Zawgyi
ကျွန်တော်သတိထားမိတဲ့အချက်ကို ရဲမှူးးကျောက်ကိုပြောပြလိုက်ပေမယ့် ဒီအချက်က တကယ့်အချက်အချာပါလို့ပြောလို့မရသေးဘူး ဘာလို့ဆို Autopsyနဲ့လဲ မသက်ဆိုင်ဘူးလေ ယုတ္တိသိပ်မရှိဘူး တိုက်ဆိုင်မှုလို့လဲပြောလို့ရသလို တိုက်ဆိုင်မှုမဟုတ်ဘူးလို့လဲ ပြောလို့ရပါတယ် ဒါကြောင့်ဘယ်သူကမှ မဖြစ်နိုင်ဘူးလို့ပြန်မငြင်းကြသလို ဖြစ်နိုင်တယ်လို့လဲ မထောက်ခံကြပြန်ဘူး၊ကျွန်တော်ကိုယ်တိုင်လဲ ဝေခွဲမရပြန်ဘူး။
အတွေးကိုခနရပ်ပြီး ဖုန်းလေးထုတ်ကာ ရိပေါ်ဆီဖုန်းဆက်လိုက်တယ်။
အခုရက်ပိုင်းရိပေါ်ကလည်းဆိုင်မှာအလုပ်တွေအရမ်း များနေတာကြောင့်အိမ်တောင်ပြန်မလာဖြစ်ဘူး။ ကိုယ်လည်းကိုယ့်ကိစ္စနဲ့ကိုယါရှုပ်နေတော့ နှစ်ယောက်သားမတွေ့ဖြစ်တာနှစ်ရက်သုံးရက်ရှိပြီ။"ဟယ်လို..ရိပေါ်.."
""အွမ်း ကိုကို..ဆေးရုံသွားတော့မှာလား""
"ဟုတ်တယ်၊ရိပေါ်အလုပ်တွေ အဆင်ပြေရဲ့လား၊ပင်ပန်းနေပြီလား ပေါင်ပေါင်း.."ရှောင်းကျန့်က ပေါင်ပေါင်လို့အသံအေးအေးနဲ့ခေါ်တော့ တဘက်ကရိပေါ်ရဲ့သဘောတကျရယ်သံကိုကြားရတယ်။အဲ့ကောင်လေးကသူ့ကိုချွဲပြရင် သိပ်သဘောကျတာ..
""ကိုကိုဒီည night dutyရှိတယ်မလား..""
"ဘလိုသိ..?"
""ကိုကိုနဲ့ပတ်သတ်တာဆို ကျွန်တော်ကအကုန်သိတယ်လေ၊
ကျွန်တော်လာခဲ့မယ်သိလား..ကိုကို့ကိုအရမ်းလွမ်းနေပြီ..""
"ဟဟ..ဟုတ်ပါပြီဗျာ ငချွဲလေး၊ဒါပဲနော် ကိုယ်ဆေးရုံသွားတော့မယ်"
""ဟုတ်ကဲ့ပါဗျ..အိုက်နိ ကိုကို..""ရိပေါ်နဲ့ကျွန်တော့်ရဲ့ relationship ကတော့ထွေထွေထူးထူး ရယ်မရှိပဲခြိုမြိန်နေဆဲပါ။ ဒီကိစ္စတွေပြီးရင်ကျွန်တော်တို့ လက်ထပ်ကြဖို့စီစဉ်ထားတယ်။ကျွန်တော့်ရဲ့ပေါင်ပေါင်းက ကျွန်တော့်ကိုလူသိရှင်ကြားအပိုင်သိမ်းချင်နေပါပြီတဲ့လေ
.
.
.
နေ့ခင်းကြောင်တောင်ကြီး ကော်ဖီဆိုင်တစ်ခုရဲ့ ထောင့်ဆုံးဝိုင်းကနေ
ကျူးယွမ်တစ်ယောက် အပြင်ကိုဟိုချောင်းဒီချောင်းလုပ်နေလေရဲ့ ဘာတွေချောင်းနေလဲဆိုတော့ချူးအာများ သူ့နောက်လိုက်လာမလားလို့ပေါ့၊ အခုရက်ပိုင်းချူးအာက လူကိုလုံးဝအလွတ်မပေးဘူးအိမ်ထဲနေတာတောင် မျက်စိဒေါက်ထောက်လိုက်ကြည့်နေတာ။
YOU ARE READING
Love In Horror (Z+U)
FanficZawgyi မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခြင်းကို မြင်ရတတ်တဲ့ရိပေါ်ရဲ့ ဇာတ်လမ်းလေးကို အာသာ @thidar1485 နဲ့ သာသာနဲ့ collabလုပ်ပြီးရေးထားတဲ့ ficလေးပါ Unicode မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောငး်ကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခ...