3

476 28 0
                                    

Uni

ကျတော်လည်းဆယ်တန်းဖြေပြီးတော့လွတ်လပ်နေတာပေါ့
တက္ကသိုလ်မတတ်ရခင်အချိန်ထိ အားတယ်လေ
စားလိုက် လည်လိုက် အိပ်လိုက်နဲ့

မာမီကတော့အေးဆေးနားတဲ့လေ
ဒီနေ့တော့အပြင်ထွက်ပြီလျှောက်လည်ဖို့စိတ်ကူးထားတော့
မနက်မိုးလင်းတာနဲ့
ကိုယ့်ကိုယ်ကိုယ်လန်းနေအောင် ပြင်နေတာ
ခဏနေရင်မိဝတီလာခေါ်မှာဆိုတော့

"မာန် သားလေး"
"ဗျာ "
"ဒီမှာ ပိုက်ဆံ၃သိန်း အပြင်သွားမှာဆိုတော့"
"ဟာ မာမီ့ကိုအဲ့တာကြောင့်ချစ်တာ မွမွ"
"အမလေးအပိုတွေ ပြောစမ်း ဒီလောက်ပြင်နေတာ ဘယ်ကောင်မလေးနဲ့တွေ့မလို့လဲ"
"မဟုတ်ပါဘူး မာမီရယ်"
"ဟုတ်ပါတယ် ကောင်မလေးတွေ့နေပြီမဟုတ်လား"
"ကောင်မလေးမတွေ့ပါဘူးအန်တီရဲ့"
ဟူးတော်သေးတယ် မယ်မင်းကြီးမရောက်လာလိူ့

ပြုံးဖီးကာဝင်လာသော ဝတီ့ကိုမာမီက
"သမီးကသာမရှိဘူး ပြောတာ ဟိုမှာကြည့်အုံး လန်ထွက်နေတာပဲ"
ကျတော့်ကိုလှမ်းပြောနေတဲ့မာမီကြောင့်
"ဟာဗျာ မရှိပါဘူးဆို မာမီကလည်း"ဆိုကာ
ကျတော်ရှက်ရမ်းရမ်းပြီး အောက်ထပ်သို့ပြေးတော့သည်
နောက်မှ မာမီနဲ့ ဝတီ့ရဲ့ ရယ်မောသံတို့က ပျံ့လွှင့်နေဆဲ

ဝတီကို အားကျတယ်ပဲပြောရမလား
သူကပဲတော်နေတာလားမပြောတတ်
သူက ရေကူးတတ်တယ်
ကားဆိုလည်း အကျွမ်း
ထမင်း ဟင်းဆိုလည်း ကောင်းကောင်းချက်တတ်တယ်လေ
ခုတောင်သူ့အဖေရဲ့ လုပ်ငန်းတွေကို လိုက်လေ့လာနေတာတဲ့
သူ့နဲ့လိုက်မဲ့သူ ကျတော်မြင်ဖူးချင်မိတာအမှန်

အမှန်တော့ ကျတော်တို့ထွက်ခဲ့တာ လည်ဖို့မဟုတ်
ဝတီစုံစမ်းပေးထားတဲ့ ဦးသွားတတ်တဲ့ နေရာတွေ လိုက်ချောင်းဖို့ပင်

ခုလည်းဦးအိမ်ရှေ့နဲ့ နည်းနည်းလှမ်းတဲ့နေရာမှာစောင့်နေတာပါ
ထွက်လာပါပြီ ကားအဖြူလေး
ထိုကားနောက်ကမသိမသာလိုက်သွားလိုက်တယ်
ရင်တော့ခုန်တာပေါ့ ဦးများရိပ်မိသွား ဆိုတဲ့စိတ်လေးနဲ့

ဦးရဲ့ကားလေးက ပလာဇာထဲ ဝင်သွားပြီ
ကျတော်တို့လည်းလိုက်ဝင်တာပေါ့
ကျတော်ကားပေါ်ကမဆင်သေးဘဲဦးကားပေါ်ကဆင်းတဲ့အချိန်ထိ
စောင့်နေလိုက်တယ်

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now