Zawgyi
ကျွန်တော် အလောင်းခွဲစိတ်ပြီးတော့ ရှင်းလီရာအမှုရဲ့မပြီးသေးတဲ့ reportရေးနေလိုက်တယ် ကျွန်တော့်အထင်တော့ ရှင်းလီရာနဲ့သူနဲ့စကားများကြတာမျိုးဖြစ်လိမ့်မယ် စကားများရင်း လည်ပင်းထညှစ်ပြီး ဘေးနားကဓားနဲ့ထိုးသတ်တာဖြစ်နိုင်တယ် အဲ့အတွက် ကျွန်တော်တို့အက်ဓားကိုရှာဖို့လိုတယ်
ကျွန်တော် ရဲမှူးကျောက်ကို ဖုန်းခေါ်လိုက်တယ်
"Hello ရဲမှူးကျောက်"
"Hello ဒေါက်တာ"
"ကျွန်တော်တို့ ဟိုဆိုင်ကို တစ်ခေါက်သွားကြည့်ရမယ်ထင်တယ်"
"အာ...ဒေါက်တာ ကျွန်တော်သွားကြည့်ပြီးပြီ ဒေါက်တာထင်တဲ့အတိုင်းပဲ အဲ့ပုံမှာဓားတစ်ချောင်းပျောက်နေတယ်"
"ဟုတ်ကဲ့ ရဲမှူး။ ကျွန်တော့်ရဲ့ reportလဲ ပြီးပြီဗျ ကျွန်တော်ခနနေလာပို့လိုက်မယ်"
"ဟုတ်ကဲ့ Dr.ရှောင်း"
.
.
.
.
."လာပို့ပေးတာ ကျေးဇူးပါပဲ ဒေါက်တာရေ ကျွန်တော်တို့ဒီမှာတော်တော်အလုပ်များနေတာ"
"ဟားးး ရပါတယ်ဗျာ ရဲမှူး ဒါနဲ့ တံရားခံကိုရော ရှာတွေ့ပြီလား"
"CCTVရလဒ်ကတော့ ဘယ်သူမှန်းမသိနိုင်ဘူးလေ အက်လူက mask လဲ တပ်ထားပြီး ဦးထုပ်လဲဆောင်းထားတော့ ကျွန်တော်တို့လဲလိုက်နေတုန်းပဲ"
"ဟုတ် ဟုတ် ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး ရဲမှူးတို့"
"ကောင်းပါပြီ ဒေါက်တာ"
.
.
.
.
.
ကျွန်တော် ညdutyရှိတာမို့ အိမ်မပြန်တော့ပဲဆေးရုံကိုပြန်လာပြီး လုပ်စရာရှိတာလုပ်နေလိုက်တယ်"ဒေါက်တာ ကော်ဖီလေးဘာလေးသောက်ကြမလား"
"အင်း သောက်တာပေါ့"
"ဒေါက်တာ ရှင်းလီရာရဲ့အမှုကလေ အခုထိတရားခံကိုဖမ်းမမိသေးဘူးလား?"
ယွိပင်းက ကော်ဖီသောက်နေရင်းထပြောလာတယ်
"အင်း မမိသေးဘူးတဲ့ CCTVရလဒ်တေနဲ့လိုက်မရဘူးထင်ပါတယ်"
"အော်......."
"ရဲမှူးကျောက်"
ဆေးရုံရှေ့ကခုံတန်းတစ်ခုမှာကျွန်တော်တို့ကော်ဖီသောက်နေတုန်း ရဲမှူးကျောက်ရောက်လာတာတွေ့လိုက်လို့ ကျွန်တော်လှမ်းခေါ်လိုက်တယ်
YOU ARE READING
Love In Horror (Z+U)
FanfictionZawgyi မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခြင်းကို မြင်ရတတ်တဲ့ရိပေါ်ရဲ့ ဇာတ်လမ်းလေးကို အာသာ @thidar1485 နဲ့ သာသာနဲ့ collabလုပ်ပြီးရေးထားတဲ့ ficလေးပါ Unicode မှုခင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှောငး်ကျန့်နဲ့ လူတစ်ယောက်ရဲ့သေဆုံးခ...