Uni
ကျွီ!!!!!
ပိုင်ထက်သျှား အိမ်ရဲ့ဆင်ဝင်အောင်တွင် ကားရပ်ရပ်ချင်း သမီးဖြစ်သူက အိမ်ပေါက်ဝမှာ ရပ်စောင့်နေတာတွေတာကြောင့် ကားပေါ်မှ အလောသုံးဆယ်ဆင်းလိုက်ပြီး
"သမီး မေမေရော"
"အိပ်ခန်းထဲမှာဖေဖေ။ သတိပြန်ရနေပါပြီ"
သမီးဖြစ်သူနှင့်အတူ ပိုင်ထက်သျှား လဲ့မွန်ရည်အိပ်နေသော အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ လဲ့မွန်ရည်သည် အသားအရောင် ဖျော့တော့နေကာ တစ်ခုခုကို ထိတ်လန့်နေဟန်ရှိသည်။ တစ်ခုခုကိုမြိုသိပ်ထားရဟန်။
"မွန် သက်သာလား"
ပိုင်ထက်သျှား လဲ့မွန်ရည်ကိုမေးလိုက်ရင်း လက်ကလေးကိုလည်း ဆုပ်ကိုင်ထားလိုက်သည်။
"သမီးလေး ကျောင်းသွားတော့လေ"
လဲ့မွန်ရည်ပြောလိုက်တော့ ရည်မွန်ထက်က အခန်းထဲမှ ထွက်သွားလေသည်။ ရည်မွန်ထက်က အသက်ရှစ်နှစ်သာ ရှိသေးပြီး သုံးတန်းကျောင်းသူဖြစ်သည်။ အရိပ်အကဲလည်း နားလည်သလို ၊ လိမ်လည်းလိမ်မာတာမို့ မိဘတွေက အစစအရာရာ လိုက်လုပ်ပေးနေစရာမလိုဘဲ စိတ်ချလက်ချလွတ်ထားလို့ရလေသည်။ သမီးဖြစ်သူ အခန်းထဲမှ ထွက်သွားတော့ လဲ့မွန်ရည်က သူ့လက်အားကိုင်ထားသော ပိုင်ထက်သျှားလက်ပေါ်မှ ထပ်ကိုင်လိုက်ကာ
"ကို.......နောက်ထပ်လူမသတ်တော့ဘူးမဟုတ်လားဟင်?"
လဲ့မွန်ရည်ရဲ့ မေးခွန်းစကားကြောင့်။ ပိုင်ထက်သျှား အံ့အားသင့်သွားလေသည်။ သမီးဖြစ်သူ ရည်မွန်ထက်ကို မွေးပြီးနောက်ပိုင်ကတည်းက အရာအားလုံးအေးအေးချမ်းချမ်းပင်။ လဲ့မွန်ရည်သည် အပူအပင်ကင်းသလို အမြဲပေါ့ပေါ့ပါးပါးသာနေတတ်သည်။ အခုလိုစကားမျိုးကိုလည်း အဲ့ဒီနေ့မှ စပြီး ယနေ့ထက်ထိ မမေးဖူးသေးပေ။ အဲ့နေ့က ဘုန်းမာန်ကို လွတ်ပေးလိုက်တဲ့သူက လဲ့မွန်ရည်မှန်း ပိုင်ထက်သျှား ခန့်မှန်းမိတာကြောင့် အိမ်သို့ အမြန်ပြန်လာခဲ့ပြီး လဲ့မွန်ရည်အား မေးတော့ သူဟုတ်ကြောင်းဝန်ခံလေသည်။ မင်းဘုန်းမာန်အကြောင်းလည်းမေးသေးသည်။ ပိုင်ထက်သျှား ဖုံးကွယ်ထားဖို့အကြောင်းလည်းမရှိတာကြောင့် သတ်လိုက်ကြောင်း ပြောပြလိုက်တော့ လဲ့မွန်ရည်က နောက်ထပ်တစ်ချိန် လူထပ်မသတ်ဖို့ ကတိတောင်းခဲ့သည်။ ပိုင်ထက်သျှား ကတိပေးလိုက်ပါသည်။ သူလည်းနောက်ထပ်ဘယ်သူမှ သတ်စရာမှမလိုတော့တာ။
YOU ARE READING
အမုန်းခံနှလုံးသား❣️အမုန္းခံႏွလံုးသား(Uni &Zawgyi)
Actionမင်းဘုန်းမာန် ကျုပ်အချစ်နဲ့သိက္ခာတွေကို စော်ကားခဲ့တဲ့ခင်များ ဝဋ်ဆိုတာကိုရဲရဲကြီးစောင့်နေပါ ပိုင်ထက်သျှား မင်းတင်မကဘူး မင်းတစ်မိသားစုလုံး ငါ့မျက်စိရှေ့မှာ ပျက်စီးတာကိုမြင်ချင်တာ ဝေယံပိုင် ကျွန်တော့်အသက်ကို ကျွန်တော့်အသက်ကိုပေးမယ် အငြိုးတွေရပ်တန့်နို...