6

395 23 0
                                    

Uni

ကျတော် မျက်လုံးပြူးသွားသည်

ဒယ်ဒီနဲ့ မာမီကလည်း
အံ့သြတဲ့မျက်နာနဲ့ပါ

ဦးကဆက်ပြောပါတယ်

"ကျတော်သိပါတယ် မာန်က ငယ်သေးမှန်း ဒါပေမဲ့
ကျတော်က တောင်ကြီးကို
အလုပ်ရွေ့ပြောင်းရမှာမို့ပါ
သူနဲ့လည်း အတူတူနေချင်တာပါတာပေါ့ ဗျာ"

ဒယ်ဒီက ထိုအခါမှ

"မာန်လေးကိုမင်းနဲ့ခေါ်နေတာက ရပေမဲ့
လက်ထပ်ဖို့က ၁၈နှစ်မပြည့်သေးဘူးလေ"

ဦးကလည်းလျော့မဲ့ဟန်မမြင်

"ကျတော်ပြောချင်တာက
သူ့ကိုခေါ်နေတာရပါတယ်
ဒါပေမဲ့ သူuniတတ်ရင်
ကျတော်ဆီကပဲထားချင်တာကြောင့်ပါ
လက်ထပ်ထားမှ အုပ်ထိန်းသူတာဝန်ယူလို့ရမှာမို့ပါ" အောင်စာရင်းတောင်မထွက်သေးတာ ဦးက ကျတော့်အားယုံကြည်လွန်းသည်။

ဒီတစ်ခါတော့မာမီက

"မာန်လေးရဲ့ဆန္ဒကကော သား
လိုက်သွားချင် လား
သားသဘော မာမီတို့ကမငြင်းဘူး
မာမီတို့
အလုပ်တွေမအားလို့
သားတစ်ယောက်တည်းနေရတာထက်စာရင်
သားချစ်သူနဲ့တော့ ပျော်ပျော်နေရမှာပေါ့"

ကျတော်ဘာပြောရမှန်းမသိတော့ဘူး

ထိုအချိန်
ဦးက ကျတော့်လက်ကိုနွေးနွေးထွေးထွေး
ဆုပ်ကိုင်လာကာ
လိုက်ခဲ့ပါဆိုတဲ့မျက်နှာလေးနဲ့ ပြုံးပြနေလေပြီ

"ကျတော် လိုက်သွားချင်တယ် ဒယ်ဒီ"

ဒယ်ဒီ့ကို
မဝံ့မရဲပြောတော့
ဒယ်ဒီက

"သားသေဘာပါ
ပျင်းရင်လည်းပြန်လာပေါ့"

ထို့နောက်ဦးဘက်လှည့်ကာ

"အန်ကယ်တို့သားကို
မှာစရာရှိတာမှာအုံးမယ်"

ဟုဆိုလေသည်

ဦးလဲခေါင်းတစ်ချက်ညိမ့်ကာ

"ကိုယ်အပြင်ကစောင့်နေမယ်"

ပြောပြီးအပြင်ထွက်သွားလေသည်

ဦးသွားသည်နှင့်တစ်ပြိုင်နက်
မာမီကကျတော့်အနားတိုးကာ

"လူလည်လေး
မာမီမသိတာကျနေတာပဲ
တောင်ကြီးနဲ့တာချီလိတ်ဘက်တွေဆီသွားလည်ချင်နေတာမို့လားဟင်"

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now