Love In Horror (ကျိန်စာ)

1.3K 121 8
                                    


Zawgyi

ရှောင်ကျန့်ဆေးရုံထဲကိုအသိစိတ်မကပ်စွာ နဲ့ဝင်လာခဲ့တယ်။ဝမ်ရိပေါ်..သူဝမ်ရိပေါ်ဆီသွား ရမယ်။သေချာအောင်မေးရမယ်..မနေ့ကသူ ပြောခဲ့တဲ့ကိစ္စနှစ်ခုလုံးကတစ်ကယ်ကိုယ့်မျက်စိ ရှေ့မှာပဲဖြစ်ပျက်ခဲ့တာ..ဒါဟာတိုက်ဆိုက်မှု သပ်သပ်လုံးဝမဖြစ်နိုင်တော့ဘူး..

"၀မ်ရိပေါ်.."

ရှောင်ကျန့်ဝမ်ရိပေါ်ရှိတဲ့အခန်းထဲကိုဝင်သွား လိုက်တော့ရိပေါ်ကဆေးရုံအ၀တ်အစားနဲ့ မဟုတ်တော့။ကြည့်ရတာတော့ဆေးရုံဆင်း တော့မည်ထင်သည်။ရှောင်ကျန့်ဝင်လာတာ တွေ့တော့ရိ‌ပေါ်ကတလက်လက်ထနေတဲ့ မျက်ဝန်းတွေနဲ့ ၀မ်းသာမှုကိုမဖုံးကွယ် နိုင်စွာကြိုဆိုတယ်..

"ကော..!ကျွန်တော့်ကိုလာကြည့်တာလား"

"အင်း~၀မ်ရိပေါ်..ငါမေးစရာရှိတယ်"

"မေးလေကောရဲ့.."

"မင်း..သေမင်းတမန်တွေကိုမြင်နိုင်တယ် ဆိုတာ..တစ်ကယ်ပြောနေတာလား"

ရှောင်ကျန့်အမေးကိုကြားတော့ရိပေါ်က မျက်ဝန်းတွေမှေးစင်းသွားသည်ထိရယ်သည်။
ဘာလို့ရယ်တာလဲ..ငါကအကောင်းမေး
နေတာကိုပေါ့ပျက်ပျက်နဲ့

"ကျွန်တော်ကကိုယ့်ကိုကိုယ်အရူးလို့အထင်ခံပြီး ပြောပါ့မလား။ကျွန်တော်တကယ်ပြောခဲ့တာ.."

ရှောင်ကျန့်ခနလောက်ငြိမ်သက်သွားသည်။
သူ websiteမှာတွေ့ခဲ့တဲ့စာတွေက တကယ်အမှန်တွေပေါ့။ပြီးတော့ရိပေါ်က သေဆုံးမှုကိုပါမြင်နိုင်တဲ့၁၀၀မှာ၁ယောက် ဆိုတဲ့လူစားမျိုးတဲ့။ဒါဆို..ရိပေါ်ရုတ်တရပ် ခေါင်းတွေထိုးကိုက်လာတာကရော..
အဲ့တာနဲ့သက်ဆိုင်နေလား..

"ကော..ကျန့်ကော..!အိုက်ရိုး
ရှောင်ကျန့်ကောကော~~"

ဘာစကားမှဆက်မလာတော့ပဲတစ်ယောက် ထဲအတွေးထဲမြောနေတဲ့ရှောင်ကျန့်ကို ရိပေါ်ကအသံခပ်ဩဩကိုချွဲပြစ်နေအောင် လုပ်ပြပြီးခေါ်သည်။ထိုအခါမှရှောင်ကျန့် သတိပြန်ဝင်လာတော့သည်..

"၀မ်ရိပေါ်..မင်းအသံကြီးနဲ့မချွဲစမ်းပါနဲ့ကွာ.."

"ဘာလဲ..ရှောင်ကျန့်ကောကောက
အရမ်းကြွေသွားလို့လား"

Love In Horror (Z+U)Where stories live. Discover now