12

477 21 0
                                    

Uni

တိတ်ဆိတ်နေတဲ့ခမ်းမထဲမှ
ကောင်မလေးတစ်ယောက်ရဲ့ငိုသံဟာ
ပေါ်လွင်စွာ  ကြားနေရတာမို့
ကြားရသူတိုင်းမျက်ရည်ဝဲရသည်

ပါးချိုင့်ကို ခွက်ဝင်အောင်ပြုံးနေတဲ့ကောင်လေးတစ်ယောက်ရဲ့
ရုပ်ပုံရှေ့မှာ  အရူးပမာအော်ငိုနေတဲ့သူ

"မာန်  နင်ပြန်လာပါဟာ
နင်မှာငါပဲရှိတော့တာလေ  အစ်မတစ်ယောက်လိုချစ်ပါတယ်ဆို
အခု အခုတော့ ဘာလို့လဲ
ငါကိုလာကြည်အုံးဟာ
မိဝတီဆိုပြီး လာအော်လေ
မာန်  ငါကိုလာမနုတ်ဆက်တော့ဘူးလား"

မာန်ရယ် ကိုယ့်ကိုယ့်ကိုယ်ချောက်ထဲခုန်ချပြီး
သတ်သေရအောင် ဘာတွေဖြစ်ခဲ့တာလဲ
ငါ့ကိုတောင်   မထည့်တွက်တော့ဘူးလား

နင့်အလောင်းမပါပဲ
ကျင်းပရတဲ့ ဒီအသုဘကို ငါမယုံဘူး

"လာထကြည့်အုံးဟ
နင်လေ ၄ဘာသာပါတယ်  သိရဲ့လား
စီးပွားရေးသမားလုပ်မှာဆို
လာထကြည့်"

မသိတော့ပေ
ကျမမျက်လုံးထဲမှာ  ပြုံးနေတဲ့ မာန်ရဲ့မျက်နာလေး
အဲ့နောက် အမှေင်ထုကကြီးစိုးလာပြီး
ကျမဘာမှမသိတော့ပေ

............................

၁၀   နှစ်ကြာပြီးနောက်............

လေယာဉ်ကွင်းမှာ
လာကြိုမဲ့သူကိုစောင့်နေတဲ့ကောင်လေးနှစ်ယောက်

တစ်ယောက်ကအေးဆေးစောင့်နေသလောက်
ကျန်တစ်ယောက်ကတော့
လက်ကနာရီကိုကြည့်လိုက်  ပတ်ဝန်းကျင်ကိုကြည့်လိုက်နဲ့
ပြာယာခတ်နေလေသည်

နာရီဝက်ကြာတော့
နာရီတကြည့်ကြည့်နဲ့ ကောင်လေးက

"ထက်မြတ်သူ  မင်းအိမ်ကလာကြိုမှာပါနော်"
လိုပြောလိုက်တော့

အေးဆေးနေတဲ့ကောင်လေးက
ပါးချိုင့်ကိုခွက်နေအောင်ပြုံးပြီးမှ

"လာမှာပါ ဝေယံရ  ကိုကိုက မအားသေးလို့နေမှာပါ"

ထက်မြတ်စကားဆုံးတော့
ဝေယံရဲ့ နှုတ်ခမ်းလေးက ဆူထွက်လာသည်

ဝေယံဆိုတာအဲ့လိုကောင်လေး
ကလေးဆန်သည့်မျက်နာလေးနဲ့
အသားက ထိရက်စရာမရှိအောင် ဖြူဝင်းနေတာ
လက်ချောင်းလေးကသွယ်နေပြီး
အရပ်က သိပ်လည်းမရှည်လှပေ
ကလေးဆန်သည့်မျက်နှာလေးက  မိန်းကလေးနဲ့တူတာမို့
ကောင်လေးတွေရဲ့ စနောက်ခြင်းကို
အမြဲခံရနေသူပါ
မြတ်ကပင်  အစစလိုက်ပြီး ကာကွယ်ပေးတာမို့
မြတ်ကို အားကိုးသည်
အရမ်းလည်းခင်သည်

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now