆေးရုံလာပြီး ယွိပင်းကိုလဲ စောလာဖို့ပြောကာ နားနေခန်းမှာမုန့်စားရင်းစောင့်နေလိုက်တယ်
"ဒေါက်တာ ကျွန်တော်ရောက်ပါပြီ"
"အင်း မနက်စာရော စာပြီးပြီလား?"
"ဟုတ်ကဲ့ ဒေါက်တာ"
"Okay ဒါဆို နောက်10မိနစ်နေရင်ခွဲစိတ်မယ် အသင့်လုပ်ထားလိုက်"
"ဟုတ်ကဲ့ ဒေါက်တာ"
စားနေတာကိုလက်စသတ်ရင်းကျွန်တော်လဲ အလောင်းခွဲစိတ်ဖို့ အင်္ကျီလဲလိုက်ပြီး ခွဲစိတ်ဖို့စတော့သည်
"Dr.အန်း လက်ဗွေရာတေယူပြီးပြီလားဗျ"
"ယူပြီးပြီ Dr.ရှောင်း"
"ဟုတ်ကဲ့ ဒါဆိုစပြီးခွဲစိတ်ကြတာပေါ့"
ပထမဆုံးလည်ပင်းကို ခွဲကြည့်လိုက်တော့ လည်ပင်းမှာ အတွင်းကြေဒဏ်ရာမျိုးတေလဲ မတွေ့ရပဲ လည်ပင်းသွေးကြောပိတ်တာကြောင့် သေဆုံးမှုမဟုတ်ကြောင်းသိလိုက်ရတယ်
ထို့နောက်မှာတော့ ဗိုက်ကဓားဒဏ်ရာတေကိုကြည့်တော့ ဆယ့်ငါးချက်တိတိရှိတယ်ဗျ ဓားဒဏ်ရာတေက အရွယ်အစားကအရမ်းမကြီးပေမယ့် လေးလက်မလောက်အထိနက်တယ် ဓားချက်တေဟာ သူမရဲ့ ကိုယ်တွင်းအင်္ဂါတေကို ထိခိုက်ပျက်စီးစေတဲ့အထိဖြစ်ပြီး အချက်ရေ ဆယ့်ငါးချက်လောက်ရှိတာကြောင့် ဒါဟာ ဓားဒဏ်ရာတေကြောင့် သွေးထွက်လွန်ပြီး သေဆုံးတာဖြစ်တယ်
အဲ့ဒီနောက်ကျွန်တော်တို့ Autopsy (သေဆုံးရသည့်အကြောင်းအရင်းသိရန် အလောင်းခွဲစိတ်စစ်ဆေးမှု)ကိုအဆုံးသတ်လိုက်တယ်
အလောင်းခွဲစိတ်တာကိုအဆုံးသတ်လိုက်ပေမယ့် ကျွန်တော်ကတော့ ခေါင်းထဲမှာစဉ်းစားစရာတေရှိနေတုန်း....
"ဒေါက်တာ ဘာတေအက်လောက်တောင်စဉ်းစားနေတာလဲ?"
"ဟင် အော်...အက်တာက ရှင်းလီရာရဲ့အမှုအကြောင်းပါ ဒီလိုပဲ ငါကအကျင့်ပါနေတာ အစအဆုံးလိုက်တွေးကြည့်ရတာကိုသဘောကျလို့လေ"
"ဟုတ်ပါပြီ ဒေါက်တာရယ်...ဆံပင်ဖြူ တေလဲ ပေါက်လာဦးမယ်"
"ဟားဟား...ဆံပင်ဖြူ တော့ မပေါက်သေးပါဘူးကွာ"
YOU ARE READING
Love In Horror (Z+U)
FanfictionZawgyi မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခြင်းကို မြင်ရတတ်တဲ့ရိပေါ်ရဲ့ ဇာတ်လမ်းလေးကို အာသာ @thidar1485 နဲ့ သာသာနဲ့ collabလုပ်ပြီးရေးထားတဲ့ ficလေးပါ Unicode မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောငး်ကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခ...