Unicode
*ထိတ်လန့်ဖွယ် မမြင်နိုင်တဲ့ဖိစီးိမှုတွေနဲ့ မှောင်မိုက်နေတဲ့ ကျွန်တော့်ရဲ့ဘဝမှာ'ရှောင်းကျန့်'ဆိုတဲ့အလင်းတန်းလေးကို
ိုရှာတွေ့ခဲ့တယ်..*အခန်းတွင်းသို့ဖြာကျလာသည့်နေရောင်ခြည်ကြောင့် မျက်ဝန်းအစုံကို ခပ်တင်းတင်းပြန်ပိတ်မိသည်။ စူးရှသည့်အလင်းထိုးမှုကြောင့် အာရုံတို့နိုးကြားလာကာ မိမိ၏ဘေးနေရာသို့ လက်ဖြင့်ဟိုစမ်းဒီစမ်း လုပ်နေ၏။
"Morning..!နိုးပြီလားရိပေါ်..ကိုယ်ကဒီမှာ.."
ချိုသာသည့်အသံပိုင်ရှင်လေးကိုကြည့်ဖို့ရာ လှဲနေရာမှထထိုင်လိုက်၏။
သဘက်အဖြူပိူင်းလေးကိုခါးမှာပတ်ထားကာ ရေမစင်သေးသည့်ဆံသားတို့ကိုသဘက်တစ်ထည်ဖြင့် သုတ်နေသည့်ရိပေါ်၏အမျိုးသားလေးက တကယ့်ကိုကြည်သန့်နေရောပင်။ရိပေါ်ကရော..ရိပေါ်ကတော့အိပ်ယာထခါစ ဆံပင်စုတ်ဖွား မျက်နှာမသစ်ဘာမသစ်နဲ့ကို ရှောင်းကျန့်အားထိုင်ငေးနေတာ
ဖြစ်သည်။ရိပေါ်တို့လက်ထပ်ပြီးထဲကအခု တစ်လကျော်အချိန်ကာလ အတွင်းရိပေါ်သည်အလုပ်ကိစ္စရှိမှသာ ရှောင်းကျန့်ထက်အရင်နိုးသည်။
ပုံမှန်နေ့များမှာဖြင့် ရိပေါ်တို့ကရှောင်းကျန့်လာနှိုးမှသာ ထတတ်သူပင်။"ကိုကို.."
"ဟင်.."
"Morning kiss.."
အိပ်ယာပေါ်ကမထပဲ မောနင်းကစ် ဟုဆိုကာနှုတ်ခမ်းထော်ပေး နေသည့်ရိပေါ်ကိုကြည့်ကာရှောင်းကျန့်က ခပ်တိုးတိုးရယ်၏။
"နေပါ..မျက်နှာတောင်မသစ်ရသေးတာကြီး မနမ်းချင်ပါဘူး"
"ဟွန်း.!ကောင်းကောင်းတောင်းနေတာကို မပေးဘူးပေါ့လေ..တွေ့မယ်။"
ပြောပြောပြီးချင်းကုတင်ပေါ်မှခုန်ဆင်းကာ ရေသုတ်နေတဲ့ရှောင်းကျန့်ကိုယ်ကိုအတင်းဖက်ပြီး ဖိနမ်းတော့သည်။
"အယ်.အားး..!ရိပေါ်..ရိပေါ်.!ဘာလုပ်တာလဲ၊ ညစ်ပတ်ကောင်..မျက်နှာလဲမသစ်ရသေးပဲ လူကိုအတင်းလိုက်နမ်းနေတယ်..အိုက်ယားးလွှတ်ဦးဟ.!"
"ကဲကဲ..ရပ်တော့ ရပ်တော့.!ကိုယ်ပေးမယ် ဟုတ်ပြီလား"
ရှောင်းကျန့်မှာမနည်းတားယူလိုက်ရ၏။ မတားလို့လည်းမရ သင်းကလိုတာမရမချင်းရပ်မဲ့သူမဟုတ်ဘူး။
![](https://img.wattpad.com/cover/283051331-288-k43503.jpg)
YOU ARE READING
Love In Horror (Z+U)
FanfictionZawgyi မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခြင်းကို မြင်ရတတ်တဲ့ရိပေါ်ရဲ့ ဇာတ်လမ်းလေးကို အာသာ @thidar1485 နဲ့ သာသာနဲ့ collabလုပ်ပြီးရေးထားတဲ့ ficလေးပါ Unicode မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောငး်ကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခ...