2

596 37 2
                                    

Uni
ကျတော်ခပ်တည်တည်ပဲလှည့် ထွက်ခဲ့တော့ ငေးကျန်ခဲ့တဲ့ လူသားဟာ မင်းဘုန်းမာန် ပါပဲ

_________________

တီ. တီ. တီ.

နာရီနိုးစက်သံကြောင့် မာန် နိုးလာရသည်။ မျက်နှာသစ်ပြင်ဆင်ပြီး မနက်စာစားကာ အိမ်ကပို့သော ကားနှင့်ပင် ကျောင်းသို့ထွက်လာခဲ့သည်။
ဒယ်ဒီက ဖားကန့်က အလုပ်ဆိုက်သို့ ပြန်သွားရမည်ဆိုကာ ညတည်းကထွက်သွားသည်။ မာမီကတော့ ရန်ကုန်မှာကျန်ခဲ့တဲ့ဒယ်ဒီ့အလုပ်တွေကို့ဦးစီးနေတာမို့ မအားတာတော့မဆန်းပေ။
မိသားစုရပ်တည်ဖို့ မိဘတွေကရုန်းကန်ရတာပင် ။ မအားကျ‌တာတော့မဆန်းပေ။ မာန်နားလည်ပေးနိုင်ပါသည်။

မာန်က စကားနည်းတယ်။ ဖောင်ဖွဲ့ပြီးပြောတတ်တာဆိုလို့ ဝတီတစ်‌ယောက်သာ ရှိသည်။ ဝတီနဲ့က ငယ်ကတည်းကခင်တာလို့လည်းမဟုတ်ပေမဲ့ သိတာကတော့ ခုနစ်တန်းကစတာဖြစ်သည်။ဝတီက ရိုးသားသည်။ ပွင့်လင်းသည်။ ချမ်းသာသော်လည်းမာနမကြီးသူဖြစ်ပြီး စာလည်းတော်သည်။သို့ပေမဲ့လည်း  ဆယ်တန်းမို့ ယခင်ထက်ကြိုးစားရမှာ တော့အမှန်ပင်။

အတွေးနယ်ဆင်းနေတာမို့ ကားရပ်မှသာကျောင်းရောက်မှန်းသိတော့သည်။တွေ့ပါပြီ ။ ပုညဝတီ ။ကျောင်းပေါက်ဝမှ လက်ပြကာ မာန့်ကို ခေါ်နေလေပြီ။

"ဟဲ့ မိမာန် နင်ဟာ စောစောမလာဘူး"

"ဘာလို့လဲဟ အခုလည်းကျောင်းချိန်မီပါသေးတယ်"

"ဟိုနေ့ကလူချောကိုမှတ်မိတယ်မို့လား"

"အင်း"

"သူကဒီက guideတဲ့ ဟ"

"ဟင် ဟုတ်လား ဘယ်အတန်းတဲ့လဲ"

"ငါတို့ဆယ်တန်း"

"ဘယ်လို"

မာန်အံ့ဩမိသည်။ဝတီကတော့ဆက်ကာ

"ဒီနှစ်နောက်ဆုံးပဲတဲ့ ဟ နင်ကံကောင်းတာပေါ့"

"ဘာလို့"

"နင် အပြတ်ကြွေပေါ့ဟ"

"ဟာ  ငါကဘာလို့ကြွေရမှာလဲ"

"အမယ် မူမနေနဲ့ နင့်အကြောင်း ဖင်ခေါင်းကအစသိတယ်"

"ဝတီ  စကားဆင်ခြင် နင်ကမိန်းကလေးနော်"

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now