Love In Horror (ထိခိုက်မှု)

1.4K 122 19
                                    

Zawgyi
"ကျိုးချန်..ဒီနေ့ဆေးရုံဆင်းရမှာနော်..ဟုတ်လား"

"အင်းရိပေါ်.."

ကျိုးချန်ကပစ္စည်းတွေသိမ်းနေရင်း ကုတင်ပေါ်ထိုင်ကာမေးမြန်းနေတဲ့ရိပေါ်ကို ပြန်ဖြေလေသည်။

"တကယ်ဆင်းရတော့မှာလား.."

"အေးဆို..ဘာဖြစ်နေတာလဲအဲ့တာ..!"

"မင်းဒဏ်ရာကတစ်ကယ်ရောသက်သာ
သေးရဲ့လား။ငါ့အထင်တော့နည်းနည်း
စောင့်ကြည့်သင့်သေးတယ်ထင်တယ်နော်.."

"ကဲ..၀မ်ရိပေါ်..!ဆရာဝန်တွေကဆင်းလို့ရပြီပြော နေတာမင်းကဘာဖြစ်နေတာလဲ။ငါသိတယ်နော်..မင်းငါ့ကိုရစ်နေတာ.."

ဝမ်ရိပေါ်ရဲ့စိတ်ကိုသိတာပေါ့..
ဒီကောင်ကျွန်တော်ဆေးရုံဆင်းရင် ဟိုDr.Xiao ဆိုတဲ့တစ်ယောက်ကိုမတွေ့ရတော့မှာစိုးလို့ ဖြစ်နေတာ။ဘယ့်နှယ်..ကိုယ့်သူငယ်ချင်း ဆေးရုံကဆင်းတာဝမ်းသာရမဲ့ဟာကို ဒင်းကအပူမိနေတဲ့ရုပ်နဲ့..

"ဟေး..!၀မ်ရိပေါ်..မင်းငါ့ကိုဘယ်လိုကြီး ကြည့်နေတာလဲ"

ကုတင်ပေါ်ကနေကျိုးချန်ကိုခေါင်းစခြေဆုံး သေချာထိုင်ကြည့်နေတဲ့ရိပေါ်ကြောင့်ကျိုးချန် လန့်သွားသည်။ဝမ်ရိပေါ်ကြည့်နေတဲ့အကြည့်က ကျိုးချန်ကိုတစ်ခုခုဖြစ်အောင် ထလုပ်ရန် ကြံစည်နေတဲ့အကြည့်မျိုးပင်..

"ဟမ်..?မကြည့်ပါဘူးမင်းကလဲ.."

"ကဲပါဝမ်ရိပေါ်ရယ်..မင်းအဲ့ဒီဆရာဝန်ကို ထပ်တွေ့ချင်ရင်နောက်မှတွေ့လည်းရတာပဲကွာ..
အခုတော့လာ..သွားကြမယ်"

"ဟင်းးပြီးရောကွာ.လာ.."

"ဟာ..!ဟေ့.!ရိပေါ်.နေဦးလေ..!ဒီအထုပ်မင်းဆွဲရမှာလေ..ဟေ့ကောင်..!"

သက်ပြင်းချပြီးထွက်သွားတဲ့ရိပေါ်ကတော့ ကျိုးချန်လှမ်းခေါ်တာတောင် အဖက်မလုပ်။လက်ထိထားတဲ့လူကိုအထုပ်တစ်ထုပ်နဲ့ ထားခဲ့တဲ့ရိပေါ်ကိုကျိုးချန်ကတော့မေတ္တာပို့သ ရင်းသာကျန်ခဲ့သည်။

တင်းတောင်~~
"အို့.!ကော.."

"ဪ..၀မ်ရိပေါ်..ဆေးရုံဆင်းပြီလား"

ရိပေါ်တို့ဓာတ်လှေကားကနေအထွက် ရှောင်ကျန့်ကအ၀င်နဲ့တိုးလေတော့ ၀မ်ရိပေါ်တို့ချက်ချင်းမျက်နှာထားပြောင်းကာ ရှောင်ကျန့်ကိုနှုတ်ဆက်လေသည်။

Love In Horror (Z+U)Where stories live. Discover now