13

429 20 0
                                    

Uni

မင်းထက်မာန် ဝေယံပိုင်အား မျက်မှောင်ကျုံ့ကာ တစ်ချက်ကြည့်လိုက်ပြီး

"မင်းကိုဘယ်သူက ဒီအခန်းထဲဝင်ခိုင်းတာလဲလို့ ငါမေးနေတယ်လေ"

ဝေယံတစ်ယောက် ရုတ်တရက်မို့ကြောင်သွားကာ ဘာဖြေရမှန်းမသိဖြစ်သွားသည်။ပြီးမှ

"ကျွန်တော် ထက်မြတ်ရဲ့အခန်းထင်လို့ မှားဝင်မိသွားတယ်"

ဝေယံဖြေပြီးမှာတော့ ထက်မာန်က ဝေယံရဲ့လက်အား ဆွဲကာ အခန်းအပြင်ဘက်သို့ခေါ်ထုတ်သွားလေသည်။

ထွက်ခဲ့တဲ့အခန်းရဲ့တစ်ခန်းကျော်ရောက်တော့မှ လက်ကိုလွတ်ကာ "ဒါ ထက်မြတ်ရဲ့အခန်းပဲ နောက်တစ်ခါမှားမ ဝင်မိစေနဲ့"

ထက်မာန်ပြောတော့ ဝေယံက
"ဟုတ်ကဲ့ နောက်မမှားစေရပါဘူး"

ထက်မာန်က ဆက်ပြောလေသည် "ပါးစပ်ပါတာက စားဖို့ပဲမဟုတ်ဘူး မသိရင်မေးဖို့လည်းပါတယ်"

"အခန်းမှားဝင်မိတာကို အဲ့လောက်ဖြစ်ဖို့မလိုပါဘူး မဝင်စေချက်ရင်သော့ခတ်ထားပေါ့"

"ဘာ သူများအိမ်မှာနေရင် လူ့ကျင့်ဝတ်နဲ့ညီအောင်နေလေ မစပ်စုနဲ့ အခန်းမှားဝင်နေမှန်းသိရင်ထွက်ခဲ့ပေါ့ လျှောက်ကြည့်မနေနဲ့လေ"

ထက်မာန်ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဝေယံ မျက်ရည်ဝဲလာလေသည်။ဝေယံမျက်ရည်ဝဲတာမြင်တဲ့ ထက်မာန်က

"ယောက်ျားမဟုတ်တဲ့အတိုင်းပဲ မျက်ရည်လွယ်လွန်းတယ် မင်းဒီလောက်လေးနဲ့ မျက်ရည်ကျနေရင် မင်းသေဖို့ပဲကောင်းတယ်"

ထိုစကားကြားတော့ ဝေယံ အံတစ်ချက်ကြိတ်ကာ "ကျွန်တော်မျက်ရည်ကျတယ် ယောက်ျားတစ်ယောက်ဟာ မျက်ရည်မကျရဘူးလို့ ဘယ်သူပြောလဲ လူပဲ ဝမ်းနည်းရင်မျက်ရည်ကျမယ် ဝမ်းနည်းတာတင်မကဘူး ဝမ်းသာရင်တောင်မျက်ရည်ကျတယ် ခင်များဘဝမှာကော မျက်ရည်မကျဘူးလို့ ခင်များပြောနိုင်လား"

ထိုစကားက ထက်မာန်ရဲ့ဒေါသကိုဆွလိုက်သလိုပင်။ ထက်မာန် ဝေယံ၏အင်္ကျီလည်ပင်းစကို ဆောင့်ဆွဲပြီး လက်သီးဖြင့်မျက်နှာအားရွယ်လိုက်လေသည်။
_____________________________________

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now